သတ်တော့မယ်။ ဒါကြောင့် မီး ဆိုတဲ့နေရာမှာ စာလိုပြောတော့ တေဇောဓါတ်ပေါ့။ အဲ့ဒီ တေဇော ဆိုတဲ့
မီးကလည်း နှစ်မျိုးရှိတယ်။
ဘာလဲလို့ မေးရင် ဥဏှ တေဇော နဲ့  သီတ တေဇော။
ဥဏှ တေဇော ဆိုတာက အပူမီး။ သီတ တေဇော ဆိုတာက အအေးမီး။
ဒီမီး နှစ်ပါးက ဘာလုပ်ပေးလဲမေးရင်
အပူမီးက အိုအောင် လောင်တယ်။
အအေးမီးက သေအောင်သတ်တယ်။
အခု ယောဂီ တို့ ကိုယ့်ခန္ဓာ ကိုယ်ကို စမ်းကြည့်လိုက် ရှိန်းရှိန်းသုတ်သုတ် နွေးနွေး လေးဖြစ်နေတာ။
အဲ့ဒါ အပူမီးလောင်နေတာ။ တဖြေးဖြေးနဲ့ ယောဂီတို့  ဘုန်းကြီးတို့ ခန္ဓာကိုယ်က နုရာကနေ ရင့်လာတယ်။
ကြည့်ပါလား...... ယောဂီတို့  စိမ်းစိုနေတဲ့ သစ်ရွက်ကလေးကို ခူးပြီး ဖယောင်းတိုင်မီး စသည်ဖြင့် မီးလေး
နဲ့ အုံကြည့်လိုက်တော့ ဒီစိမ်းစို လန်းဆန်းနေတဲ့ သစ်ရွက်ကလေးက တဖြေးဖြေး နဲ့ ညှိုးလာတယ် ။
ပြီးတော့ ခြောက်လာတယ်။
အဲ့ဒီတော့ လန်းဆန်းဖျတ်လတ်နေတဲ့ ဒီသစ်ရွက်ကလေးဟာ ရော်လာတယ်။ ညှိုးလာတယ် ။
ခြောက်လာတယ် ဆိုတာ မီးနဲ့တွေ့ လို့ ။
ဒါကြောင့် ယောဂီတို့  ဘုန်းကြီးတို့ ရဲ့ အသားအရည် ဟာလည်း လတ်လတ်ဆတ်ဆတ် ဖျတ်ဖျတ်
လတ်လတ် မာမာကြောကြော မရှိတော့ဘူး။ တဖြေးဖြေးနဲ့လျော့တိလျော့ရဲတွေဖြစ်လာပြီ။ မျက်စိမှူန်
နားထိုင်း ခါးကိုင်းလို့ သွားကြေ ပါးရေ နားရေ တွန့် လာပြီ အဲ့ဒါ အတွင်းမီးရဲ့ လက်ချက်ဗျ။
အဲ့ဒီ အပူမီးကိုဇရာမီးလို့  ခေါ်တယ်။
ဒါဖြင့် ဇရာမီးက တစ်ခါတည်းလောင်တာလား။ နေ့တိုင်းလောင်တာလား ဆိုတော့ နေ့တိုင်းလောင်တာ။
"
ဆံကေသာထုံးနှောင်၊ပိတုန်းရောင် အသွေး။
ဇရာဝင်ပျက်ရှာကြတယ်။
နက်ရာက ဖွေး။
ဓါတ်ကြီးလေးပါးက
ဖေါက်ပြန်ပြီး ယောဂီတို့ ဘုန်းကြီးတို့ ကို
မအို အိုအောင်
မနာ
နာအောင် မသေ သေအောင် နှိပ်စက်လိုက်တာ ဆံပင်တွေလည်း နက်ရာက ဖွေးလာတယ်။
ကြာဇံထုပ်ကြီးတင်ထားရသလိုပဲ။ဇရာရဲ
့လက်ချက်နော်။ပူပူနွေးနွေး အေးအေးလေးတွေတွေ့ လား။
အဲ့ဒါ
ဘာလုပ်ခံနေရတာလဲ မေးတော့ အလောင်ခံနေရတာ။
ဇရာမီးက
လောင်ထားလို့  ကြည့်ပါလား
“
ရွှင်းလက်ကယ် ကြယ်စင၊် ငယ်စဉ်က မျက်စိ
ဇရာဝင်
ပျက်ရှာကြတယ်၊ အပ်ပေါက်ချော်ထိ။ ” တဲ့ 
ငယ်တုန်းက
မျက်စိ အလွန်အင်မတန်မှ ကြည်လင်တယ်။ ဇရာဝင်လာပြီ ဆိုတော့
ကိုယ့်ဟာနဲ့
ကိုယ် အပ်ပေါက်များ ထိုးလို့ ရသေးရဲ့လား။
“ပြတ်သားကြည်လင်၊
ငယ်စဉ်က နား
ဇရာဝင် အရွယ်ထောက်တော့ ၊ အော်တောင် မကြား ။ ” တဲ့ 
အော်လို
့တောင် မကြားတော့ပါဘူး။
“
မာကြောကြည်လင် ငယ်စဉ်က အသား
ဇရာဝင်
အရွယ်ထောက်တော့ ၊ ရှူံ့ တိ ရှူံ့တွ။ ” တဲ
့
ခရမ်းချဉ်သီး
မီးဖုတ်ထားတာ ကျနေတာပဲ။ အကုန် ရှူံ့တိ ရှူံ့တွ ဖြစ်ကုန်ပြီ။
ဒီကြားထဲ
ငယ်တုန်းကဆို ဖျတ်ခနဲ့ ထလိုက် ထိုင်လိုက် သွားလိုက် လာလိုက်
သွက်သွက်လက်လက်နဲ
့ ဇရာမီးက လောင်ထားတဲ့အခါ အပူမီးက လောင်ထားတဲ့
အခါ
“တုန်ချည့်
တုန်ချည့် နဲ့ ကြုံဘိ အခုလိုပုံ၊
ဒုက္ခတွေကြုံ တဲအုံပျက် အဆွေး
အမယ်အို
သူအားထားတာက ၀ါးတုတ်တောင်ဝှေး။ ” တဲ့
နောက်ဆုံးကျတော့
လက်ထဲ ကို ၀ါးတောင်ဝှေးလေး ရောက်လာတယ်။
ဘယ်သူ
က လောင်တာလဲ ဆိုတော့ ဇရာမီး အလောင်ခံရတာ။
အဲ့ဒီ
ဇရာမီးက နေ့တိုင်းအလောင်ခံရတာ။
ဒီကြားထဲ
ဇရာမီးက လောင်သလို ဗျာဓိမီးကလည်း နှိပ်စက်
လိုက်တာ
ယားတယ်
အောင့်တယ် ကျင်တယ်။ အနှိပ်စက်ခံနေရတာနော်။
ဒီထဲ
ရှေ့တိုးရင် မရဏ မီးကလည်း သတ်တော့မှာ၊ အဲ့ဒီတော့ ယောဂီတို့  ဘုန်းကြီးတို့ 
ခန္ဓာကိုယ်ထဲမှာ
နေ့တိုင်း အလောင်အကျွမ်း ခံနေရသလို နေ့တိုင်း နေ့တိုင်းလည်း
အနှိပ်စက်ခံနေရတယ်။
အဲ့ဒီလို ဇရာ ဗျာဓိ မရဏမီးတွေရဲ့
အလောင်အကျွမ်း အနှိပ်အစက်ကို ခံနေရလို့  ၀ဋ်လို့ 
ခေါ်တာ။
ဒါဖြင့်ရင် ရခဲ့တဲ့ခန္ဓာကိုယ်ကြီးက
အကျိုးတရား။
အကျိုးပေးမို့ လို့ ၀ိပါက
နေ့တိုင်း နေ့တိုင်း
အလောင်အကျွမ်း အနှိပ်အစက်ခံနေရလို့  ၀ဋ်။
ပေါင်းလိုက်တော့ ၀ိပါက ၀ဋ်။
အပူမီးက အိုအောင်လောင်တယ်။ အအေးမီးက သေအောင်သတ်တယ်။
သွားကြည့်ပါ သေတဲ့မသာတွေ သွားစမ်းကြည့် အေးစက်နေတာပဲ။
အဲ့ဒါ အအေး မီးက သတ်တာ။
အပူမီးက အိုအောင်လောင် အအေး မီးက သေအောင်သတ်။
ဒါဖြင့် ခန္ဓာ ဆုတောင်းကတည်းက ဒါတွေက မပါဘူးလား။
ပါတယ် နော်။
အရှင် သုနန္ဒ
ဓမ္မရံသီ
ဆရာတော်ဘုရား
0 comment:
Post a Comment