ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, February 8, 2014

အရိယာများနှင့်မောင်နှမ တော်ခြင်း

အရိယာသူတော်စင်များနှင့် မောင်နှမ တော်စပ်ရသော် ကောင်းလေစွ

အရိယာဖြစ်သောပုဂ္ဂိုလ်ဆိုသည်မှာ မြတ်စွာဘုရား၏ သားရတနာ သမီးရတနာ အစစ်များဖြစ်သည်ဟု
တရားချစ်ခင်သူတော်စင်တို့ သိပြီးဖြစ်ကြမည်။ထို နည်းတူစွာပင် အရိယာဖြစ်သူအချင်းချင်းလည်း
မောင်နှမ တော်စပ်သွားကြတော့သည်။

အနာထပိဏ်သူဋ္ဌေးကြီးတို့  သားအဖများသည်  လောကီနယ်ပယ်အရ သားအဖ များဖြစ်ကြသော်လည်း
လောကုတ္တရာနယ်ပယ် အရမူ မောင်နှမများဖြစ်ကြသည်။အနာထပိဏ် သူဋ္ဌေးကြီးသည် သောတာပန်။
ပထမ သမီးဖြစ်သူ မဟာသုဘဒ္ဒါသည် သောတာပန်။ ဒုတိယ သမီးဖြစ်သူ စူဠသုဘဒ္ဒါသည် သောတာပန်။
တတိယ သမီးဖြစ်သူ သုမန ဒေ၀ီ သည်  သကဒါဂါမ် အရိယာ အသီးသီးဖြစ်ကြသည်။

လောကီနယ်အရ အနာထပိဏ်သူဋ္ဌေးကြီးသည် အဖေဖြစ်ပြီး မဟာသုဘဒ္ဒါ ။စူဠသုဘဒ္ဒါ နှင့်သုမနဒေ၀ီ
တို့ သည် သမီးများဖြစ်ကြသည်။ သို့ သော်အနာထပိဏ်သူဋ္ဌေးနှင့် သမီးဖြစ်သောမဟာသုဘဒ္ဒါ ။စူဠသုဘဒ္ဒါ
တို့  သုံးဦးသည် သောတာပန်များဖြစ်ပြီး အဆင့်တူနေကြ၏။ သုမနဒေ၀ီ  ကမူ သကဒါဂါမ် အရိယာဖြစ်သော
ကြောင့် အဖေဖြစ်သူ  အနာထပိဏ်သူဋ္ဌေးနှင့် အမ များဖြစ်သော မဟာသုဘဒ္ဒါ ။စူဠသုဘဒ္ဒါ တို့ ထက်
အဆင့်အရာ မြင့်သွားသူဖြစ်သည်။အငယ်ဖြစ်သော်လည်း ပညာအရာတွင်သာလွန်သဖြင့် လောကုတ္တရာ
နယ် အရ မြင့်သူ မြတ်သူ ဖြစ်သွားသည်။ ထို့ ကြောင့်လည်း သုမန ဒေ၀ီ စုတိခါနီးအချိန်တွင် အနာထပိဏ်
သူဋ္ဌေးအား  ငါ့မောင်ကလေးဟု ခေါ်သွားခြင်းဖြစ်သည်။

သောတာပန်သည် သကဒါဂါမ်ကိုပင် မိမိထက်မြင့်သူဟု မသိပေ။ထို့ ကြောင့်ကယောင်ကတမ်း မြည်တမ်း
ကွယ်လွန်သည်ဟု ထင်မြင်ကာ ပူပန်မှူဖြစ်ခဲ့ရ၏။အနာထပိဏ်သူဋ္ဌေးကိုမြတ်စွာဘုရားက
 “ဒကာတော်သူဌေးကြီး ..သင့်၏ ငယ် ခြင်းကြောင့် ငါ့မောင်ကလေးလိုခေါ်ဝေါ် ပြောဆိုခြင်းဖြစ်၏။မှန်၏။
ဒကာတော်သူဌေးကြီး သင့်သမီးသုမနဒေ၀ီကမဂ်ဖိုလ်တို့ ဖြင့် သင်သူဌေးကြီးထက်ကြီးပေ၏။သင်ကား
သောတာပန် ပုဂ္ဂိုလ်မျှသာဖြစ်၏။သင့်သမီး ကား သကဒါဂမ် ပုဂ္ဂိုလ်တည်း။သင့်သမီး ဟာ မဂ် ဖိုလ် တို့ ဖြင့်
သင့်ထက်ကြီးသောကြောင့်ငါ့မောင်ကလေး လို့ ခေါ်ဝေါ် ပြောဆိုခြင်းဖြစ်သည်။”

 (အကျယ်ကို  အဖေထက် မြင့်မြတ်သော သမီး  တွင် ဖတ်ရှူနိုင်ပါသည်)
ဟု သမီးဖြစ်သူက အဖေဖြစ်သူထက် ပညာအရာတွင် သာလွန်ကြောင်းထင်ရှားစွာပြဆိုခဲ့မှအနာထပိဏ်
သူဋ္ဌေးလည်း စိတ်ပူပန်မှူကင်းခဲ့ရသည်။

ထို့ ကြောင့်  သောတာပန်သည် အရိယာတို့ တွင် အငယ်ဆုံးဖြစ်သည်။ အနာထပိဏ်သူဋ္ဌေးကြီးသည်
သုမနဒေ၀ီ၏ လောကီနယ်အရ အဖေဖြစ်သော်လည်း လောကုတ္တရာနယ်အရ မောင်လေးဖြစ်သည်။
သုမနဒေ၀ီသည် လောကီနယ်အရ သမီးဖြစ်သော်လည်း လောကုတ္တရာနယ်အရ အမ ဖြစ်သည်။
ခန္ဓာကိုဥာဏ်ဖြင့် ရှူ မြင်ဆင်ခြင်ပြီး သစ္စာ သိခဲ့သူများဖြစ်သည့်အတွက် မောင်နှမ အရင်းအချာများ
ဖြစ်သွားတော့သည်။


ဤမြတ်စွာဘုရားရှင်၏ သာသနာတွင် ကျွတ်တမ်းဝင်ကြသူများဖြစ်သည့်အတွက် ဂေါတမ မြတ်စွာဘုရား၏
သား သမီး အစစ်များဖြစ်ကြသည်။ ရဟန်းဝတ် သီလရှင်ဝတ်သော်လည်း သစ္စာမသိသေးလျှင် အမည်ခံမျှ
သာ ဖြစ်နေဦးမည်။ သီလ သမာဓိ မည်မျှပင် အားကောင်းပါစေ အမည်ခံသာဖြစ်နေသေးသည်။ အစစ်
မမည်ပေ။ ရဟန်းသီလရှင် မ၀တ်သော်လည်း မြတ်စွာဘုရား ဟောညွှန်ထားသည်ကို လိုက်နာကျင့်သုံး
နိုင်ပြီးလျှင် အစစ်ဖြစ်သွားတော့သည်။ မြတ်စွာဘုရား၏ သားများ သမီးများအဖြစ် မောင်နှမ တော်စပ်ကြ
တော့သည်။

သီလနှင့်ပြည့်စုံခြင်းမရှိသလို ၀ိပဿနာ အားထုတ်ခြင်းပင်မရှိပါမူအတုအယောင်များဖြစ်ကြသည်။
အယောင်ဆောင်ထားသော ရဟန်း သီလရှင်များသာဖြစ်သည်။

ရဟန္တာ ဖြစ်အောင် အားထုတ်ပြီးသူသည် အကြီးဆုံးသားသမီးဖြစ်သည်။
အနာဂါမ် ဖြစ်အောင်အားထုတ်ပြီးသူသည် ဒုတိယမြောက် သားသမီးဖြစ်သည်။
သကဒါဂါမ် ဖြစ်အောင် အားထုတ်ပြီးသူသည် တတိယမြောက်သား သမီးဖြစ်သည်။
သောတာပန် ဖြစ်အောင်အားထုတ်ပြီးသူသည် စတုတ္ထမြောက် အငယ်ဆုံးဖြစ်သည်။

ဂေါတမ မြတ်စွာဘုရား၏ သားသမီး ရတနာအစစ်များအဖြစ်ဖြင့် အရိယာများနှင့်မောင်နှမ တော်စပ်
ကြသော် ကောင်းလေစွ တကား။

အရိယာသူတော်စင်များဖြစ်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။



                                             *****တတိယမြောက်သမီးတော်*****

4 comment:

ဇင်မျိုး said...

“ဒကာတော်သူဌေးကြီး ..သင့်၏ ငယ် ခြင်းကြောင့် ငါ့မောင်ကလေးလိုခေါ်ဝေါ် ပြောဆိုခြင်းဖြစ်၏။မှန်၏။
ဒကာတော်သူဌေးကြီး သင့်သမီးသုမနဒေ၀ီကမဂ်ဖိုလ်တို့ ဖြင့် သင်သူဌေးကြီးထက်ကြီးပေ၏။သင်ကား
သောတာပန် ပုဂ္ဂိုလ်မျှသာဖြစ်၏။သင့်သမီး ကား သကဒါဂမ် ပုဂ္ဂိုလ်တည်း။သင့်သမီး ဟာ မဂ် ဖိုလ် တို့ ဖြင့်
သင့်ထက်ကြီးသောကြောင့်ငါ့မောင်ကလေး လို့ ခေါ်ဝေါ် ပြောဆိုခြင်းဖြစ်သည်။”

ဒီစာစုလေး ကြိုက်မိပါတယ်... တော်ရုံဖတ်ရခဲတယ်လေ... ကျေးဇူးသမီးတော်...

3rdthameetaw said...

ကိုဇင်မျိုးရေ လိုင်းတွေ မကောင်းလို့  ခုမှ ဖွင့်လို့ ရတယ်

Anonymous said...

