ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, July 3, 2014

သမ္ဖပ္ပလာပ ကံကို ကျူးလွန်သော ဂါမဏိ ၀တ္ထု



လွန်လေပြီးသောအခါက မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်ဝေဠုဝန် ကျောင်းတော်`

၌နေတော်မူ၏။ကချေသည်တစ်ထောင်တို့၏ အကြီးအမှူး ဂါမဏိသည် ပစ္ဆိမဘ၀ိကသားဖြစ်၍ 

ရင့်ကျက်သော ဥာဏ်ရှိသည် အဖြစ်ကြောင့် အခြံအရံနှင့်အတူ မြတ်ဗုဒ္ဓထံသို့ ချဉ်းကပ်ပြီးလျှင်-

 

“ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ကချေသည်တို့ သည် ပွဲသဘင်၏ အလယ်`၌

 မှန်သောအမှူ ။ချွတ်ယွင်းသောအမှူဖြင့် ပွဲသဘင်ရှူသူ လူအပေါင်းကို ရွှင်ပျဝမ်းမြောက်စေ

လျက် နှစ်သက်မွေ့ လျော် ပျော်ပါးစေ၏။ ထိုကချေသည်သည် သေသည်မှ နောက်`၌ ပဟာသ 

အမည်ရှိသော နတ်သမီးတို့ ၏ အပေါင်းအဖော် အဖြစ်သို့  ရောက်၏ဟု ရှေးအဆက်

ဆက်ဖြစ်ကုန်သောကချေသည် ဆရာတို့ထံမှ ဤ စကားကိုကြားဖူးခဲ့ပါသည်။ ဤအရာဝယ်

 မြတ်ဗုဒ္ဓသည် အဘယ်အယူတော် ရှိပါသနည်း ”ဟု  မေးလျှောက်၏။

 

ဗုဒ္ဓမြတ်စွာလည်း “ ဂါမဏိ- သင်သည် ဤစကားကို ငါ့အား မမေးလင့် “ ဟု သုံးကြိမ်တိုင်အောင်

ပယ်တော်မူ၏။ ဂါမဏိ သည် သုံးကြိမ်တိုင်အောင် ထပ်မံလျှောက်ထား၏။ ဗုဒ္ဓမြတ်စွာဘုရားလည်း

“ သင့်ကို ငါးအား  မမေး မလျှောက်နှင့်ဟု ပယ်တော်မူပါလျှက် သုံးကြိမ်တိုင်အောင်ထပ်၍ ပင်မေး

သည် ဖြစ်သောကြောင့် သင့်အား ငါပြောကြားအံ့။

 

ဂါမဏိ လွန်လေပြီးသောအခါက သတ္တ၀ါတို့ သည်မကင်းသော ရာဂ  ဒေါသ မောဟ ရှိကုန်၏။

ယင်းတို့်ဖြင့် နှောင်ဖွဲ့ကုန်၏။ ကချေသည်သည်  ထိုသတ္တ၀ါတို့အလယ်သို့  ၀င်၍ ထိုသတ္တ၀ါတို့အား

လွန်စွာနှစ်သက်ခြင်း။အမျက်ထွက်ခြင်း။မိုက်မဲတွေဝေခြင်းငှါ တပ်နှစ်သက်စေတတ်သော အာရုံ။

မိုက်မဲတွေဝေစေတတ်သော အာရုံတို့ကို အနီးသို့ဆောင်၏။ ထိုကချေသည်သည် မိမိလည်း

မေ့ လျော့ လွန်စွာမေ့လျော့လျှက် သူတစ်ပါးတို့ကိုလည်း မေ့လျော့ လွန်စွာမေ့လျော့စေတတ်သော

ကြောင့် သေသည်မှ နောက်`၌ ပဟာသ အမည်ရှိသော ငရဲ`၌ ဖြစ်ရ၏။ ”   ဟု ဟောတော်မူ၏။

 

ပဟာသ ငရဲ ဟူသည် အသီးအခြား မရှိပေ။ စင်စစ်သော်ကား အ၀ီစိငရဲ၏ သာလျှင် တစ်ခုသော

အဖို့ `၌ ကကုန်  သီကုန် သကဲ့သို့  ကချေသည် အသွင်ကိုယူ၍သာ ကျက်ရကုန်၏။ ထိုကျက်ရာအရပ်

ကိုသာ ပဟာသ ငရဲ ဟု ဟောတော်မူ၏။

(သံယုတ်  အဋ္ဌကထာ)

 

                             *****တတိယမြောက်သမီးတော်*****

0 comment: