ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, May 6, 2014

စောင့်လေမျိုးနွယ်




ရှေးတုန်းက ပညာရေးက ဘုန်းတော်ကြီးကျောင်းသင်စနစ်ဆိုတော့ ယဉ်ကျေးလိမ်မာဖို့အတွက်
စိတ်ချရပြီးသားပဲ။
ဘုန်းကြီးကျောင်းထွက်ဆိုရင် လောကကြီးမှာ အဆင်ပြေပြေနဲ့ ပြောဆိုဆက်ဆံတတ်ပြီးသားပါ။
အခုခေတ်တော့ အဲ့ဒီလိုချေချေငံငံ ပြေပြေပြစ်ပြစ် မလုပ်တတ်ကြဘူး။ လောကီပညာတွေဘွဲ့ ရအောင်
တတ်ပေမယ့် လူမှူဆက်ဆံရေးပညာ သိပ်ညံ့နေတယ်။ ဒါကြောင့်လည်းလောကကြီးပွားတိုးတက်ရေးမှာ
အောင်မြင်သင့်သလောက်မအောင်မြင်ကြတာပဲ။

" တို့မြေဌါနီ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း စံရာကျောင်းမှာ၊ ငြိမ့်ညောင်းသာယာ၊ မိန့်အာဏာကို ရပ်ရွာလူများ ၊လွန်လေးစားခဲ့။
              ခုကာလ၀ယ်၊ နုနယ်ပွားစီး၊ သားသမီးတို့ ၊ဘုန်းကြီးကျောင်းတွင်၊စာမသင်ခဲ့ ၊ မိခင်မြန်မာ၊
တို့မွေစာကို၊များစွာလေးစား၊မသင်ကြားပဲ၊ တခြားရပ်ဝေး၊စာမထွေးကို အလေးတမူ၊အရေးယူ၍၊
ကြည်ဖြူခဲ့ရာ၊နှစ်ပေါင်းကြာသော်၊မြန်မာပြည်သား၊တိုင်းရင်းဖွားတို့ ၊ ဘုရားကိုစွန့်၊ တရားစွန့်၍၊
စွန့်လိမ့်မှန်စွာ၊မြတ်သံဃာသည်၊ ရှောင်ခွာ သာသနာ ကွယ်ကြောင်းတည်း။"

ဆိုတဲ့ ကဗျာလေးထဲကအတိုင်း တန်ဖိုးမထားတတ်တော့ဘူး။ အမျိုးဂုဏ်၊ဘာသာ၊သာသနာရဲ့ ဂုဏ်ကို
လည်း ထိန်းသိမ်း စောင့်ရှောက်ရကောင်းမှန်း မသိကြတော့ဘူး။ဘာသာ သာသနာကို မလေးစားရင်
မြန်မာ့ယဉ်ကျေးမှူအမွေအနှစ် ကိုယ်ကျင့်တရားဆိုတာလည်း တဖြေးဖြေး ပျောက်ကွယ်သွားမှာပဲ။
မြန်မာ့ယဉ်ကျေးမှူ ဆိုတာက ဗုဒ္ဓမြတ်စွာသာသနာတော်မှာ အခြေခံထားရတာမို့  ဘာသာ သာသနာ
လေးစားမှူ လျှော့နည်းလေ ယဉ်ကျေးတဲ့ ကိုယ်ကျင့်တရား မှေးမှိန်လေဖြစ်ပြီး လောကကြီးထဲမှာ
နေရထိုင်ရတာ ကြောက်စရာကောင်းလာတော့မယ်။

"ပေးဝေနှီးရင်း" ဆိုတဲ့ မိဘ၀တ္တရားကိုလည်း ကျေပွန်ရမယ်။ သားသမီးတွေကြီးပြင်းလို့  သူ့ လက်သူ့ခြေ
ရပ်တည်နိုင်ပြီဆိုရင် ဥစ္စာရင်းနှီး ထုတ်ပေးရမယ်။ ပညာ အရင်းအနှီးလည်း အရင်းအနှီးပါပဲ။ ထိမ်းမြားခြင်း
ဝတ္တရားကတော့ မိဘတိုင်းလုပ်ဆောင်ပေးကြတာမို့  အကျယ်ပြောစရာမလိုတော့ပါဘူး။

