စံပျော်တော်မူစဉ် သာဝတ္ထိမြို့ထဲက သူဋ္ဌေးသားတစ်ယောက်ဟာ ကျောင်းတော်ကို ရောက်လာပြီး မြတ်စွာ
ဘုရား ဟောကြားတဲ့တရားတော်တွေကိုနာကြားတယ်။ တရားနာပြီးတဲ့အခါမှာ သင်္ဃန်းဝတ်ချင်စိတ်
ပေါက်လာပါတယ်။
ဒါနဲ့အိမ်ပြန်ရောက်တော့ မိဘတွေဆီမှာ သင်္ဃန်းဝတ်ခွင့်တောင်းတယ်။မိဘတွေကလည်း ဒီသားလေးတစ်
ယောက်ပဲရှိတာမို့  ခွင့်မပြုကြဘူး။ သူတို့က အိုမင်းမစွမ်းဖြစ်နေတော့ ဒီသားလေးတစ်ယောက်ကိုပဲ အား
ကိုးနေရတာကိုး။ ဒါပေမယ့် သားဖြစ်သူက တားမရဘူး။ " ငါကောင်းတာလုပ်တာပဲ " ဆိုပြီး ဇွတ်ထွက်သွား
တယ်။ မိဘတွေမှာ မျက်ရည်နဲ့ မျက်ခွက် ကျန်ခဲ့ကြတာပေါ့။
အဲ့ဒီသူဋ္ဌေးသားက သင်္ဃန်းဝတ်ပြီးတော့ ဘုရားထံမှာ ကမ္မဋ္ဌာန်း ဥပနိဿယ တောင်းပြီး တောထဲမှာ တရား
သွားကျင့်လိုက်တာ ၁၂ နှစ်တောင်ကြာသွားတယ်။ ကျန်ရစ်တဲ့မိအိုဖအိုတွေမှာတော့ သားစိတ်က တစ်မျိုး
ကူဖော်လောင်ဖက် မရှိတာက တစ်မျိုးနဲ့ စီးပွားရေးက တရိပ်ရိပ် ကျလာလိုက်တာ အိမ်ကိုပါရောင်းပစ်လိုက်
ရတဲ့ အခြေအနေ ရောက်သွားတယ်။ နောက်တော့ သူများအိမ်ဘေးမှာ အဖီကလေးနဲ့နေပြီး တောင်းစားရ
တဲ့ အထိဖြစ်သွားရှာသတဲ့။
တောထဲမှာ ၁၂ နှစ်ကြာတော့ သူနေတဲ့ တောကျောင်းလေးကို သာဝတ္ထိ က အာဂန္တု ရဟန်းတော်တစ်ပါး
ရောက်လာသတဲ့။ အဲ့ဒီ ရဟန်းနဲ့ စကားစမြည်ပြောကြရင်းနဲ့  သူ့ မိဘတွေရဲ့အဖြစ်ကိုသိသွားတယ်။
" ၁၂ နှစ်လုံးလုံးတရားအားထုတ်တာတောင် တရားမရမယ့် အတူတူ လူထွက်ပြီးတော့မိဘတွေ လုပ်ကျွေး
တော့မယ် " ဆိုပြီး သာဝတ္ထိကို လိုက်လာခဲ့သတဲ့ ။
မြို့ထဲကိုရောက်တော့ " လူမထွက်ခင် ဘုရားဆီ ၀င်ပါဦးမယ်လေ" ဆိုပြီး ဘုရားထံဝင်သွားတယ်။ ဘုရား
မြတ်စွာက " မိဘ ကိုလုပ်ကျွေးတာများ သင်္ဃန်းဝတ်နဲ့လည်း လုပ်ကျွေးနိုင်တယ်ကွဲ့ " လို့  မိန့် တော်မူ
လိုက်တော့ အားရ၀မ်းသာဖြစ်ပြီး မိအိုဖအိုတွေကို လိုက်ရှာဆွမ်းခံပြီးတော့ ကျွေးတော့တာပဲ။
ဆွမ်းခံပြန်လာတာနဲ့ မိဘကို အရင်ကျွေးတယ်။မိဘတွေ ၀ ပြီဆိုတော့မှ ကျန်တာလေးစားလိုက်တယ်။
မကျန်တဲ့အခါကျတော့လည်း ဒီအတိုင်းရေသောက်နေလိုက်တာပဲ။ အ၀တ်စလေးရလာရင် မိဘတွေကို
ချုပ်ပေးလိုက်တယ်။ ကြာတော့ ကိုယ်တော်လေးဟာ သင်္ဃန်းတွေလည်းစုတ်ပြတ်ဟောင်းနွမ်း ခန္ဓာကိုယ်
လည်းပိန်းချုံးလာတာပေါ့။
တခြားရဟန်းတွေက ကိုယ်တော်လေးကိုမြင်တော့ " ဘယ်လိုဖြစ်တာလဲ ပိန်လှချဉ်လား " လို့ မေးကြတယ်
ကိုယ်တော်လေးကလည်း အမှန်အတိုင်း ပြောပြလိုက်တာပေါ့ ။အဲ့ဒီမှာ ရဟန်းတော်တွေက "လူတွေ
သဒ္ဓါတရား နဲ့ လှူတဲ့ပစ္စည်းကို မိဘပေးသတဲ့။ အလှူရှင် သဒ္ဓါဖျက်ဆီးနေတာပဲ " ဆိုပြီး ဘုရားကို တိုင်
ကြတယ်။ဘုရားမြတ်စွာက ကိုယ်တော်လေးကိုမေးမြန်း စိစစ်တော်မူပြီး မိဘကို လုပ်ကျွေးတာ ဖြစ်တဲ့
အတွက် သာဓု သုံးကြိမ်ခေါ်တော်မူပါသတဲ့။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက " ငါဘုရားလည်း နုစဉ်အခါက မိဘ ကိုလုပ်ကျွေးခဲ့တာပဲကွဲ့ " ဆိုပြီး
သုဝဏ္ဏသာမ ဇာတ်တော်ကိုပြန်ပြောင်း ဟောပြတော်မူပါတယ်။ အဲ့ဒီမှာ ရဟန်းတော်လေးဟာ အားရ
ဝမ်းသာဖြစ်သွားပြီးတော့ တရားအလုပ် ကြိုးစားအားထုတ်လိုက်တဲ့အခါ သောတာပန်တည်သွားပါသတဲ့။
မိဘတွေကိုပြန်ပြီး တရားဟောတဲ့အခါမှာလည်း မိဘ နှစ်ပါးလုံး သောတာပန် တည်ကြပါသတဲ့။
ရဟန်းတော်လေးဟာ သူ့ သဘောနဲ့သူ တောထဲမှာ ၁၂ နှစ်လုံး တရားအားထုတ်စဉ်က တရားထူးမရပဲနဲ့ 
မိဘကို ဆွမ်းခံကျွေးပြီးတဲ့နောက်မှာ တရားထူးရခဲ့တာနော်။ မိဘတွေကို အစားအ၀တ် ပေးပြီး ကျေးဇူးဆပ်
ရုံတင် မကပဲ တရားနဲ့လည်း ကျေးဇူးဆပ်ခဲ့တဲ့  ရဟန်းတော်လေးမို့ ကြည်ညိုစရာ အားကျအတုယူစရာ
ကောင်းလိုက်တာနော်။
ငယ်စဉ်တောင်ကျေး ကလေးဘ၀ က စလို့ ပြုစုလုပ်ကျွေးမွေးခဲ့တဲ့  ကျေးဇူးရှင် မိဘတွေကို သားသမီး
တွေက ကျေးဇူးတုန့်ပြန်ဆပ်ရမယ့် တာဝန်ရှိပါတယ်။ ယုတ်မာတဲ့စိတ်ဓါတ်ရှိရင် ကျေးဇူးမဆပ်နိုင်ပါဘူး။
သူတော်ကောင်းစိတ်ဓါတ်ရှိမှသာ တရားနဲ့အညီ ကျေးဇူးဆပ်နိုင်ပါတယ်။ဒါကြောင့်  " သူတော်ကောင်း
ဓါတ်၊ ကျေးဇူးဆပ် " လို့ ပြောလိုက်တာပါ။
သူတော်ကောင်းဓါတ်ခံရှိမှ မိဘကျေးဇူးဆပ်နိုင်ပါတယ်။ သူတော်ကောင်းဓါတ်ခံရှိပြီး မိဘကိုကျေးဇူးဆပ်တဲ့
သားသမီးဟာ ဘယ်တော့မှ မဆင်းရဲဘူး လို့ ဆုံးဖြတ်ချက်ချထားပါ။ မိဘကိုကျေးဇူးဆပ်ခြင်းသည်
မာတာပိတု ဥပဋ္ဌာနံ မင်္ဂလာတရားတော်ကြီးနဲ့  ညီညွတ်ပါတယ်။ အဲ့ဒီ မင်္ဂလာတရားတော်ကြီးကို
လက်တွေ့ အသုံးချ ကြိုးစားအားထုတ်ကြပါစို့ ။
(ဓမ္မရံသီဆရာတော်၏ လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ စာအုပ်
မှ ထုတ်နုတ် ဖေါ်ပြခြင်းဖြစ်ပါသည်)
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment