ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, April 2, 2014

"တော်" ထည့်ပြီး ပြောပါ

ရှေးတုန်းက ရွာတစ်ရွာမှာ ကျောင်းဒကာ ကျောင်းအမ သမီးတစ်ယောက် မိသားစု ရှိသတဲ့ ။
နေ့စဉ်နဲ့အမျှ ကျောင်းကိုဆွမ်းသွားပို့နေတာက ကျောင်းဒကာဖြစ်ဖြစ် ကျောင်းအမ ဖြစ်ဖြစ်သွားနေကျ.။
တစ်နေ့မှာလူကြီးတွေမအားတာနဲ့သမီးကိုဆွမ်းပို့ခိုင်းသတဲ့ ။ ကလေးမ က ဆွမ်းကပ်ပြီးပြန်ခါနီးမှာ
"ကဲ..အရှင်ဘုရား စားနှင့်တော့ တပည့်တော်လည်း ပြန်ကြွအုံးမယ် "  တဲ့ ။


ဒါနဲ့ နောက်တစ်ရက် ကျောင်းအစ်မ ဆွမ်းလာပို့ တော့ ဘုန်းကြီးက သူ့ သမီး ပြောတာဆိုတာ မဟုတ်ပုံ
ကိုတိုင်တယ်။ အဲ့ဒီမှာ ကျောင်းအစ်မကြီးက" သည်းခံပါဘုရား  ဒီကောင်မလေး မိန့်တော်မူလိုက်ရင်
ဒီအတိုင်းကြီးပဲ"   လို့  ဆိုတော့ ဘုန်းကြီးက ပိုပြီးစိတ်တိုသွားတယ်။

နောက်တစ်ရက် ကျောင်းဒကာ ဆွမ်းလာပို့ တော့ ကျောင်းအမ နဲ့ သူ့သမီး အသုံးမကျပုံကို ပြောရော။
ဘုန်းကြီးစိတ်ဆိုးနေမှန်းသိလို့ တောင်းပန်တဲ့အနေနဲ့   " မှန်လှပါဘုရား ဒီလောက်ရိုင်းတဲ့သားအမိ
နောက်ဆိုရင် အရှင်ဘုရားကျောင်းဝင်းထဲခြေတော်ရာတောင် မချစေရပါဘူးဘုရား"  လို့ 
လျှောက်သတဲ့ ။

ကျောင်းဒကာက အိမ်ပြန်ရောက်တော့ သမီးဖြစ်သူကိုခေါ်ပြီးဆုံးမတယ် ရဟန်းသံဃာတွေနဲ့ စကား
ပြောတဲ့အခါ "တော်" ထဲ့ ပြီးပြောမှပေါ့ လို့ သင်ပေးတယ်။

တစ်နေ့ အိမ်မှာဆွမ်းစားပင့်လို့ ဆွမ်းဘုန်းပေးပြီး အပြန်မှာ သမီးဖြစ်သူလှမ်းနုတ်ဆက်တာက
"ဘုန်းဘုန်းဘုရား ပြန်တော်မူတော့မှာလား ဘုရား"  တဲ့   ကောင်းရော။



(ဓမ္မရံသီဆရာတော်၏  လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ  စာအုပ်
မှ )



                       *****တတိယမြောက်သမီးတော်*****

0 comment: