ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, October 17, 2014

ခန္ဓာဖြင့် သက်သေပြသွားသော ဘဘ ဦးအုံးရီ


                                       ♦♦♦၀ိပဿနာ အကျိုး(၇)မျိုး♦♦♦
               
                             ညည်းညူမရှိ ၊ သတိမမေ့ ၊ ချိန်နေ့ သိပြန်၊
                                     မျက်လှန်ကြောဆွဲ ၊ မရှိပဲ နှင့် ၊
                            သေလည်းမတောင့်တင်း ၊ ပုပ်နံ့ ကင်းသည်၊
                                ကျိုးရင်း ၀ိပဿနာ တန်ခိုးတည်း။


မိုးကုတ်မြို့  ဓမ္မရံသီကျောင်းတိုက် မိုးကုတ် ၀ိပဿနာရိပ်သာ မှ အလုပ်အမှူဆောင်
ဥက္ကဌ ဘဘဦးအုံးရီ(၇၃)နှစ်သည်(၂၀-၈-၂၀၁၄)နေ့ တွင် ကွယ်လွန်သွားခဲ့ပါသည်။
၎င်း မကွယ်လွန်မှီ`၌ ကျန်းမာရေးအတွက် မန္တလေးမြို့ တွင် ဆေးစစ်သွားခဲ့သည်။
ဆေးစစ်ပြီးနောက် မိုးကုတ်မြို့ သို့ ပြန်မည့် မနက်တွင် ဘဘ ဦးအုံးရီသည်
ရေ ချိုးသည် သမီးနှင့်ဇနီးမှ စောစောစီးစီး ဘာလို့ ရေချိုးနေလဲ
နေမကောင်းဖြစ်နေမယ် ဟု သတိပေးသောအခါ
ကိုယ့်ခန္ဓာ ကိစ္စ ကိုယ်လုပ်ရမယ်ကွ ကိုယ့် ဘာသာ ရေမချိုးရင်
သူများက ချိုးပေးနေရမယ် သေမှ အရှက်ကွဲနေမယ်  ဟု ပြန်ပြောခဲ့သည်။
ထို့ နောက်  ဘဘ ဦးအုံးရီသည် ဆံပင်များကို ရိတ်သိမ်းပြန်၏။
သမီးနှင့် ဇနီးက လုပ်ပြန်ပြီ ခေါင်းတွေရိတ်နေပြန်ပြီ  ဟု အလိုမကျစွာ
ပြောကြသောအခါ  ဘဘဦးအုံးရီက
ကိုယ့် ကိစ္စ ကိုယ်လုပ်တာလေ ကိုယ်က မလုပ်ရင် သူများက လုပ်ပေးနေရမှာပေါ့  ဟု
ပြောပြန်သောအခါ သမီးနှင့်ဇနီးမှာ  ထူးထူးဆန်းဆန်းတွေပြောနေသဖြင့်
ဘာတွေပြောနေမှန်းကိုမသိဘူး   ဟု ပြန်ပြောကြ၏။
ထိုအခါ ဘဘဦးအုံးရီက  အေး ဘာပြောလဲဆိုတာ ခန္ဓာက သက်သေပြလိမ့်မယ် ဟု
ပြန်ပြောပြန်၏။ သမီး နှင့်ဇနီးက အမှူမဲ့ အမှတ်မဲ့ သာနေဖြစ်သည်။
ပစ္စည်းများ ကားပေါ်တင်သည့်အချိန်တွင် ဖေကြီး ခဏ ထိုင်စောင့်အုံးပစ္စည်းတွေ
ကားပေါ်တင်လိုက်အုံးမယ်ဟု ပြောပြီး ကုလားထိုင်တွင် ထိုင်စရာပေးကာ
စောင့်ခိုင်း၏။ ပစ္စည်းများတင်ပြီး၍  ဖေကြီးသွားကြစို့  ဟု လာခေါ်သောအခါ
ဘဘ ဦးအုံးရီမှာ ထိုင်လျှက်နှင့်ပင် စုတိကျနေပြီ ဖြစ်သည်။ စုတိ ကျပြီးသော
ဘဘဦးအုံးရီကို မိုးကုတ်မြို့ သို့  ကားဖြင့်ခေါ်ဆောင်လာသည့်လမ်းတလျှောက်
ဘဘသည် သာမာန်လူတစ်ယောက်ကဲ့သို့ ပင် ထိုင်လျှက် လိုက်ပါလာသည်။
ကား က ဘယ်ဘက်သို့ စောင့်လျှင် ခန္ဓာကိုယ်က လိုက်စောင်းသည် ပြီးလျှင်
မတ်မတ် ပြန်ထောင်နေပြန်သည် မည်သူမှ သီးခြားထိန်းပေးစရာမလိုပေ။
ညာဘက်စောင့်းလျှင် ခန္ဓာက ညာဘက် လိုက်စောင်းသည်။ပြီးလျှင် မတ်မတ်
ပြန်ထိုင်နေသည်။ ထူးခြားလွန်းလှသည်။ ဘဘဦးအုံးရီအား သုံးရက်ထားပြီး
သဂြိုလ်သည့်နေ့ အထိ ခန္ဓာကိုယ်အေးနေသည်မှ အပ ပျော့ပျောင်းစွာရှိနေသည်။
ထထိုင်၍ ရသည်။ လက်များကို အပေါ်အောက်  ဘေး လှူပ်၍ ရသည်။
ဦးခေါင်းကို ဘေးဘယ်ညာ လှည့်၍ ရသည်။ ခြေထောက်များ ကွေးလို့ ဆန့် လို့ ရသည်။
လက်အုပ်ချီ၍ ရသည်။လက်ချောင်းလေးများကိုလည်း ကွေးခြင်းဆန့်ခြင်း
လုပ်၍ ရနေသည်။ သူ့ ကိစ္စ သူပြီးခဲ့သည်။ သံသရာကိုဖြတ်တောက်နိုင်ခဲ့ပြီဟု
အကြွင်းမဲ့ယုံကြည်မိပါသည်။ စုတိ မကျခင်ပြောသွားသောစကားများကလည်း
အသိပေးခဲ့ခြင်းဖြစ်သည်။ ကြည်နူးစရာကောင်းလှသည်။ကြည်ညိုစရာကောင်းလှသည်။

ဘဘဦးအုံးရီသည် ဓမ္မရံသီ ကျောင်းတိုက်ကြီးစတင်တည်ထောင်စဉ်ကပင်
ဓမ္မရံသီ ဆရာတော် အရှင်သုနန္ဒ မထေရ်မြတ်အား တရားဟောခရီးစဉ်များတွင်
ကားမောင်း၍ လိုက်ပါပို့ ဆောင်ခဲ့သောသူဖြစ်သည်။ ခရီးစဉ်များကို ကိုယ်တိုင်
လိုက်ပို့ သကဲ့သို့ တရားတော်များကို လေးမြတ်စွာနာယူကာ ကိုယ်တိုင် အား
ထုတ်လေ့ရှိသူဖြစ်သည်။ နှစ်သက်ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပါသည်။


ဓမ္မရံသီ ကျောင်းတိုက် ဦးစီပဓာန နာယက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ အရှင်မြတ် ကြည့်ရှူနေစဉ်



                         ဓမ္မရံသီ ဆရာတော်နှင့် အမှတ်တရ ရိုက်ကူးထားသော ဓါတ်ပုံ
                         ဓမ္မရံသီ ဆရာတော်နှင့် အမှတ်တရ ရိုက်ကူးထားသော ဓါတ်ပုံ
                                              မင်္ဂလာဆောင်စဉ်က ဓါတ်ပုံ
                                                ဒါနပြုစဉ်က ဓါတ်ပုံ
       ဓမ္မရံသီကျောင်းတိုက်၏ ဒုတိယ ဦးစီးပဓာန နာယက ဆရာတော် အရှင် ဣဿရိယ




                                     လက်များပျော့ပျောင်းနေသည်ကို လုပ်ပြနေစဉ်
                                  ခန္ဓာကိုယ်ပျော့ပျောင်းနေသဖြင့် ထထိုင်၍ ရသည်
                                     ထထိုင်၍ တရားရှူမှတ်သကဲ့သို့ လုပ်ပြနေစဉ်
                                         လက်အုပ်ချီသကဲ့သို့ လုပ်ပြနေစဉ်
                             လက်များကို အပေါ်ထိ မြောက်၍ ရသည်ကိုလုပ်ပြနေစဉ်






ဗွီဒီယိုဖိုင်ကို သမီးတော် မဖြတ်တောက်တတ်လို့  ဖုန်းနဲ့ရိုက်ပြီး တင်ပေးရတာ
ခွင့်လွှတ်ပါနော် သိတ်တော့အဆင်မပြေဘူးပေါ့ နည်းနည်းတော့ကြည့်လို့ရပါတယ်။

 +++++++++++++++++++


ဝိပဿနာ ဘာဝနာကို ခန္ဓာဥာဏ်ရောက်အောင် အားထုတ်နိုင်ကြသည်ဖြစ်၍
 အရိယာတို့ သွားရာလမ်းကိုဖြောင့်တန်းစွာလျှောက်လှမ်းနိုင်ကြပါစေ။



                                    *****တတိယမြောက်သမီးတော်*****

5 comment:

စံပယ်ချို said...

သမီးတော်ရေးသားပြတာတွေကို အရင်ကဂျက်မသိခဲ့ဘူး ဗဟုသုတလဲနဲလို့လေ
ကျေးဇူးပါသမီးတော်

Anonymous said...
This comment has been removed by a blog administrator.
3rdthameetaw said...

ဟုတ်ကဲ့ပါ ဂျက်ရေ

Aunty Tint said...

ရောက်ခဲ့တယ် သမီးတော်ရေ... သံသရာအတွက် ကိုယ်တတ်စွမ်းသလောက် ကျင့်ကြံအားထုတ်သင့်တဲ့ ၀ိပဿနာတရားအလုပ် ...

3rdthameetaw said...

ကျေးဇူးပါ မတင့်
အားကျ အတုယူစေချင်မိလို့ ပါရှင်