လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်ကတည်းက
အရောင်ကော အဆင်းပါ
နှစ်သက်လို့ ဝယ်ထားတဲ့  အ၀တ်ကလေးတစ်စုံကို
တူမလေးကိုပေးဝတ်
မိပါတယ်။
ပေးဝတ်ရတဲ့အကြောင်းကလည်း ဖြည်စရာ ချုပ်စာမကျန်တော့
လို့ ပဲဖြစ်ပါတယ်။ နဂိုကတည်းက ချုပ်စာ
သိတ်မချန်ပဲ ကွက်တိ ချုပ်ထားမိ
လေတော့ ၀လာတာနဲ့  ဘယ်လိုမှ ၀တ်လို
့အဆင်မပြေတော့ပါဘူး။
အဖြူခံလေးအပေါ်မှာ ပန်းရင့်ရောင်
အပွင့်လေးတွေက နွယ်လေးလို
ပင်ထောင် ထားတဲ့အဆင်လေး ရှင်းရှင်းလင်းလင်း
ရှိလှတဲ့ အရောင်
အဆင်း အပွင့်လေးတွေကြောင့် ချုပ်ပြီးကတည်းက
တော်ရုံနဲ့  ထုတ်မ၀တ်ပဲ
နှစ်သက်လွန်းလို့  စွန်းသွား ပေသွားမှာစိုးရိမ်ပြီး
သိမ်းထားခဲ့မိတာပါ။
ကိုယ်တိုင်ချုပ်ထားတဲ့ ဒီအ၀တ်ကလေး
တစ်စုံကိုဝတ်ဖြစ်တဲ့အခါတိုင်းလည်း
စွန်းမသွားရလေအောင် ပေမသွားရလေအောင်
ဂရုစိုက်ပြီး
သပ်သပ်ရပ်ရပ်လေးဝတ်ဖြစ်ခဲ့မိပါတယ်။
Weight များပြန်ကျရင် ၀တ်မယ်လေလို
့စိတ်ကူးမိပေမယ့် ပြန်ကျမယ့်
အလားအလာ မရှိတော့ဘူးလို့  ကိုယ့်ဘာသာ
ဆင်ခြင်ပြီး တူမလေးကို
တွန့် တွန့် တိုတိုကြီးမဟုတ်ပေမယ့်
အရမ်းကြီး ရက်ရက် ရောရောမဟုတ်တဲ့ 
စေတနာ တချို့ နဲ့ ပေးလိုက်မိတယ်။ပေးလိုက်တာနဲ
တူမလေးက အိမ်နေရင်း
ချဝတ်ပါတော့တယ်။
အဲ့ဒီမှာ စတော့တာပါပဲ.။ နဂိုတည်းက ကိန်းနေတဲ့  အနုဿယကိလေသာနဲ့ 
အစွဲအလမ်းက ကြီးလေတော့ နှစ်များစွာ တန်ဖိုးထားပြီး သိမ်းဆည်း
ခဲ့ရတဲ့  ဒီအ၀တ်ကို အိမ်နေရင်းချဝတ်ရက်လေခြင်းလို
့ စွန့် ပြီးသား
ပေးပြီးသား အ၀တ်လေးတစ်စုံအပေါ်မှာ
ရာဂ စိတ်ကလေးက လှစ် ကနဲ
ပေါ်လာပါတော့တယ်။
လူအများစုကတော့ ရာဂ ဆိုတာ ဆန့် ကျင်ဖက်
အမျိုးသားအမျိုးသမီးခြင်း ၁၅၀၀
ကိလေသာနဲ့ နှစ်သက်ခြင်းလို့  မြင်ကြလိမ့်မယ်ထင်ပါတယ်။
ရာဂ ဆိုတာ တပ်မက်ခြင်း နှစ်သက်ခြင်း
ခင်တွယ်ခြင်းလို့  အဓိပ္ပါယ်ရပါတယ်။
အဆင်းအပေါ်`၌၎င်း။အသံအပေါ် ၌၎င်း။ အနံ့ အပေါ်၌၎င်း။
အရသာ အပေါ်၌၎င်း။
အတွေ့ အထိ အပေါ်၌၎င်း။ တပ်မက်ခြင်း
နှစ်သက်ခြင်း ခင်တွယ်ခြင်းဟာ ရာဂပါပဲ။
