ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, April 21, 2014

သစ္စာသိမှ ပြုံးသေရ

ဘုရားဟောတဲ့သစ္စာတရားက လေးပါးရှိပါတယ်။ဒုက္ခသစ္စာ။သမုဒယသစ္စာ။နိရောဓသစ္စာ။မဂ္ဂသစ္စာ။

 အဲ့ဒီသစ္စာလေးချက်မှာ တံခေါပဏိဓံ  ဒုက္ခ အရိယသစ္စံ ပရိညာယန္တိမေ ဘိက္ခဝေ-ချစ်သားချစ်သမီးတို့
ဒုက္ခသစ္စာသိအောင်လုပ်   လို့  မြတ်စွာဘုရား ဟောတော်မူပါတယ်။


ဘုရားက ဒုက္ခသစ္စာ သိအောင်လုပ်ရမယ်တဲ့။ဒုက္ခသစ္စာသိအောင်ဘယ်လိုလုပ်ရမှာလဲမေးရင် တရားထိုင်
ရမယ်။ တရားထိုင်တယ်ဆိုတာ ဒုက္ခသစ္စာသိအောင်လုပ်နေတာပါပဲ။ တရားထိုင်နေရင်းနဲ့  ထုံတယ်။
ကျင်တယ်။ ကိုက်တယ် ။ခဲတယ်ဆိုတာ ဒုက္ခဝေဒနာ။ ဖြစ်တာလည်း ဒုက္ခ၊ပျက်တာလည်း ဒုက္ခ၊လို့ မြင်တာ
ဟာ ဒုက္ခသစ္စာကိုမြင်တာပါပဲ။ ဖြစ်ပျက်မြင်အောင်ကြိုးစားရမယ်။


ဖြစ်ပျက်က ဒုက္ခသစ္စာ။အဲ့ဒီဒုက္ခသစ္စာလေးကိုမြင်တဲ့ဥာဏ်က မဂ္ဂသစ္စာ။ ဖြစ်ပျက်မြင်နေရင် တဏှာ မာန
ဒိဋ္ဌိ လောဘ ဒေါသ အကုသိုလ်တွေဖြစ်ခွင့်မရတော့ဘူး။ အဲ့ဒီအကုသိုလ်တွေက သမုဒယ သစ္စာ။ပွားများ
နေတာက မဂ္ဂသစ္စာ။ဖြစ်ပျက်မြင်နေချိန် ရင်ထဲမှာငြိမ်းအေးမှူလေးတွေ ပေါ်ထွက်လာတာက နိရောဓသစ္စာ
ဖြစ်ပါတယ်။

ဒုက္ခသစ္စာက သိရမည့် သစ္စာ။သမုဒယသစ္စာက ပယ်ရမည့်သစ္စာ။မဂ္ဂသစ္စာက ပွားရမည့်သစ္စာ။
နိရောဓသစ္စာက ဆိုက်ရောက်ရမည့်သစ္စာ ဖြစ်ပါတယ်။တရားနာနေတဲ့အချိန် ခန္ဓာဥာဏ်ရောက်အောင်
လုပ်နေတဲ့အချိန် ဖြစ်ပျက်မြင်နေတဲ့အချိန်ဟာ သမုဒယသစ္စာကိုပယ်ထားတယ်။ ဒုက္ခသစ္စာကိုသိအောင်
လုပ်နေတယ်။မဂ္ဂသစ္စာကိုပွားနေတယ်။ငြိမ်းအေးရာနိဗ္ဗာန် နိရောဓသစ္စာကိုဆိုက်ရောက်နေပါတယ်။
ငြိမ်းအေးမှူလေးကိုကိုယ်တိုင် ဥာဏ်နဲ့သိတာဖြစ်ပါတယ်။

သစ္စာလေးပါးကိုတစ်ခုစီလုပ်နေရတာမဟုတ်ပဲ တစ်ချက်တည်းနဲ့အကုန်ပါလာပါတယ်။သစ္စာလေးပါး
အကုန်ပါအောင် ခန္ဓာပေါ်ဥာဏ်ရောက်အောင်လုပ်ရမယ်။  အသေမဦးခင် ဥာဏ်ဦးအောင်လုပ်ရမယ်။
 ဖြစ်ပျက်မြင်အောင်လုပ်နေတာဟာ သစ္စာသိအောင်လုပ်နေတာဖြစ်လို့  အရိယသစ္စာန ဒဿနံ-
လေးပါးသစ္စာ ဥာဏ်မြင်ကြည့်လို့  အမှန်သိအောင် ကြိုးစားလေ ဆိုတဲ့  ဘုရားစကားဘုရားအဆုံးအမ ကို
နားထောင်နေတာဖြစ်ပါတယ်။


ဖြစ်ပျက်မြင် သစ္စာသိပြီး သေရတဲ့အတွက် ပြုံးသေလည်းဖြစ်ပါတယ်။




(ဓမ္မရံသီဆရာတော်၏  လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ  စာအုပ်
မှ ထုတ်နုတ် ဖေါ်ပြခြင်းဖြစ်ပါသည်)

      

                 *****တတိယမြောက်သမီးတော်*****

0 comment: