ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, October 29, 2014

ဥဒါန်း ဂါထာတော်


ဟယ်……………..
တဏှာလက်သမား
သင်ကား
ငါ၏ ခန္ဓာအိမ်ကို ဆောက်နိုင်သေးရဲ့လား……….

Posted on: Thursday, October 23, 2014

အတွေးထဲ သို့ ရောက်နေသော သေခြင်းတရားများ

ယခုတလော အတွေးထဲသို့ သေခြင်းတရားများ အကြောင်းက နေ့စဉ်လိုလို ရောက်နေတတ်သည်။
တမင် တွေးယူတာမျိုးမဟုတ်ပါပဲ  ဘာကြောင့် မှန်းမသိအောင် အတွေးက ရောက်ရောက်
သွားသည်။

သာသနာတွင်းအလှူ နိဗ္ဗာန်ယူ




 အလှူ နှစ်မျိုးရှိတယ်။သာသနာပ အလှူ နဲ့  သာသနာတွင်းအလှူ။
သစ္စာမသိပဲနဲ့  ကမ္မသက္ကဿ ဥာဏ်ကလေးနဲ့  လှူဒါန်းတဲ အလှူကို
သာသနာပ အလှူလို့  ခေါ်တယ်။သစ္စာအသိဥာဏ်ခြံရံပြီးတော့ လှူတဲ့
အလှူကို သာသနာတွင်းအလှူလို့ ခေါ်တယ်။ သစ္စာမသိပဲနဲ့ 
သာသနာ ပ  အလှူကိုလှူလိုက်တော့ ကုသိုလ်ထဲမှာ အကုသိုလ် ရောတာပေါ့။

Posted on: Friday, October 17, 2014

ခန္ဓာဖြင့် သက်သေပြသွားသော ဘဘ ဦးအုံးရီ


                                       ♦♦♦၀ိပဿနာ အကျိုး(၇)မျိုး♦♦♦
               
                             ညည်းညူမရှိ ၊ သတိမမေ့ ၊ ချိန်နေ့ သိပြန်၊
                                     မျက်လှန်ကြောဆွဲ ၊ မရှိပဲ နှင့် ၊
                            သေလည်းမတောင့်တင်း ၊ ပုပ်နံ့ ကင်းသည်၊
                                ကျိုးရင်း ၀ိပဿနာ တန်ခိုးတည်း။

Posted on: Wednesday, October 15, 2014

သစ္စဥာဏ် ကိစ္စဥာဏ် ကတဥာဏ်





ခန္ဓာမှာ နာတယ် ကျင်တယ် အောင့်တယ် ပူတယ် အေးတယ် ဆိုတာခံစားရတော့
ဆင်းရဲလား ချမ်းသာလားမေးရင်  ဆင်းရဲပါတယ် ဆင်းရဲတဲ့ အတွက်ကြောင့်
ဒုက္ခ လို့ ပြောတာ။  အမှန်တကယ် ဟုတ်လို့ မို့ လဲ  သစ္စာလို့ ပြောတာ။
ဒါကြောင့်နာတယ်  ကျင်တယ် အောင့်တယ် ပူတယ် အေးတယ်

Posted on: Tuesday, October 14, 2014

ယုတ်သော မြတ်သော အသက်ရှင်ခြင်း



လူရယ်လို့ ဖြစ်ပြီး နာမ်ရုပ် မသိ။ ပညတ် ပရမတ် မသိ။ ဖြစ်ပျက် မသိပဲ
အသက်တစ်ရာနေသောသူသည် ယုတ်သောအသက်ရှင်ခြင်းဖြစ်တယ်။
လူရယ်လို့ ဖြစ်ပြီး နာမ်ရုပ် ။ ပညတ် ပရမတ် ။ဖြစ်ပျက်  ကိုသိပြီး အသက်
တစ်ရက် ရှင်ရခြင်းသည် မြတ်သောအသက်ရှင်ခြင်းဖြစ်တယ်။

Posted on: Sunday, October 5, 2014

ညစ်ကျယ်ကျယ် သမီးတော်

သမီးတော်နေတာက ရှမ်းပြည်နယ်မြောက်ပိုင်းထဲက မြို့ တစ်မြို့ ဖြစ်တာကြောင့် တက္ကသိုလ်ကို
လားရှိုးမှာ တက်ရပါတယ်။အဲ့ဒီတုံးက လားရှိုးက တက္ကသိုလ်မဖြစ်သေးပါဘူး။ ရိုးရိုးကောလိပ်
ကျောင်း အဆင့်ပဲ ရှိပါသေးတယ်။