သားသမီးတွေမှာ  "စောင့်လေမျိုးနွယ်" ဆိုတဲ့ကျင့်ဝတ်ကလည်း အရေးကြီးပြန်ပါတယ်။ အမျိုးဂုဏ်
ဘာသာဂုဏ် သာသနာ ဂုဏ် စောင့်ထိန်းရမယ်။ မိဘ မျိုးရိုးစဉ်လာ လှူမှူတန်းမှူ ဓလေ့ထုံးစံတွေ
ထိန်းသိမ်းဆောင်ရွက်မှ  "ဘယ်သူ့ သား ဘယ်သူ့ သမီး " လို့  မိဘတွေရဲ့ နာမည် ဂုဏ်သတင်းကို
မညှိုးမှိန်အောင်လုပ်ရာရောက်ပါတယ်။

ကိုယ့်ဘာသာ ကိုယ့်မျိုးရိုး မိဘ အစဉ်အလာကို စောင့်ထိန်းတယ်ဆိုတာ တခြားဘာသာကို အပြစ်ပြောဖို့ 
သူတို့ ကောင်းကွက်တွေကို လျစ်လျူရှူဖို့ မဟုတ်ဘူးနော်။ကောင်းတာ ကိုယ့် အကျိုး ရှိတာကို အတုယူ
သင့်ရင် ယူရမှာပဲ။အစ္စလာမ်တွေဆိုရင် မျိုးနွယ်ကိုစောင့်ရှောက်တဲ့နေရာမှာ "၇၈၆" လို့ ရေးထားတဲ့
ဆိုင်မှာပဲဝယ်သတဲ့ ။ တို့တစ်တွေလည်း ဘုရားဂုဏ်တော်  ၉ ပါး။တရားဂုဏ်တော် ၆ ပါး။သံဃာ့ဂုဏ်
တော် ၉ ပါးကိုသင်္ကေတယူပြီး "၉၆၉" လို့ ဖြစ်ဖြစ်။ဗုဒ္ဓံ ဓမ္မံ သံဃံ လို့ ဖြစ်ဖြစ် ရေးထားရင်ကောင်းမယ်။
ကိုယ့်အမျိုးအနွယ်ဆိုင်ကို အားပေးလို့ ရတယ်လေ။

 နောက်တစ်ခု က သူတို့ ဘာသာမှာ စီးပွားရှာလို့ ငွေတစ်ရာ ရလာရင် တစ်ကျပ်သာသနာပြုဖို့ လှူရသတဲ့ ။
တို့တစ်တွေလည်း အဲ့ဒီလိုစည်းကမ်းထားရင်ကောင်းမယ်။လှူတဲ့နေရာမှာတော့ တို့ တစ်တွေက ပြောစရာ
မလိုအောင် စေတနာ သဒ္ဓါတရား ထက်သန်ပြီးသားပါ။ ၀ယ်တဲ့ခြမ်းတဲ့ နေရာမှာသာ စည်းကမ်းရှိဖို့ 
လိုနေတယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ထိန်းသိမ်းတဲ့  နေရာမှာ ကောင်းတာဆိုရင် အတုယူ
သင့်ပါတယ်။

မိဘ က ကြွေးသစ်ချပြီးတော့ အတတ်ပညာ သင်ပေးတဲ့ နေရာမှာ အဲ့ဒီလို အသိဥာဏ်လေးတွေလည်း
မျှဝေပေးရမယ်။ အထူးသဖြင့် အိမ်ထောင်ပြုတဲ့အခါ စည်းကမ်းရှိပါ။ မျိုးနွယ်စောင့်ထိန်းပါ။ ဒီလိုမှ
မဟုတ်ရင် ဘိုးဘွားမိဘ အစဉ်အဆက် ကိုးကွယ်စောင့်ထိန်းလာခဲ့တဲ့  ဘာသာတရားနဲ့ အမျိုးအနွယ်
ဆိုတာ ခဏ ခြင်းနဲ့ ပျောက်ကွယ်သွားလိမ့်မယ်။ ကိုယ့်ဘာသာတရား  ကိုယ့်လူမျိုး အနှိမ်ခံရ အစော်ကား
ခံရတဲ့  အဖြစ်မျိုး မရောက်အောင် စောင့်ထိန်းကာကွယ်သွားဖို့  မိဘတိုင်း သားသမီး တိုင်းရဲ့ တာဝန်လို့ 
နားလည်ပါ။




 (ဓမ္မရံသီဆရာတော်၏  လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ  စာအုပ်
မှ ထုတ်နုတ် ဖေါ်ပြခြင်းဖြစ်ပါသည်)


                           *****တတိယမြောက်သမီးတော်*****

1 comment:

စံပယ်ချို said...

သမီးတော်ရေ
မဂျက် ရောက်နေပါတယ် အသိတိုးစရာလေးတွေ ဖတ်ရင်းးးးးးးးးးးးးးးးးး