ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, March 14, 2014

လျောင်းခြင်း ဣရိယာပုတ်ဖြင့် တရားရှူမှတ်ရအောင်

သက်တောင့် သက်သာ နဲ့ ဇိမ်ကျကျ တရားအားထုတ်တဲ့ နည်းလေးပါ။ ပင်ပန်းမှာကြောက်ကြတဲ့သူတွေ
အတွက် လုပ်သင့်တဲ့နည်းလေးတစ်ခုဖြစ်ပါတယ်။
သဲအင်းဂူ ဆရာတော်ဘုရားကြီးဟာ လျောင်းခြင်း ဣ၇ိယာပုတ်နဲ့ တရားရှူ မှတ်ရင်း လေးမဂ် လေးဖိုလ်
ရခဲ့တယ်လို့ မှတ်သားခဲ့ဖူးပါတယ်။သက်တောင့်သက်သာလေး ရှူမှတ်သွားတာပါ။

ထိုင်ခြင်းဣရိယာပုတ်က သမာဓိကို မြန်မြန်ဖြစ်စေတယ်လို့ ယူဆပါတယ်။လျောင်းခြင်းဣရိယာပုတ်က သမာဓိ ရတဲ့အချိန်မှာအိပ်ပျော်သွားကြတာများပါတယ်။  တရားထူးမရလည်း အိပ်ရေးတော့ဝတယ်လို့ 
ပြောရမလိုပါပဲ။သတိလေးအားကောင်းပြီး ၀ီရိယလေးစိုက်ထုတ်ထားရင်တော့ အိပ်မပျော်အောင်ထိန်း
ထားနိုင်မှာပါ။လူတိုင်းကြိုက်တဲ့ နည်းလေးဖြစ်မယ်ထင်ပါတယ်။

လျောင်းခြင်းဣရိယာပုတ်နဲ့ စိတ်ကိုရှူမှတ်ရရင်ပိုကောင်းပါတယ်။
သမီးတော်ကတော့ စိတ်ကိုပဲ ပိုပြီးအားသန်မိပါတယ်။ ဝေဒနာ ဆိုရင် မထင်ရှားတတ်ဘူး။ ရုပ်ဆိုရင်လည်း
ခြောက်ပါးကို အနုစိပ် လိုက်မှတ်နေရမှာ။ စိတ်က မှတ်ရတာ ပိုလွယ်တယ်လို့ ယူဆမိပါတယ်။
သမီးတော်ရဲ့အကြိုက်ပါ။

လျောင်းခြင်းဣရိယာပုတ်ကနေ စိတ်ကိုရှူမှတ်ပါတယ်။ရှူစိတ် ရှိုက်စိတ်ကလေး ဖြစ်ပြီးပျက်တာကို
လိုက်မှတ်ရာကနေ ဥာဏ်စိတ်ကိုပဲ ဆက်ရှူမိတယ်။ ရှေ့က ဥာဏ်စိတ်ကို နောက်က ဥာဏ်စိတ်နဲ့
လိုက်ရှူမှတ်တာပါ အများကြီးလည်းမတွေးတော့ဘူး။အရှူခံကိုလည်း သီးခြား လိုက်မရှာတော့ဘူး။


ဥပမာ သန္တတိ အမတ်ကြီးဆိုရင် အတိတ်ကိုတွေးလိုက် ဥာဏ်နဲ့ရှူချလိုက်နဲ့ လုပ်ရာက မဂ်လေးပါး
ဖိုလ်လေးပါး ပြည့်စုံသွားတာပါ။ပဋာစာရီလည်း တူတူပါပဲ။ မြတ်စွာဘုရားရဲ့ တရားတော်တွေထဲမှာတော့
မှန်ထောင်တရားတော်ဆိုပြီး ဆရာတော်များဟောတာကိုနာကြားမှတ်သားရပါတယ်။စိတ်ကိုမှန်ထောင်
ပြီးကြည့်တာပါ။

စိတ်ထဲမှာဘာရှိသလဲဆိုတာ ဥာဏ်နဲ့ကြည့်တာ ကြည့်လိုက်တဲ့အချိန်မှာ စိတ်ထဲမှာရှိတဲ့အရာက ပျက်သွား
တယ်။ ဥာဏ်စိတ်ပဲရှိတယ်။ စောနက ရှိတာကိုလည်းမြင်ရမယ် ဥာဏ်စိတ်ကလေးအစားထိုးတာလဲ သိရ
မယ်။ စောန က ရှိတဲ့အရာပျက်သွားတာကိုသိရမယ်။ပညာ နဲ့ ရှူတယ်ဆိုတာ အဲ့သလိုလေး ရှူမှတ်တတ်
တာကိုပြောတာပါ။ တွေးတာ တွေးမှန်းပဲသိနေရင် သမထပါ။ တွေးတာကို တွေးမှန်းသိလိုက်တဲ့အချိန်
တွေးစိတ်ကလေးပျက်ပြီး ဥာဏ်စိတ်ပဲဖြစ်ရှိတော့တယ်။။ဒါမှ ၀ိပဿနာ ပါ။ ဥာဏ်စိတ်ကို နောက်ထပ် ဥာဏ်
စိတ်နဲ့ ထပ်ရှူချလိုက်ရင်  ရှေ့ က ဖြစ်တဲ့ ဥာဏ်စိတ်ပျက်ပြီးနောက် လိုက်လာတဲ့ ဥာဏ်စိတ်ပဲ ရှိတယ်။
အဲ့ဒီ ဥာဏ်စိတ်ကိုပဲ နောက်ထပ် ရှုချလိုက်တော့ အဲ့ဒီဥာဏ်စိတ်က ပျက်ပြီးနောက်ထပ်ဥာဏ်စိတ်တခု
ထပ်ဖြစ်လာတယ်။ရှေ့ က ပျက် နောက်က လိုက်ရှူ။ နောက်က လိုက်ရှူတိုင်း ရှေ့ က ပျက်တယ်။
ရှေ့ က စိတ်ကို နောက်က ဥာဏ်စိတ်နဲ့ လိုက်ရှူမှတ်ပေးနေခြင်းဟာဆက်တိုက် ဆက်တိုက် ရှူမှတ်နေမယ်
ဆိုရင် ကိလေသာ ကြားမ၀င်ရင် ၀ိပဿနာ  မဂ်ဥာဏ်ကနေ လောကုတ္တရာ မဂ်ဥာဏ်ကိုရပါတယ်။