သမီးတော်ရဲ့ စိတ်မှာ လျှပ်တစ်ပြက်
ဖြစ်ပေါ်လိုက်တဲ့  ရာဂ ဟာ အဆင်းအပေါ်မှာ
ဖြစ်ပေါ်တဲ့ ရာဂ ပါ။
အကယ်၍များ တူမလေးက ဒီအ၀တ်လေးကို
အပြင်ထွက်တဲ့အခါမှသာ
ထုတ်ဝတ်ခဲ့မယ်ဆိုရင်တော့ ငါပေးထားတာလေးကို တန်ဖိုးထားရှာတယ်
ဆိုတဲ့အတွေးနဲ့ တန်ဖိုးထားခံရခြင်းအပေါ်မှာ
ဆက်ပြီး တန်ဖိုးထားခံချင်တဲ့ 
လောဘ စိတ်တွေ တွန်းပြီးဝင်လာအုံးမှာဖြစ်ပါတယ်။
ရာဂ ဟာ လောဘစိတ်မှာ အကျူံးဝင်တဲ့ကိလေသာပါ။
လောဘ ကိလေသာထဲ မှ
ကွဲပြားတဲ့ သဘောလေးတစ်ခုဖြစ်ပါတယ်။
ကြည့်စမ်း ကိလေသာတွေဟာ ဆင့်ကဲ ဖြစ်ပေါ်နေလိုက်တာ။
သတိများမထားမိရင်ဘယ်အခြေအနေ ထိ
ခရီးရောက်မယ် မသိပါဘူး။
ကိလေသာ က အဆင့်သုံးဆင့်ရှိပါတယ်။
ကိန်းနေတဲ့ ကိလေသာရယ်
ထကြွထင်ရှားခြင်းဖြစ်တဲ့ကိလေသာရယ်။
ကျူးလွန်မိတဲ့ ကိလေသာ
ရယ်လို့  သုံးဆင့် ရှိပါတယ်။
ဒီအ၀တ်ကလေးတစ်စုံအပေါ်မှာ တွယ်တာ
ကပ်ငြိနေတဲ့စိတ်ကလေးဟာ
ကိန်းနေတဲ့ကိလေသာပါပဲ။ ကိန်းနေတဲ့
တွယ်တာမှူလေးက အကြောင်းတိုက်ဆိုင်
လာလို့  ထင်ရှားစွာပဲ ပေါ်လာပါတယ်။
ငါ့ရဲ့ အ၀တ်ကလေးဆိုပြီး တွယ်ငြိတဲ့
စိတ် နဲ့ တွေးမိတာပါ။ သူတစ်ပါးကိုပေးပြီးသားဖြစ်ပေမယ့်လို
့ စိတ်က ပြတ်သားပြီးသားလို့ 
ထင်ရပေမယ့် တန်ဖိုးထားပြီး အသုံးချတာကို
ခံယူချင်တဲ့ စိတ်က နောက်ခံတစ်ခု
အနေ နဲ့ ရှိနေပြန်ပါတယ်။ ငါ့အ၀တ်ကလေးကိုအိမ်နေရင်း
ချဝတ်ရက်လေခြင်း
ဆိုပြီး တခုခုများပြောမိလိုက်ရင် လွန်ကျူးတဲ့ကိလေသာဖြစ်သွားပါပြီ။
သတိ ၀င်ပြီး ပေးပြီးသားပဲလေ သူဘာသာ
သုံးချင်သလိုသုံးပါ ဆိုတဲ့
အတွေးမျိုး အသိ စိတ်ကလေး ၀င်ခဲ့ခြင်းကြောင့်သာ ဘာမှမပြောဖြစ်လိုက်တာ။
စိတ်အမျိုးအစားဟာ ကုဋေ နဲ့ချီပြီးများပြားတယ်လို
့ မှတ်သားခဲ့ဖူးပါတယ်။
တဒင်္ဂအတွင်းမှာ အမျိုးမျိုးပြောင်းလဲဖြစ်ပေါ်နေလိုက်တာ။
ကိုယ်ဖြစ်ချင်တာတွေးပြီး လောဘ ဖြစ်လိုက်။
ကိုယ်မနှစ်သက်တဲ့
သဘောလေးအပေါ်မှာ ဒေါသ ဖြစ်လိုက်။
ဝေခွဲမရတဲ့ မောဟတွေဖြစ်လိုက်။
အို……… အများကြီးပါပဲ။
ငါ့အ၀တ်ကလေးဆိုတဲ့ တွယ်တာကပ်ငြိတဲ့စိတ်။
ကိုယ်တိုင်ချုပ်ထားတယ်ဆိုတဲ့ မာန
စိတ်။
အိမ်မှာချဝတ်ရက်လေခြင်းဆိုတဲ့ ၀န်တိုမိတဲ့စိတ်။
တခုခုပြောလိုက်ရင်ကောင်းမလားဆိုတဲ့
ကြံတွေးစိတ်နဲ့ ။
ပြောရင်ကောင်းမလား မပြောရင်ကောင်းမလားလို
့ဒွိဟ ဖြစ်သွားတဲ့ မောဟစိတ်။
ဒီအချိန်မှာ ဒီလိုစိတ်မျိုးမထားသင့်ဘူးဆိုတဲ့
ကောင်းသော သတိ။
ပေးပြီးသားပါလေဆိုတဲ့ စွန့်ပြီးပစ္စည်း အဖြစ်ပြန်အောင့်မေ့တဲ့ အလောဘ စိတ်။
သူ့ ဘာသာ ဘာလုပ်လုပ်ဆိုတဲ့  ဥပေက္ခာ
စိတ်။ မသိမသာလေး ဆန္ဒ တစ်ခု
အဖြစ် ရှိနေသေးတဲ့ တန်ဖိုးထားပြီး
ဝတ်စေချင်တဲ့ စိတ်။လောဘစိတ်ပေါ့နော်။
ဒီထက် အနုစိပ်တဲ့ စိတ်တွေလည်းဝင်ကောင်းဝင်ခဲ့မှာပါ။
ပညာအားနည်းတဲ့အတွက်
မပြည့်စုံတဲ့ အတွက်ကြောင့် ဒီထက်ပိုပြီး
ရှာမတွေ့ တာလည်းဖြစ်နိုင်ပါတယ်။
မိမိနှစ်သက်မိတဲ့ အဆင်လေး ကြောင့်
အလိုမကျမှူ ဆိုတဲ့ ဒေါမနဿ
ဝေဒနာလေးဖြစ်ပေါ်ရာက ဒီထက်ပိုပြီး တန်ဖိုးထားစေချင်တဲ့ 
တဏှာ စိတ်ကလေးဝင်ခဲ့မိတယ်။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ရတယ်။
အဆင်းကိုတွယ်တာတဲ့ သမုဒယသစ္စာက အကျိုးပေးလိုက်တာ
ဒေါမနဿဝေဒနာ ဆိုတဲ့  ဒုက္ခသစ္စာဖြစ်ရတယ်။
ဝေဒနာပစ္စယာကနေ
တဏှာ ဆိုသလို တန်ဖိုးထားစေချင်တဲ့
လောဘ စိတ်ကလေးဝင်မိတယ်။
အကယ်၍ တန်ဖိုးထားခံရရင်လည်းပဲ ငါ
့အ၀တ်ကလေးတန်ဖိုးထားခံရတယ်
ဆိုတဲ့အတွေးနဲ့  အ၀တ်ကိုခင်တွယ်တဲ့
စိတ်တွေနဲ့ သောမနဿဝေဒနာ
ဖြစ်အုံးမယ်။ဝေဒနာ ပစ္စယာ တဏှာ ဆိုသလို
ထပ်ခါထပ်ခါ တန်ဖိုးထား
ခံချင်တဲ့  လောဘ စိတ်က ၀င်လာအုံးမှာပါပဲ။ဒီလိုခင်တွယ်နေတဲ့
စိတ်ကလေး
ဝင်နေတဲ့အခိုက်အတန့်မှာများ သေသွားခဲ့ရင်
အဲ့ဒီအ၀တ်ကလေးမှာ တွယ်ကပ်
ပြီး နေတဲ့ သန်းဖြစ်သွားမလား ပဲ
နော်။
လျှပ်တစ်ပြက်ဖြစ်ပေါ်လာတဲ့ ရာဂ စိတ်
အပေါ်မှာ ကိုယ်သတိမထားမိခင်လေးတင်
စိတ်တွေက ဖြတ် ကနဲ ဖြတ် ကနဲ ပြောင်းလဲပြီး လောင်မြိုက်တာကို
တော်ရုံသတိနဲ့  ဆင်ခြင်နိုင်မှာမဟုတ်။
သတိထားမိလိုက်လို့  ပြန်ဆင်ခြင်မိ
တာကိုပဲ စိတ်က တခုတည်း မက ဖြစ်ပြီးနေပြီ…။ဖြတ် ကနဲ ကိုယ့်ကိုကိုယ်
သတိထားမိပြီး ပြန်ဆင်ခြင်ကြည့်လိုက်တာ အ၀ိဇ္ဇာ ကြောင့် တဏှာဖြစ်
နေတာပါလား။
တဏှာကနေ ဝေဒနာ။ ဝေဒနာကနေ တဏှာ။
အပြန်အလှန်ကို အကျိုးပြုနေလိုက်တာ။
စိတ်ဆိုတာက ရပ်တန့်သွားတဲ့ အမျိုးမဟုတ်ဘူး။
သူ့ ကိုရပ်တန့်လို့ မရဘူး။
တစ်စိတ်ပြီး တစ်စိတ် ဖြစ်ကိုဖြစ်နေမှာပါ။ မသေမချင်းပေါ့။
သူ့ ကို အကုသိုလ်စိတ် ကုသိုလစိတ်
စသဖြင့် အတွေးတွေ အများကြီး
ဖြန့် ကျက်ပြီး ကစဥ့်ကလျား မဖြစ်အောင် သတိ နဲ့ ထိန်းချုပ်ရင်တော့
စိတ်အစဉ်ဟာ ငြိမ်သက်တည်ကြည်ခြင်းဖြစ်ပြီး
ကောင်းကျိုးကို
ဆောင်ကြဉ်းပေးနိုင်တယ်။ သတိ နဲ့
ဝီရိယစိုက် ထိန်းချုပ်ခြင်းထက်
ပညာ နဲ့ ယှဉ်တွဲပြီး အဆုံးအဖြတ်ပေးနိုင်ရင်
ဒုက္ခသစ္စာတို့ ချုပ်ရာ
ငြိမ်းရာကို မျက်မှောက်ပြုနိုင်မယ်။
ဒါကြောင့်လည်း စိတ်တစ်လုံးကိုဆောင်နိုင်ရင်
အောင်မြင်မယ်လို့ 
မြတ်စွာဘုရားက ဟောတော်မူတာ။ ဘယ်အထိ
အောင်မြင်နိုင်မလဲ။
ကိလေသာ ကုန်ခမ်းလို့  နိဗ္ဗာန် အထိ
တက်လှမ်းရောက်ရှိအောင်မြင်မယ်။
ကုသိုလ်ဖြစ်တာလည်း ဒီစိတ် အကုသိုလ် ဖြစ်တာလည်း ဒီစိတ်ပါပဲ။
အ၀တ်ကလေးတစ်စုံအပေါ်မှာတောင် ခုလောက်ထိတပ်မက်ခြင်း
ခင်တွယ်ခြင်း ရှိနေရင် တသက်လုံးအတူပေါင်းသင်းလာတဲ့ 
ဒီခန္ဓာအိမ်ကိုဆို ပိုပြီး ခင်တွယ်နေမှာပေါ့နော်
။ ဒီလိုခင်တွယ်လို့ လည်း
ဒီခန္ဓာအိမ်ကြီးကို အနာမခံနိုင် အထိ မခံနိုင် နဲ့  တသသ
စောင့်ရှောက်
နေခဲ့တာ။ စောင့်ရှောက်သလောက်လည်း
သူက ကောင်းကောင်းနှိပ်စက်တာပါပဲလား။
နေ့ ရှိသရွေ့ အစာ အဟာရ ကျွေးမွေးသလောက်
စာနေလောင်နေတာ မပြီးနိုင်။
နေ့ရှိသရွေ့ သန့်ရှင်းအောင်ထားသလောက်
အညစ်အကြေးတွေ က ထွက်လို့ မပြီးနိုင်။
နုနယ်တယ် လှပတယ်လို့ ထင်မြင်ပြီး
တသသ ဖြစ်နေလိုက်ရတာ မမောနိုင် မပမ်းနိုင်ပါပဲ။
တဒင်္ဂ ဖြစ်ပေါ်တဲ့ ရာဂ စိတ်ကို ဆန်းစစ်ရင်း ခန္ဓာအိမ်ကို စွဲလမ်း
ခင်တွယ်တဲ့ စိတ်ကိုလည်းဆန်းစစ်ကြည့်မိပါတယ်။
ဘာမှ နှစ်သက်စရာမရှိ။ ဘာမှ တပ်မက်စရာမရှိ။ ဘာမှခင်တွယ်
စရာမရှိတဲ့ ဒီခန္ဓာ ရဲ့ ဒုက္ခတွေကိုမြင်အောင်ကြည့်မိတယ်။
ရှူမှတ်ဆင်ခြင်မိတယ်။
အချိန်တန်ရင် စွန့် ပစ်ရမယ့် ဒီခန္ဓာအိမ်အတွက်
နေ့ ရှိသရွေ့ အပင်ပန်းခံပြုစုနေခြင်း
တသသပြင်ဆင်နေခြင်းထက် ခန္ဓာ ဇာတ်သိမ်းငြိမ်းရာ
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ 
ကြိုးစားပြီး အားထုတ်မယ်ဆိုရင်
။သေခြင်းတရားနဲ့ရင်ဆိုင်တွေ့ တဲအခါမှာ ဒီခန္ဓာအိမ်ကို
မတွယ်တာ မကပ်ငြိပဲပြုံးပြုံးရွှင်ရွှင်
စွန့် လွှတ်သွားနိုင်မှာ ဖြစ်ပါတယ်။
တွယ်တာတဲ့စိတ် နှစ်သက်တဲ့စိတ် တပ်မက်တဲ့စိတ်ကလေးတွေကို တဖြေးဖြေး ပါးလျား
ပြီး ကုန်စင်အောင် ကြိုးစားပြီး
အားထုတ် ကျင့်ကြံသင့်ပါပြီ…။
မိမိစိတ်ကိုမိမိ ဆင်ခြင်တဲ့အလေ့အကျင့်လေးဟာ
ကိလေသာကို ပါးလျားစေပါတယ်။
ရာဂ ကို ရာဂ မှန်းသိခြင်းဟာ ကိလေသာကို
ဥာဏ်နဲ့ရှူမြင်သုံးသပ်ပေးတာဖြစ်တဲ့အတွက်
ကိလေသာစိတ်ကနေ ဥာဏ်စိတ်ဝင်သွားတာပါ။
စိတ် ဆိုတာ တစ်ခုတည်းသာဖြစ်
လေ့ရှိပါတယ်။ တစ်ခုပြီးမှ နောက်တစ်ခုဖြစ်တာပါ။
နှစ်ခုပြိုင်ပြီးဖြစ်ရိုးထုံးစံမရှိပါဘူး။
အဖြစ်မြန်လွန်းလို့ သာ စိတ်နှစ်ခုဖြစ်တယ်လို
့ထင်ရတာပါ။ ကိလေသာဖြစ်တိုင်းဖြစ်တိုင်း
ကိလေသာမှန်းသိပေးနေရင် ကိလေသာစိတ်
ပျောက်ပြီး ဥာဏ်စိတ် သက်ဝင်တာ
ဖြစ်တဲ့အတွက်ကြောင့် ကိလေသာကိုကြာကြာဖြစ်ခွင့်မပေးခြင်းကြောင့်
ကိလေသာဟာ ပါးသွားပါတယ်။ အဲ့ဒီလို
ကိလေသာ ပါးသွားတော့
စိတ် ဟာ အေးချမ်းငြိမ်သက်လာပါတယ်။
တကယ်လုပ်ရင် တကယ်ရတဲ့
ကျင့်စဉ်တွေဖြစ်ပါတယ်။ မိမိစိတ်ကို
သတိကပ်ပြီး အချိန်ပြည့် စောင့်ကြည့်
နိုင်ခဲ့ရင်တော့ ဈာန်ချမ်းသာကိုရလာမှာဖြစ်ပါတယ်။ ဈာန်ချမ်းသာဟာ
ကိလေသာကိုခတ္တငြိမ်းအေးစေခြင်းဖြစ်ပါတယ်။
အပြီးတိုင်ပယ်သတ်ခြင်းမပြု
ပါဘူး။ ကိန်းနေတဲ့ ကိလေသာလေးတွေ
ထကြွလာတိုင်း သတိကပ်ပြီး
စောင့်ကြည့်ပေးတဲ့အတွက် လွန်ကျူးတဲ့
ကိလေသာမဖြစ်နိုင်တော့တာပါ။
ကိန်းတဲ့ ကိလေသာလေး ထကြွလာတာကို
မကြည့်မိတဲ့အခါ သတိလေး
လွတ်သွားတဲ့အခါမှာတော့ ထတဲ့ကိလေသာကနေ
လွန်ကျူးတဲ့
ကိလေသာ အဆင့်ကိုရောက်သွားနိုင်ပါသေးတယ်။
ဒါကြောင့်မို့ …….
ဈာန်ချမ်းသာမှာ ရပ်တန့် မနေပဲ ၀ိပဿနာ
ဥာဏ် ပညာနဲ့အထူးပြု ရှူမှတ်ခြင်းဖြင့်
ကိလေသာ အဖြစ်ကို ဥာဏ်နဲ့ ထင်မြင်
ပိုင်းဖြတ်ဆုံးဖြတ်ပေးမယ်ဆိုရင်
ကိန်းနေတဲ့ကိလေသာတွေ အဆင့်အဆင့်အမြစ်ပြတ်ပယ်သတ်နိုင်ပြီး
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာပါ။
ကိလေသာကို အမြစ်ပြတ် ပယ်သတ်ပြီးဖြစ်ရင်
ပယ်သတ်ပြီးတဲ့ ကိလေသာဟာ
ကိန်းမနေတော့ဘူး။ ကိန်းမနေတော့တဲ့အတွက်ကြောင့်
ထင်ရှား ထကြွစရာ
မရှိတော့ဘူး။ ထင်ရှားထကြွခြင်းမရှိတော့တဲ့အတွက်ကြောင့်
လွန်ကျူးမိစရာလည်း
မရှိတော့ပါဘူး။
အဆင့်ဆင့်သော ကိလေသာကိုပယ်သတ်နိုင်တဲ့
အစွမ်းဟာ
သောတာပတ္တိမဂ်သည် ဒိဋ္ဌိ နဲ့ ၀ီစိကိစ္ဆာ ကိုပယ်သတ်ပါတယ်။
သောတာပန် ဖြစ်ပြီဆိုရင် ငါ ငါ့ဥစ္စာ ငါ့ခန္ဓာ ဆိုတဲ့အမြင်တွေ
ကင်းစင်ပြီး နာမ်နဲ့ရုပ်ပဲ ရှိပါလားဆိုတာကို
ပိုင်းခြားထင်ထင်
သိမြင်တာကြောင့် ခန္ဓာအိမ်ကိုစွဲလန်းခြင်း
မရှိတော့ပါဘူး။
ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်း
ကြည်ကြည်လင်လင်ရှိလှပါတယ်။
သို့သော် သောတာပန် ဆိုတာ ဒိဋ္ဌိ နဲ
ဝီစိကိစ္ဆာကိုပဲ ပယ်သတ်ထားပြီး
လောဘ ဒေါသ တွေကိုပယ်ထားသတ်ထားတာမဟုတ်တဲ့အတွက်
ကြောင့် ငါ ငါ့ ခန္ဓာ ဆိုတဲ့အစွဲမျိုးမရှိပေမယ့် လှချင် ပချင် စိတ်ကူးယဉ်ခြင်း
တွေ တပုံကြီးနဲ့  လိုချင်ဖြစ်ချင်တဲ့ လောဘတွေ အလိုမကျ တဲ့ဒေါသတွေ
တွေ တပုံကြီးနဲ့  လိုချင်ဖြစ်ချင်တဲ့ လောဘတွေ အလိုမကျ တဲ့ဒေါသတွေ
ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် လောဘ
ဒေါသဖြစ်တဲ့သူတိုင်းကို
သစ္စာ မသိသေးဘူးလို့ များ မထင်မိလိုက်ပါနဲ
့။ သစ္စာ တရားသည်
အင်မတန်နက်နဲပါတယ်။ အရိယာ က အရိယာကိုသိနိုင်တယ်
လို့ 
ဆရာတော်ကြီးများ ဆိုမိန့်တာကို နာကြားမှတ်သားဖူးမယ်ဆိုရင်
သတိထားပြီး ဆင်ခြင်ဖို့  သိတ်ကိုအရေးကြီးလှပါတယ်။
လောဘ ဒေါသ ဖြစ်တာ သကဒါဂါမ် အရိယာ အဆင့် ရောက်နေသူမှာပါ
ဖြစ်တဲ့ ကိလေသာပါ။ သကဒါဂါမ် အရိယာ
က လောဘ ဒေါသ ကို
ခေါင်းပါးအောင်သာ စွမ်းနိုင်တာပါ။
အမြစ်မပြတ်ပါဘူး။ အဲ့ဒီလို အမြစ်
မပြတ် တဲ့အတွက် သကဒါဂါမ် အရိယာမှာ
လည်း လောဘ ဒေါသ တွေ
ဖြစ်လည်းဖြစ်တယ်။ ပေါ်လည်းပေါ်တယ်။
သို့သော် သောတာပန်ထက်
စာရင်တော့ ဖြစ်ပေါ်မှူ အားနည်းတယ်။
သတိနဲ့ ဆင်ခြင်နိုင်မှူ ပိုပြီး
အားကောင်းပါတယ်။ သောတာပန်က ချစ်ခြင်း
မုန်းခြင်းအပေါ်မှာ ပိုပြီး
အားကြီးပါတယ်။ သကဒါဂါမ်က အစွဲအလမ်း
ရှိသော်လည်း ခုဖြတ်မယ်
ဆို ဖြတ်နိုင်တယ်။သောတာပန်က ဖြတ်ဖို
့ခဲယဉ်းတယ်။ ဆင်ခြင်မှူ
များများလုပ်ပေးရတယ်။ ဒီသဘောလေးပါပဲ။
အနာဂါမ် အရိယာဖြစ်ပြီ ဆိုရင်တော့
ချစ်ခြင်း မုန်းခြင်းတွေနဲ့  မသက်ဆိုင်
တော့ပါဘူး တဲ့ ရှင်။ မာန လေးတော့
ရှိပါတယ် လို့ ဆိုပါတယ်။
အရဟတ္တ မဂ်ဥာဏ်ကို ရထားပြီးရင်တော့
မာန ၀င်စရာမရှိ ကိလေသာနားခိုစရာ
နေရာမရှိတော့တဲ့ သူတော်စင် ပညာရှိဖြစ်သွားပါပြီ။.
နိဗ္ဗာန် ဆိုတာ မည်သည့် ပုဂ္ဂိုလ်သတ္တ၀ါမဆို
ဝင်စံ ခွင့် မျက်မှောက်ပြုခွင့်
ရှိပါတယ်။ နည်းမှန်လမ်းမှန်တော့
ကျင့်ကြံ အားထုတ်ရမှာပေါ့နော်။
မိမိစိတ်ကို မိမိတန်ပြန်ထောက်လှမ်းတဲ့
အလေ့အကျင့်ကောင်းလေး
လုပ်ထားပေးရင် နိဗ္ဗာန်ဆိုတာ ခရီးမဝေးတဲ
့ အနီးကလေးမှာ
ရှိနေမှာဖြစ်ပါတယ်။
တရားချစ်ခင် သူတော်စင်များလည်း
သစ္စာသိမြင်ကျွတ်တမ်းဝင်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
4 comment:
အသိတစ်ခုမက များစွားတိုးသွားပါတယ် သမီးတော်ရေ...
မျက်စိနှစ်လုံးဖွင့်တဲ့အချိန်ကနေ ပိတ်တဲ့အချိန်ထိ အကုသိုလ်များစွာနဲ့အတူ လုံးပမ်းနေတဲ့လူသားများအဘို့
တရားဒေသနာတော်မှတစ်ပါး အခြားမရှိပြီိ မဟုတ်လား....
စကားမစပ် BPP Challenge လုပ်ထားတယ်နော် ... :P
မတင့် မရက်ချက်လွန်းဘူးရားငင်
တရားအကြောင်းမဟုတ်တဲ့ပို့စ်တွေတင်ရအုံးမှာလား လို့ 
ဆိုးတယ်ကွာ.......
တတ်နိုင်သလောက်တော့ဖြတ်ဦးမှပါမမရေ နောက်မို့ကတော့ဘာမှမဟုတ်လဲတွယ်တာနေတာများ
ဖြတ်နိုင်ရင်တော့ ကိုယ့်အတွက် အကောင်းဆုံးပေါ့ နော်
တွယ်တာနေတာတွေက အရှုံးတွေကြီးပါပဲ
တဏှာက အ၀ိဇ္ဇာကိုဖုံးတယ်
အ၀ိဇ္ဇာကလဲ တဏှာ ကိုမသိဘူး
ဒီနှစ်ခုကိုမသိလို့ လည်း
မသိပျော် ပျော်ရင်းက
ဒုက္ခ သံသရာလည်ရတာပါပဲ
Post a Comment