ရွှန်းလက်ကယ် ကြယ်စင်
ငယ်စဉ်က မျက်စိ
ဇရာဝင် ပျက်ရှာကြတယ်
အပ်ပေါက်ချော်ထိ။
အသက်အရွယ်ကြောင့်လား..။ ကိုယ်လက်လှူပ်ရှားမှူ အားနည်းလို့ လား…။
အဆီအစိမ့် စားသုံးမှူများလို့ ပဲလား…။ အကြောင်းသုံးပါးလုံးရဲ့ ပြည့်စုံမှူ
ကြောင့်လား ..။
သမီးတော် အရင်ကထက်ပိုပြီး ၀လာပါတယ်။
ဒီတော့လည်း
အရင်ကတည်းက ချုပ်ထားတဲ့
ပါတိတ် ၀မ်းဆက်လေးက
ဝတ်ဆင်ရတာ ကျဉ်းကျပ်နေတာပေါ့.။
အ၀တ်အစားဆို ချွေတာဝတ်
တဲ့အတွက် အရောင်းအဆင်းအားဖြင့်အသစ်အတိုင်းပဲ
ရှိနေတဲ့ 
ပါတိတ်လေးကို ချုပ်ရိုးလေးဖြည်ပြီး လျှော့လိုက်ရင်
ဝတ်လို့ ရပါသေးတယ်။
အသုံးပြုမှူနည်းပါးလှတဲ့  တရုတ်ဖြစ် flying man တံဆိပ် အပ်ချုပ်စက်
ကလေးကို အဖုံးဖွင့်ပြီး ကလစ်လေးနဲ
့ညှပ် ချုပ်ရိုးကြောင်းလေးနဲ့ ယှဉ်ပြီး
ချုပ်တော့ ချောဆီ အားနည်းတဲ့ စက်က ဂျစ်ကပ်ကပ်နိုင်စွာပဲ ခပ်ထောက်ထောက်
လည်ပတ်ပါတယ်။ ထောက်နေတဲ့ စက်က ချုပ်နေရင်းကနေ
အပ်ချည်ကြိုးလေးကို
တင်းခနဲ ဆွဲဖြတ်ပါတယ်။စက်ရဲ့ဆွဲအားကြောင့်
အပ်ချည်ကြိုးလေးလည်း
ထောက် ကနဲ.......ပြတ်သွားတာပေါ့…..။
အပ်ချည်ကြိုးလေးပြတ်သွားတော့ ချည်စလေးကိုဖွာမနေအောင်
လက်ညှိုးလက်မ နဲ့  ဖိပြီး ပွတ်လိုက်တယ်။ပြီးတော့
အပ်ပေါက်ထဲ
ချည်စ ထိုးထည့်တာပေါ့။ နဂိုကမှ
မျက်စိ အားနည်းလို့  မျက်မှန်တပ်
ထားရတဲ့သူပါ။ ခုမျက်မှန်မပါပဲ အပ်ပေါက်ထိုးတော့
ချော်တော့တာပေါ့ရှင်။
တပ်နေကျ မျက်မှန်က အောက်ထပ်မှာ
ကျန်နေခဲ့ တာ။ ပြန်ဆင်းပြီးလည်း
မယူချင်။ ခိုင်းစရာလူကလည်း မရှိ။
ပေကပ်ပြီး အပ်ပေါက် ကို မှူန်ဝါးဝါး နဲ့ 
စမ်းပြီး ချည်ကိုထိုးထည့်ပါတယ်။
အကြိမ်ကြိမ်လွဲချော်လို့  အပြီးမှာတော့
ဇွဲလုံ့ လ ဆုလာဘ် အဖြစ်အပ်ပေါက်လေးထဲ အပ်ချည်ကြိုးလေးဝင်သွားပါပြီ။
အဲ့ဒီတော့မှာ မိမိအလိုရှိသလို ချုပ်လို
့ရသွားပါတော့တယ်။
အပ်ချည်ကြိုးလေးပြတ်လို့  အပ်ပေါက်လေး
ချော်မိကတည်းက
ဆရာဘုန်းဘုရားရွတ်နေကျ လင်္ကာလေးကို
အလိုလိုအမှတ်ရနေမိတာပါ။
ငယ်စဉ်အခါကတော့ ရွှန်းလက်တဲ့ ဒီမျက်ဝန်းတွေကြောင့်ပဲ
မြင်နိုင်တွေ့ နိုင် စွမ်းနိုင်ခဲ့တယ်။ခုတော့လည်း
အကူမပါရင်
မဖြစ်တော့တဲ့ အခြေအနေပါလား။ အကူမပါရင်
တနေ့ တာအတွက်
ဘယ်လိုမှာ အဆင်မပြေတော့တဲ့ အနေအထား။
ပျက်စီးခြင်းရဲ့ သဘောတွေပါပဲလား။
အနိစ္စရဲ့ သဘောတွေပါပဲလား။
မမြဲတဲ့ ခန္ဓာကို ရထားလို့  သူ့ သဘောသူ
ဆောင်နေတာပါလား။
အပ်ချည်ကြိုးလေးပြတ်သွားသလိုပဲ
ကိုယ်တိုင်လည်း
ဒီဘ၀ ဒီခန္ဓာ ဘယ်ချိန်ပြတ်တောက်မယ်
မသိနိုင်ပါဘူး။
စိတ် ဆိုတဲ့ စောင့်ရှောက်မှူလေးမရှိတော့ရင်
ဒီခန္ဓာအိမ်ကြီးက
သစ်တုံးတစ်တုံးကို ပစ်ချထားသလို
ဘာမှ အသုံးဝင်တော့မှာ မဟုတ်။
ရှူစိတ်ကလေးကနေ ရှိုက်စိတ်ကို အစားမထိုးတော့ရင်။
ရှိုက်စိတ်ကလေးကနေ ရှူစိတ်ဆီ
အစားမထိုးတော့ရင်။
ဒီဘ၀ ဒီခန္ဓာ ချုပ်ရပြီပေါ့။ စိတ်က
စောင့်ရှောက်နေလို့ သာ
အသက်ရှင်တဲ့ လူတစ်ယောက်ဖြစ်နေရတာပါ။
ရှူတဲ့ စိတ် ကလေး ရှိုက်တဲ့ စိတ်ကလေးသာ မရှိတော့ရင်။
ဒီဘ၀ ကိုစွန့် လွှတ်ရပြီ။နောက် ဘဝ
ဆိုတာ ဂတိ မြဲတဲ့သူအတွက်
ပူပန်စရာမလိုပေမယ့် ဂတိမြဲအောင်
မစွမ်းဆောင်နိုင်သေးတဲ့သူအတွက်တော့
ကြောင့်ကြစွာ ဘ၀ ကူးရပေအုံးမယ်။
ခုပဲကြည့်…………..
သေခြင်းတရားဆိုတာ မလာခင်မှာ အိုခြင်းတရားတွေ
နာခြင်းတရားတွေက
ဒီခန္ဓာ အိမ်ကို နှိပ်စက်နေပါပြီ။
ဘ၀ တွေ ဘ၀ တွေကိုရလာတာ ဒါပဲလား။
စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို
့ကျန်းမာဖို နုပျိုဖို့ လှပဖို့ 
အမျိုးမျိုးအပင်ပန်းခံကြိုးစားပါလျှက်
ဘာတစ်ခုမှ တည်မြဲခွင့်မရ။ ဘာတစ်ခုမှ
တည်တန့် ခွင့် မရ။
ဘာကိုမှ ဖမ်းဆုပ်ထားလို့ မရ။ ကိုယ်ပြု
တဲ့ကုသိုလ်က နောက်ဘ၀ အတွက်
အကျိုးပေးမယ် မပေးဘူးဆိုတာ လည်းမသိနိုင်။
အကုသိုလ်တွေက
နောက်ဘ၀မှာ လာပြီး မနှိပ်စက်ပါဘူးလို
့လည်း မပြောနိုင်။
သုဂတိ ဘုံကို လားရမလား။ ဒုဂတိ ဘုံကို လားရမလား။
ဘာတခုမှ အာမခံချက်မရှိလေတော့။
ဆင်ခြင်တတ်တဲ့  ဥာဏ်ကလေးနဲ့ ယှဉ်ပြီး
စိတ်ကလေးရှိနေသေးတဲ့အခိုက်
ကိုယ်ကျန်းမာပြီးစွမ်းနိုင်သေးတဲ့အချိန်မှာ
ဂတိမြဲခြင်းကိုပေးစွမ်းနိုင်တဲ့
ဝိပဿနာ တရားကို လေးစားစွာ အားထုတ်ကျင့်ဆောင်ဖို
့
ဆုံးဖြတ်ချက် ချသင့်နေပါပြီ။
အကယ်၍များ ၀ိပဿနာ တရားအားမထုတ်ဖြစ်ပဲ
သောတာပန် အရိယာ မဆိုထားနဲ့  စူဠသောတာပန်လောက်မှ
မတည်ရသေးပဲ…………………..
လောဘ စိတ် …ဒေါသစိတ်…မောဟစိတ်..
ကုသိုလ်စိတ်….အကုသိုလ် စိတ် လေးတွေဝင်နေရာက……
စိတ်ရဲ့ စောင့်ရှောက်မှူက လွတ်ကင်းပြီး
အပ်ချည်ကြိုးစလေး လို မထင်မှတ်ပဲ ထောက် ကနဲ………..
ဟောဒီ ခန္ဓာအိမ်ကြီး ပြိုလဲသွားခဲ့သည်ရှိသော်
ဘယ်ဘ၀ ဘယ်ခန္ဓာ ဘယ်လို ဘုံ ကို ရောက်သွားမှာပါလိမ့်ရှင်။
သေခြင်းတရားကို အောင့်မေ့ ဆင်ခြင်လျှက်
ဝိပဿနာအလုပ်ကြိုးစားအားထုတ်ကာ
အရိယာ အနွယ် ၀င်သည် အထိ သစ္စာ သိနိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
2 comment:
လှုပ်ရှားမှုတိုင်းမှာ အသိလေးကပ်ပြီး ဆင်ခြင်နိုင်ဘို့ 'ထောက်ကနဲ' ပို့စ်လေးဖတ်သွားတယ် သမီးတော်ရေ...
အသိကပ်နေတော့ မြတ်တာပေါ့ မမတင့်ရယ်
သမီးတော်လည်း အချိန်တိုင်းအသိကပ်နိုင်ဖို့ ကို
တော်တော်လေးကြိုးစားနေရတယ်...
Post a Comment