ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, July 7, 2014

ကိုယ့်တရားကို ကိုယ်စစ်ဆေးပါ

နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကိုလေ့လာကြသူများတွင် တရားစစ်တရားမှန်ကိုလေ့လာပြီး မှန်စွာ
ကျင့်ကြံသူများရှိသလို တရားစစ်တရားမှန်ရယ်လို့ ရှာမတွေ့ ပဲ ဆရာ အတုအယောင်များ အဓမ္မ တရား
သမားများ၏ အဟောအပြောကောင်းခြင်းကို နာယူပြီး လေ့လာလိုက်စားသဖြင့် လမ်းမှန်မရောက်သူများ
လမ်းဆုံးမရောက်သူများ များစွာကိုလည်းတွေ့မြင်ကြရသည်။


ဆရာသမားအစစ်အမှန်ကိုမှီဝဲရခြင်းတွင် မိမိ က ဥာဏ်ကိုသုံးတတ်ဖို့ လိုအပ်ပါသည်။ဘုရားရှင် ၏ ညီ
တစ်ဝမ်းကွဲတော်ပြီး ယောက်ဖ လည်းတော် သူ ဒေ၀ဒတ်သည် ဘုရားရှင်နှင့် တွေ့၍ တရားတော်များ
နာကြားရပါလျှက်နှင့် တရားစစ်တရားမှန်ကို မရွေးချယ် မကျင့်သုံးတတ်ခဲ့သောကြောင့် သစ္စာလေးပါးကို
သိမြင်နိုင်ခဲ့ခြင်းမရှိ ဖြစ်ရလေသည်။ ဥာဏ်ကိုသာ အားကိုးရမည်ဟု ဘုရားရှင်၏ ဆုံးမသော လမ်းညွှန်
သောတရားကို တရားချစ်ခင်သူတော်စင်တို့သည် လေ့လာဖူး မှတ်သားဖူးကြပါလိမ့်မည်။

စစ်မှန်သောတရားကို လေ့လာမှတ်သားရသော်လည်း အာဂုံဆောင်နိုင်သော်လည်း တပည့်ပေါင်းများစွာ
ကို ရဟန္တာဖြစ်အောင်လမ်းညွှန်ဆုံးမနိုင်သော်လည်း ကိုယ်တိုင်မှ ဥာဏ်အားကိုးပြီး တရားမကျင့်လျှင်
ခန္ဓာဥာဏ်ရောက်တရားကိုမည်သူမှ မရနိုင်ချေ။ မိမိ စိတ်အထင်မျှဖြင့်တော့ အရိယာ ဖြစ်လာမည်မဟုတ်။
 မဟာသီဝ မထေရ်ကြီး သည် အကောင်းဆုံး နမူနာယူစရာတစ်ခု ဖြစ်သည်။

ထို့ ကြောင့် မိမိကိုယ်မိမိ တရားရပြီဟု ထင်လျှင် ကိုယ်ရသည့်တရား ကိုယ့်ဘာသာပြန်စစ်ကြည့်ရန်လိုအပ်
ပါသည်။


ဝိပဿနာဥာဏ်၏ ကိစ္စသည် တဆင့်ပြီးတဆင့်အစဉ်အတိုင်း သွားတတ်ရာ အောက်ဖေါ်ပြပါအတိုင်း မိမိ၏ ဥာဏ်စဉ်ဖြစ်ပေါ်ခဲ့ခြင်းရှိမရှိကိုပြန်လည်၍ ဆန်းစစ်ကြည့်ရပါမည်။

၁။  ။သမ္မသနဥာဏ်   = အဓိက အားဖြင့် မိမိ၏ ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရ တရားတို့ကို အနိစ္စ ဒုက္ခ
                               အနတ္တ လက္ခဏာ ယာဉ်သုံးပါးသို့ တင်၍ သုံးသပ်ဆင်ခြင်တတ်သောဥာဏ်။
၂။  ။ဥဒယဗ္ဗယဥာဏ်  = ခန္ဓာ ငါးပါး ရုပ်နာမ်သင်္ခါရတရားတို့၏ ဆိုင်ရာ အကြောင်းကြောင့် ရုတ်ခနဲ
                               ဖြစ်ပေါ်လာပုံနှင့် မကြာခင်မှာပင် ချုပ်ပျောက်ပျက်စီးသွားကြပုံကို ရှူဆင်ခြင်
                               သောဥာဏ်။
၃။  ။ဘင်္ဂဥာဏ်        = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရ တရားတို့ ၏အဖြစ်မဖက် အပျက်ကိုချည်းသာ
                             ရှူမြင်သော ဥာဏ်။
၎။  ။ဘယဥာဏ်      =ရုပ်နာမ်သင်္ခါရ တရားတို့ ၏ အပျက်ကိုချည်း တွေ့မြင်နေရသဖြင့် ရုပ်နာမ် သင်္ခါရ
                             တရားတို့ ကို ကြောက်ဖွယ်လိလိ ဘေးကြီးအတိဟုထင်မြင်သောဥာဏ်။
၅။  ။အာဒီန၀ဥာဏ် = ကြောက်ဖွယ်လိလိ ဘေးအတိ ရှုမြင်ရသဖြင့်ရုပ်နာမ်သင်္ခါရ တရားတို့ `၌
                            အပြစ်ဟု ထင်မြင်သောဥာဏ်။
၆။  ။နိဗ္ဗိဒါဥာဏ်     = အပြစ်ဟုထင်မြင်နေရသော ရုပ်နာမ်သင်္ခါရ တရားတို့ အပေါ်`၌ မတွယ်တာ
                           မပျော်ရွှင်နိုင်တော့ပဲ ငြီးငွေ့ သောဥာဏ်။
၇။  ။မုစ္စိတုကမျတာ ဥာဏ် = သင်္ခါရ တရားတို့ အပေါ်`၌ ငြီးငွေ့ လာ၍ထိုခန္ဓာငါးပါး သင်္ခါရ တရားတို့ မှ
                                     လွတ်မြောက်လိုသောဥာဏ်။
၈။  ။ပဋိသင်္ခါ ဥာဏ်    =ထွက်မြောက်ရန် အကြောင်း၏ ပြည့်စုံခြင်းငှါ ခန္ဓာငါးပါးရုပ်နာမ်သင်္ခါရ တရားတို့ 
                               `၌ အနိစ္စ ဒုက္ခ အနတ္တ ဟု ထပ်မံ၍ ရှုမှတ်ဆင်ခြင်သောဥာဏ်။
၉။  ။သင်္ခါရုပေက္ခာဥာဏ် = ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရတရားတို့`၌ ကြောက်ခြင်း နှစ်သက်ခြင်းကို
                                   မဖြစ်စေပဲ လျစ်လျူရှုနိုင်သော ဥာဏ်။
၁၀။  ။အနုလောမဥာဏ်  = အောက်အောက်သော ၀ိပဿနာဥာဏ်များနှင့် အထက်မဂ် ခဏ`၌ ရလတ္တံ့ 
                                   သော ဗောဓိပက္ခိယ တရား အားလျော်သော ဥာဏ်တို့ဖြစ်သည်။


တိုက်ဆိုင်ကြည့်ပါ။နှိုင်းယှဉ်ကြည့်ပါ။မိမိအားထုတ်မှူအစဉ်ကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ တရားတော်သည် အစဉ်အတိုင်းသာလျှင်သွားသည်ဖြစ်၏။ အားထုတ်သူသည် မိမိ အားထုတ်မှူ ကို ပြန်လည်ဆန်းစစ်ခြင်းဖြင့်
တရားစဉ် ခရီးလမ်းဆုံးခြင်းရှိ မရှိကို  ကိုယ့်ကိုကိုယ် မညာတမ်း ဝေဖန်ကြည့်တတ်ရန်လိုအပ်ပါသည်။
မိမိ ကိုယ်ကို ညာနေသူများသည် တရားအစစ်အမှန်ကိုရှောင်ကြဉ်တတ်ကြပြီး သူတစ်ပါးကို လိမ်ညာသလို
မိမိကိုယ်ကို လည်း လိမ်ညာတတ်ကြသည်။

ထို့ ကြောင့် တရားမရပဲ ရသယောင်ပြု၍ လူကြားသူကြား တရားသမား ဟု အထင်ရောက်အောင် မှင်သေ
သေ မျက်နှာပေးဖြင့် စကားဆိုတတ်ကြသည်။အလုပ်တစ်ခုလုပ်သော်လည်း မအောင်မြင်ပဲ အောင်မြင်
သယောင် ကြီးပွားတိုးတက်သယောင် ဟန်ဆောင်တတ်ကြသူများနှင့် အလားသဏ္ဍန်တူပါသည်။
နှမျောစရာကောင်းလှပါသည်။ ဓမ္မကိုဟန်ဆောင်ခြင်းသည် အကြီးမားဆုံး  ဆုံးရှုံးမှူကြီးပင်ဖြစ်သည်။
ဟန်ဆောင်မှန်းကိုယ့်ကိုကိုယ်သိသူသည် ကယ်တင်၍ ရနိုင်လိမ့်မည်။ဟန်ဆောင်နေမှန်းမသိပဲ အတုကို
အစစ်ထင် မိမိကိုယ်ကို ဟုတ်လှပြီဟု မှတ်ထင်သူများသည် ကယ်တင်၍ မရနိုင်တော့ပေ။
ရှင်ဒေ၀ဒတ်သည် တရားစစ် တရားမှန်ကိုမရပါပဲ ရပြီအထင်ရှိ၍ ဘုရားကိုယှဉ်တုပြိုင်သကဲ့သို့ အရိယာ
ဟု ကိုယ့်ကိုကိုယ်မှတ်ထင်သူများသည် တရားစစ်တရားမှန်ကိုမရသေးပဲ အတုအယောင်ဖြင့် အဟုတ်ထင်
နေကြသောကြောင့်အချဉ်းအနှီးဖြစ်သော အချိန်တို့ ဖြင့် သံသရာတွင် စုန် ဆန် နေရပေဦးမည်။

သံသရာမှ လွတ်မြောက်လိုသူသည် မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်နိုင်ရန်လိုအပ်ပါသည်။

ဥာဏ်ကိုသုံး၍ အကောင်းဆုံးဖြစ်အောင် စောင့်ရှောက်နိုင်ကြပါစေ

          

                           *****တတိယမြောက်သမီးတော်*****

1 comment:

စံပယ်ချို said...

ကိုယ့်တရားကို ကိုယ်တိုင်စစ်ဆေးပါတယ် စစ်နေရင်းနဲ့ပဲ ငရဲရတာတွေ လုပ်မိနေပြန်တယ်