အစ်မေ၇ ကျွန်တော့ထက် ပညာမြင့်မားသူမို့  လေးစားပါတယ် ၊ သို့ ပါသော်လည်း ပညာရှိသတိဖြစ်ခဲ မဖြစ်ရလေ
အောင်တစ်ခုပြောပါရစေ ၊ ဒုတိယမြောက် သားတော်ပင် ဖြစ်စေကာမူ ပုထုစဉ် ရဟန်း အား ရှိခိုးရပါသည် ၊ ပါရာဇိ
က မကျသော ရဟန်းမှန်သမျှသည် အလုံးစုံသော သတ္တ၀ါတို့ ၏ ပူဇော်ခြင်းကို သုတ်သင်နိုင်စွမ်းရှိပါသည် အမတော် ၊ နှစ်၂၅၀၀ ကျော်တိုင်အောင် သာသနာ တော်ကောင်းမွန်စွာ တည်တံ့ရခြင်းမှာ ရဟန်းတော်တို့ ၏ကျေးဇူးကြောင့်ဖြစ်ပါသည်။ ကပ်ကြီး(၃)ပါးအား
ခက်ခဲစွာဖြတ်ကျော်ပြီး သာသနာ့ဝန်ထမ်းခဲ့သောရဟန်းတော်တို့ တွင်များစွာသော ရဟန်းတို့ မှာပုထုစဉ်များ
ဖြစ်ကြပါသည်။(၂၂၇)သွယ်သောဝိနည်းသိက္ခာပုတ်တို့ ကိုရွက်စောင်ထားသောသံဃာတော်တို့ မှာသမာဓိ
မရှိလျှင်နေပါစေ သီလနှင့်ပြည့်စုံလျင်ပင်ဘုရားသားတော် အစစ်ဖြစ်ပါသည် ၊ အနာဂန်အရိယာ၏ ရှိခိုးခြင်းကို
ခံယူတော်မူထိုက်ပါ၏အမတော်။
သံဃာတော်တို့ အားဝေဖန်ရာတွင် အမှား ပါသွားပါက အမတော်တွင်အပြစ်ဖြစ်မည်ကိုစိုး
ရိမ်သဖြင့်သည် comment ကိုရေးရပါသည်၊မှားတာရှိလျင် ခွင့်လွှတ်ပေးပါရန် ရှိခိုးတောင်းပန်အပ်ပါသည်။

ရိုသေစွာဖြင့် ၊
မောင်ငယ်

3rdthameetaw said...

စာတစ်ပုဒ်လုံးမှာ သံဃာတော်များကိုဝေဖန်ထားတာ တစ်ခုမှ မပါခဲ့ပါဘူး မောင်ငယ်
သီလနှင့်ပြည့်စုံလျှင်ပင် ဘုရားသားတော်အစစ်လို့ မောင်ငယ်ဆိုထားတာကိုလည်း
အမက မငြင်းပါဘူးကွယ် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသောဆန္ဒများရှိစေလိုသော
စေတနာဖြင့်သာ စာများရေးသားနေခြင်းဖြစ်ပါတယ်။ သီလ ပြည့်စုံသူ ဖြစ်လင့်ကစား
သေခါနီးမှာ သင်္ဃန်းအားစွဲပြီး သန်းဖြစ်သွားသော တိဿ ရဟန်းစသည်ကိုလည်း
မောင်ငယ်သိကောင်းလိမ့်မယ်ထင်ပါတယ် ။သို့ ကလို အဖြစ်များမဖြစ်ရလေအောင်
သီလ လောက်နဲ့မရောင့်ရဲကြပဲ အရိယာအဖြစ်ကိုတက်လှမ်းရောက်စေလိုခြင်း ဆန္ဒဖြင့်သာ
စာတိုင်း အပုဒ်တိုင်းကိုရေးသားပါတယ် ဘယ်စာပုဒ်မှာမဆို ဖတ်ကြည့်ပါ
သံဃာတော်များကိုစော်ကားထားခြင်း ရေးသားထားခြင်း ပုတ်ခတ်ထားခြင်း လုံးဝ မရှိပါဘူး
ပုထုဇဉ်မှသည် အရိယာ ဖြစ်စေလိုသောဆန္ဒဖြင့် တိုက်တွန်းရေးသားခြင်းများသာရှိသည်ကို
မောင်ငယ်တွေ့ ပါလိမ့်မယ် အပြစ်ဖြစ်မည်ကိုစိုးရိမ်စွာ သတိလာပေးသော မောင်ငယ်၏
စေတနာ အားလည်း အထူးပင်ကျေးဇူးတင်ရပါတယ် နောင်များမှာလည်း အမှားတစ်စုံတစ်ရာ
တွေ့ ရှိခဲ့သော် အားမနာတမ်းဝေဖန်ထောက်ပြပေးဖို့  တောင်းဆိုပါတယ် မောင်ငယ်
စာပေးကျမ်းဂန်များ နှံစပ်သူကို ကိုးကွယ်ဆည်းကပ်ရန် အသင့်ရှိကြောင်းပါကွယ်
လေးစားစွာဖြင့်
တတိယမြောက်သမီးတော်