ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, November 29, 2014

မဟာဂန္ဓာရုံ ဆရာတော်ဘုရား၏ ကြည်ညိုဖွယ်ရာ စိတ်ထား

 ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့  ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ လက်ထက်ကလျှင် ရသည့်တန်ခိုး ထပ်မညှိုးအောင်
အားကြိုးမာန်တက်  ငါဆောင်ရွက်သည် ဆက်လက်တည်တံ့ရုံသာတည်း။
(တစ်ဘ၀ သံသရာ စာမျက်နှာ - ၃၈၉)

Posted on: Wednesday, November 26, 2014

နှစ်နှစ်ပြည့် ဘလော့ဆိုဒ် အလှု အတွက် ဆုတောင်း မင်္ဂလာ


မောင်(စွယ်စုံကျမ်း)နှင့်တကွ အလှုရှင်များအားလုံးရဲ့ ကောင်းမှုနဲ့ 
ဒိုမိန်း ၀ဘ်ဆိုဒ်လေးကို အသုံးပြုခွင့်ရခဲ့တာ နှစ်နှစ် ပြည့်ခဲ့ပါပြီ။
မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို အလေးအမြတ်ထားပြီး
မိမိ နိုင်ရာ အခန်းကဏ္ဍကနေ ဒါန တစ်ခု စုပေါင်းပြီးပြုခဲ့ကြတဲ့အတွက်
ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။

Posted on: Thursday, November 20, 2014

နှမျောစရာကောင်းသော ဘဝ



 တရားအားထုတ်တယ်ဆိုတိုင်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါရဲ့လား…..

Posted on: Monday, November 10, 2014

တစ်ဦးနောက် တစ်ဦးလိုက်၍ ကျင့်ကြံကြခြင်း



တရားနဲ့အညီ အိမ်ရာတည်ထောင် လူ့ ဘောင်မှာနေတဲ့ လူတစ်ယောက်ဟာ
တစ်နေ့ မှာ ဇနီးဖြစ်သူကို  “ ချစ်နှမ…ငါ ရဟန်းပြုလိုတယ်” လို့  ပြောတော့
ဇနီးဖြစ်သူက ၀မ်းကြာသိုက်မှာတည်နေတဲ့  ကလေး ဖွားမြင်ပြီးမှ ရဟန်း
ဝတ်ပါလို့  တောင်းဆိုပါတယ်။ခင်ပွန်းသည်ကလည်း ဇနီး ရဲ့အလိုအတိုင်း
ကလေးငယ် ဖွားမြင်ပြီးလို့  လမ်းလျှောက်တတ်တဲ့ အချိန်ထိ စောင့်ပြီးမှ
နောက်တစ်ဖန် ခွင့်တောင်းပြန်ပါတယ်။ ခွင့်တောင်းတော့ ဇနီးသည်က
ကလေး အရွယ်ရောက်တဲ့အချိန်ထိ စောင့်ပါအုံးလို့ ဆိုပြန်တော့
ခင်ပွန်းဖြစ်သူလည်း ဇနီးသည်ကိုခွင့်တောင်းနေလို့ တော့ ရဟန်းဝတ်ခွင့်
ရတော့မှာမဟုတ်ဘူးဆိုတာသိပြီး မိမိရဲ့ ၀ဋ်ဆင်းမှ လွတ်မြောက်ဖို့ ရာအတွက်
ကိုသာ ရှေ့ရှူလို့  ရဟန်းပြုခဲ့ပါတယ်။

Posted on: Sunday, November 2, 2014

ကြည်ညိုခဲ့မိသော ဂါထာလေးတစ်ပုဒ်

 မိလက္ခ မုဆိုးကြီး  အနှစ်ငါးဆယ်လုံးလုံး ပါဏာတိပါတ ကံ နဲ့ အသက်မွေးပြီး
အကုသိုလ်တွေ ဆိုးလွန်းလို့  ရဟန်းတစ်ပါးခပ်ထည့်ထားတဲ့ ရေကိုတောင်မမြင်ရဘူး တဲ့ ။
ရေက အိုးထဲမှာအပြည့်ရှိပေမယ့် သူတောင်စင်တစ်ပါးခပ်ထားတဲ့ရေကို အကုသိုလ်
အားကြီးတဲ့သူက မမြင်ရဘူး။အိုးထဲကို ငုံ့ ကြည့်တာ ရေတစ်စက်မှမရှိဘူးလို့ ပဲ မြင်တာတဲ့ ။
ကြည့်စမ်း  ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲနော်။