ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, May 9, 2014

ရခဲတဲ့ ဒုလ္လဘတရား သုံးပါး



ဒါန မင်္ဂလာကြီး အောင်မြင်ဖို့ ကလည်း ကြုံရခဲတဲ့  ကိစ္စပါ။ "ပစ္စည်း သဒ္ဓါ၊သာသနာ သုံးဖြာဒုလ္လဘ၊စုံခဲစွ။ "
လို့   ဆရာတော်ကြီးများက ဆုံးမတော်မူပါတယ်။လှူချင်တန်းချင်တဲ့စိတ်တွေ ဘယ်လောက်ပဲ ထက်သန်
နေပါစေ။လှူစရာပစ္စည်းရှိနေမှလည်း အလှူတစ်ခု ထမြောက်ပါတယ်။ တချို့ လူတွေ သိတ်စေတနာထက်
သန်ကြပေမယ့် ဥစ္စာစီးပွား လက္ခဏာ ရှားပါး ဆင်းရဲရှာကြတော့ အလှူတစ်ခု အောင်မြင်အောင်မလုပ်
နိုင်ကြဘူး။ သူများတွေ သိန်းနဲ့သောင်းနဲ့ချီ လှူနေတယ်ကြားရင် သူလည်း လှူချင်တဲ့စိတ်တွေတဖွားဖွား
ပေါ်နေတယ်။ ဒါပေမယ့် လှူစရာပစ္စည်းက ကိုယ့်လက်ထဲမှာမရှိရင် မလှူနိုင်ဘူး။ လှူစရာပစ္စည်းရှိနေခြင်း
ကလည်း အရေးကြီးတယ်။

 သဒ္ဓါတရားထက်သန်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ လည်းလိုတယ်။  ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ လှူစရာ ဥစ္စာ
ပစ္စည်း ဘယ်လောက်ပဲ ပေါများ ပေါများ  သဒ္ဓါတရားမရှိရင် မလှူဖြစ်ဘူး။မလှူချင်ဘူး။ ဥစ္စာ စီးပွား ချမ်း
သာပေမယ့် စေတနာ သဒ္ဓါတရားထက်သန်နေဖို့ ကလည်း လိုသေးတာပဲ။ သဒ္ဓါတရားမထက်သန်ရင်
လည်း အလှူက မအောင်မြင်ဘူး။

 ပစ္စည်းလည်းရှိတယ်။သဒ္ဓါတရားလည်းရှိလို့  လှူချင်တန်းချင် စိတ်တွေ ပေါ်ပေါက်နေပါတယ်။ ဒါပေမယ့်
သာသနာတော် မထွန်းကားတဲ့အရပ်မှာ လူဖြစ်နေရင် ဘယ်လိုလုပ် အလှူခံ ပုဂ္ဂိုလ်ကောင်းနဲ့  တွေ့ နိုင်မှာ
တဲ့ လဲ။နိုင်ငံခြားမှာသွားနေလို့  ကိုယ်နေတဲ့နေရာမှာ ရဟန်းသံဃာတော်တွေ မရှိခဲ့ရင် လှူလို့ ရပါဦးမလား။

သာသနာတော်တွင်းမှာရှိတဲ့  အလှူခံပုဂ္ဂိုလ်မှသာ သီလ သမာဓိ ပညာ အဆင့်မြင့်ပြီးတော့ အလှူအကျိုး
ပေးထက်သန်အောင် လုပ်ပေးနိုင်ပါတယ်။ သာသနာပ မှာ ဘယ်လောက် သီလစင်ကြယ်ပါတယ် ဆိုဆို
 ဖြစ်ပျက်မဂ် ကိုက်လို့  သစ္စာလေးပါး သိမြင်တဲ့ ပုဂ္ဂိုလ်တော့ မရှိပါဘူး။ အဆင့်မြင့်အလှူခံပုဂ္ဂိုလ်ကို
သာသနာတော်တွင်းမှာသာ တွေ့ နိုင်တဲ့အတွက် သာသနာတော်ကြီးနဲ့ ကြုံကြိုက်မှ ဒါန မင်္ဂလာ အောင်မြင်
စွာ ဆောင်ရွက်နိုင်ပါတယ်။ ပစ္စည်းရော သဒ္ဓါတရားရော သာသနာတော်ရော  အားလုံးသော ရခဲကြုံခဲတဲ့ 
ဒုလ္လဘ တရားကြီးတွေ ပါပဲ။



 (ဓမ္မရံသီဆရာတော်၏  လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ  စာအုပ်
မှ ထုတ်နုတ် ဖေါ်ပြခြင်းဖြစ်ပါသည်)


                           *****တတိယမြောက်သမီးတော်*****

1 comment:

Anonymous said...

I want to to thank you for this great read!! I absolutely enjoyed every bit of it.
I've got you bookmarked to check out new things you post…

Here is my web-site - clash of clans hack ipad