လောကုတ္တရာမဂ်ဥာဏ်ကိုမရတာဖြင့် ကိလေသာကြားဝင်နေလို့ ဆိုတာ ကိုယ့်ကိုကိုယ်သိလိုက်ပါ။
သမီးတော်တို့ လည်းကြိုးစားပြီး အားထုတ်ရင်းကနေ ကိလေသာက ကြားဝင်ဝင်နေလို့  ခုထိ
ဒီအဆင့်ကနေ မတက်နိုင်သေးပါဘူး။ သိသိကြီးနဲ့ မိုက်တဲ့ လူမိုက်တွေထဲမှာ သမီးတော်လည်း
အပါအ၀င်ဖြစ်ပါတယ်။ ဒီတော့ သမီးတော်ကတောင် ဒီအဆင့်ရှိသေးတာ တို့ က ခုလောက်က
မတက်တာဘာဆန်းသလဲလို့ တော့ မလုပ်လိုက်ကြပါနဲ့ . ။ကိုယ်လုပ်မှ ကိုယ်ရတာပါ။ သူများလည်း
မလုပ်ဘူး ကိုယ်လည်းမလုပ်ဘူးဆိုရင် အတုခိုးမှားနေတာဖြစ်သွားပါပြီ။ ဘယ်သူလုပ်လုပ် မလုပ်လုပ်
ကိုယ့်အလုပ် ကိုယ်လုပ်ဖို့  အရေးကြီးလှပါတယ်။

သံသရာဆိုတာ အင်မတန် ကြောက်စရာကောင်းလွန်းလို့ ပါ။ ဘယ်အချိန်မှာ ဘယ်လိုဒုက္ခမျိုးကို ခါးစည်း
ခံရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။လွယ်နေတာကို ခက်အောင်လုပ်နေကြလို့  ဒုက္ခတောက မထွက်
နိုင်ကြသေးတာပါ။အေးအေးဆေးဆေးလေးစောင့်ကြည့်ရတဲ့အလုပ်ကလေးကို ကြိုးစားပြီး အားထုတ်ရင်
ဒုက္ခ တွေက လွတ်မယ်မှန်းသိသိကြီးနဲ့  အေးအေးဆေးဆေးစောင့်မကြည့်ပဲ  ပူပူလောင်လောင် နဲ့
ကြောင်တောင်တောင် အလုပ်တွေကို အဟုတ်မှတ်ပြီး ပင်ပန်းဆင်းရဲစွာ လုပ်နေကြတာ စဉ်းစားတတ်ရင်
ကိုယ်ကိုကိုယ်သနားဖို့ ကောင်းတယ်။ ကိုယ့်အဖြစ်ကိုကိုယ် အမှန်အတိုင်းမြင်တတ်ရင် သစ္စာတရားနဲ့  နီး
လာပြီလို့ ပြောလို့ ရမယ်။ အဲ့ဒီသစ္စာတရားကိုရအောင်လုပ်ကြရပါမယ်။ လုပ်ဖြစ်အောင်လုပ်ကြပါလို့ 
လေးလေးနက်နက် တိုက်တွန်းပါတယ်။

သက်တောင့် သက်သာ ဇိမ်ကျကျ  နဲ့  လျောင်းခြင်းဣရိယာပုတ်နဲ့ ဒုက္ခ အပေါင်းက လွတ်ငြိမ်းအောင်
ကြိုးစားပြီးအားထုတ်နိုင်ကြပါစေ



*****တတိယမြောက်သမီးတော်*****

7 comment:

Aunty Tint said...

ရောက်ခဲ့တယ် သမီးတော်ရေ...လျောင်းခြင်းဣရိယာပုတ်နဲ့ စိတ်ကိုရှူမှတ်ရရင်ပိုကောင်းပါတယ်ဆိုပေမယ့် လက်တွေ့မှာ စိတ်ကိုထိန်းဘို့ အခက်ဆုံးရှုနည်းလေးလို့ ထင်မိတယ်။ ဘယ်လိုဖြစ်ဖြစ် ကျင့်ကြံရှုမှတ်နည်း အတွက် ကျေးဇူးတင်ပါတယ်...

မေတ္တာဖြင့်
တီတင့်

3rdthameetaw said...

ခက်တယ်ဆိုတာ မလုပ်ကြည့်သေးလို့ ပါ မတင့်ရယ်
တကယ်သာလုပ်ကြည့်လိုက်ရင် တဖြေးဖြေးနဲ့ လုပ်တတ်လာမယ်
လုပ်ဖြစ်လာမယ်
လုပ်လို့ ရသွားမယ်လေ

စံပယ်ဖြူ said...

သာဓုပါ အမ။ မှတ်သွားပါတယ်။ ကြိုးစားကြည့်ပါမယ်နော်။

3rdthameetaw said...

ယုံကြည်စွာ ကြိုးစားကြည့်လိုက်ပါနော်

Unknown said...

thank you par🌹
Nyima " thameetaw"

3rdthameetaw said...

...... :)

Unknown said...
This comment has been removed by the author.