ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, April 9, 2014

လောက ချမ်းသာ ကျင့်လေးဖြာ

 
လောက လူသားတွေဟာ အရွယ်ရောက်လာတာနဲ့  ရာထူးဂုဏ်သိရ်အာဏာရရှိရေး အတွက် နေ၀င်မိုးချုပ်
အထိတစ်နေကုန် တစ်နေခန်း ကြံစည်လုပ်ကိုင်ရင်း အချိန်ကုန်နေကြရတာများတယ်နော်။ ရရှိလာတဲ့ရာထူး
ဂုဏ်သိရ် စည်းစိမ်အာဏာ ပါဝါဆိုတာတွေကလည်း ဘယ်လောက်ပဲကြီးကျယ်များပြားနေပါစေ တစ်ချိန်ချိန်
မှာ သူက ကိုယ့်ကိုခွဲရင်ခွဲ။ မခွဲရင် ကိုယ်က သူ့ ကိုခွဲရတာချည်းပါပဲ။


ပစ္စည်းနဲ့လူ၊ ထိုနှစ်မူ၊ စွန့် သူစွန့် ခံ ၊အပြန်အလှန်၊သူက နိုင်လား ၊ ကိုယ်နိုင်လား၊ခွဲခြာဝေဖန်သိကြရန်၊
ဆိုတဲ့အတိုင်းပေါ့။စွန့်သွားရမယ့် စွန့်ပစ်ခံရမယ့် အရာဝတ္ထုတွေကို အကြောင်းပြုပြီးတော့ တစ်ယောက်
နဲ့ တစ်ယောက် မခေါ်နိုင်မပြောနိုင် မာန်မာန တွေ တလှိုင်လှိုင်ဖြစ်နေကြတယ်။ တကယ်တော့ အဲ့ဒီ ဥစ္စာ
ဂုဏ်သိရ် ဆိုတာတွေကို ရရှိလာတဲ့အခါမှာပဲဖြစ်ဖြစ်၊ ရှာဖွေစုဆောင်းနေကြတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ လက်ကိုင်
ထားရမှာက မာန်မာန လောဘ ဒေါသ စတဲ့ တရားတွေမဟုတ်ပါဘူး။ဗြဟ္မစိုရ်တရားဖြစ်ပါတယ်။ ဒါကြောင့်
ရှင်တော်မြတ်ဘုရားက မင်္ဂလ သုတ္တန်ကြီးမှာ  "ဗြဟ္မစရိယဉ္စ=မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့  သူမြတ်
ကျင့်ထုံးကျင့်ပါလေ "  လို့  မင်္ဂလာတစ်ရပ် အနေနဲ့  သတ်မှတ်ဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်။

ဗြဟ္မစိုရ်တရားက မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ရယ်လို့  လေးပါးရှိပါတယ်။ အဲ့ဒီလေးပါးကို ကျင့်သုံး
သွားကြရပါမယ်။ သတ္တ၀ါတွေ အားလုံးအပေါ် အစိမ်းအကျက် မရွေးပဲ မေတ္တာ ထားနိုင်ရမယ်။ ဆင်းရဲဒုက္ခ
ရောက်နေတဲ့သူတွေကို သနားကြင်နာတတ်ရမယ်။ပြည့်စုံချမ်းသာတဲ့သူတွေကို ၀မ်းမြောက်ဝမ်းသာဖြစ်
ရမယ်။ လျစ်လျူရှူသင့်တဲ့ပုဂ္ဂိုလ်တွေကျတော့ အပြစ် မမြင်ပဲ ဥပေက္ခာ ထားနိုင်ရမယ်။

ပုဂ္ဂိုလ်အလိုက် ထိုက်သင့်သလို စိတ်ကောင်းစိတ်မြတ်ရွေးပေးနိုင်ခြင်းဟာ ဗြဟ္မစရိယာ  သူမြတ်ကျင့်ထုံးကို
 ကျင့်သုံးနေတာဖြစ်ပါတယ်။လူသားတွေအားလုံးဗြဟ္မာစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီးတော့ ကျင့်
ကြံသွားကြမယ်ဆိုရင် လောကကြီးသိပ်ချမ်းသာမှာပဲ။ ရာသီဥတုလည်းမျှတမယ်။မြတ်သောကျင့်စဉ်တွေ
ဖြစ်တဲအတွက်နိဗ္ဗာန်ကိုဝင်စံနိုင်တဲ့အထောက်အပံလည်းဖြစ်လာနိုင်မယ်။မြတ်သောအကျင့်ကို ကျင့်ကြံသွား
ကြဖို့ လည်း သိန္နိဋ္ဌာန် ခိုင်ခိုင်ချထားသင့်လှပါတယ်။

(ဓမ္မရံသီဆရာတော်၏  လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ  စာအုပ်
မှ ထုတ်နုတ် ဖေါ်ပြခြင်းဖြစ်ပါသည်)

                        *****တတိယမြောက်သမီးတော်*****

0 comment: