ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, November 29, 2014

မဟာဂန္ဓာရုံ ဆရာတော်ဘုရား၏ ကြည်ညိုဖွယ်ရာ စိတ်ထား

 ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့  ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ လက်ထက်ကလျှင် ရသည့်တန်ခိုး ထပ်မညှိုးအောင်
အားကြိုးမာန်တက်  ငါဆောင်ရွက်သည် ဆက်လက်တည်တံ့ရုံသာတည်း။
(တစ်ဘ၀ သံသရာ စာမျက်နှာ - ၃၈၉)


 ကိုယ်တည်းတစ်ယောက်၊ ဆင်းရဲရောက်လို့ ၊ ကိုယ့်နောက်အများ၊ ချမ်းသာပွားမူ၊
တစ်ပါးဖြစ်ထွေ၊ ဆင်းရဲစေတော့။ စိတ်နေခုလို၊၀မ်းဝယ်သို၍၊ ထိုထိုအလုပ်၊
လွန်ကြိုးကုတ်သော်၊ မဟုတ်သတင်း၊လုပ်ဇာတ်ခင်းလျက်၊ ချင်းချင်းရွဲ့ သံ၊
ကဲ့ရဲ့သံကို၊နာခံမငြီး၊ပြည်လုံးဟည်းမျှ၊ဝေးနီးအနှံ၊ပျံ့အောင်ဖြန့်လည်း၊
မခံ့တခံ့၊ခံတခံ့ နှင့်၊ကြံ့ကြံ့ပုံသေ၊ခံခဲ့ပေ၏။
(တစ်ဘ၀သံသရာ စာမျက်နှာ -၃၉၄)

လူဟုဆိုလျှင်၊လူလိုပင်သာ၊လူတွင်တွေ့ရိုး၊ကြောင်းအကျိုးနှင့်၊ကောင်းဆိုးနှစ်တန်၊
လောကဓံကို၊ အမှန်တွေ့မြဲ၊စိတ်ဝယ်စွဲ၍၊၀မ်းနည်းဝမ်းသာ၊မများပါမှ။
(တစ်ဘ၀ သံသရာ စာမျက်နှာ-၁၀၅)

လူ့ဘုံထုံးစံ၊ကဲ့ရဲ့ဒဏ်ဖြင့်၊ရန်မာရ်ပိတ်သဲ၊ခရီးခဲ`၌၊စိတ်ဇွဲသန်သန်၊
နောက်မပြန်ဘဲ၊ရဲမာန်ရဲဆေး၊ရဲစိတ်မွေးလျက်၊ရဲသွေးနီနီ၊စီရရီ...
(တစ်ဘ၀ သံသရာ  စာမျက်နှာ  -၂၈၉)

တပည့်တော်ရဲ့ ကျောင်းတိုက်တစ်တိုက်သာ ကောင်းဖို့ လောက်ဆိုရင်
ဒါလောက် မကြိုးစားပါဘူး။ နောင်အနာဂတ်အတွက် နိုင်ငံရော သာသနာရော
ကောင်းဖို့ ကို ရည်ရွယ်တာ ဖြစ်ပါတယ်။တပည့်တော် စိတ်မှာ တိုက်တစ်တိုက်
 ဂိုဏ်းတစ်ဂိုဏ်း သာသနာ တစ်ရပ် ကောင်းစားရေး ဆိုတဲ့စိတ်ထားမရှိပါဘူး။
အများကောင်းစားစေလိုတဲ့စိတ်ချည်းပါပဲ။တပည့်တော်က သာသနာရေးစိတ်နဲ့ ချည်း
ကြိုးစားတာ မဟုတ်ပါဘူး။ နိုင်ငံရေးစိတ်နဲ့လည်း ကြိုးစားတာပါ။
ဗုဒ္ဓမြတ်စွာရဲ့အမွေအနှစ်ဖြစ်တဲ့  သာသနာတော်ကြီးကိုလည်းကောင်း၊
သာသနာတော်ကိုကြည်ညို ထောက်ပံ့ကြတဲ့  ဒကာ ဒကာမ တို့ နေရာ
နိုင်ငံတော်ကိုလည်း အင်မတန် သာယာစေလိုတဲ့ဆန္ဒ တပည့်တော်မှာ
ပြင်းပြနေပါတယ် ဘုရား။ ပြီးတော့လည်း သာသနာတော်ကို
အကြောင်းပြပြီး နိုင်ငံပါ အေးချမ်းသာယာတယ်ဆိုတဲ့ ဂုဏ်ကို
အလွန်လိုချင်ပါတယ်။
(ကိုယ်တိုင်ရေး ထေရုပတ္တိ)

ဒီအတိုင်းသာ သဘောထားကြီးကြီး တစ်ဦးနဲ့တစ်ဦး အနွံနာခံပြီး သည်းခံမှုဖြင့်
စိတ်ရှည်ရှည်ထား ဆောင်ရွက်ကြရင် သာသနာဟာ နေလို လလိုမက ကမ္ဘာ
စံပြုပြီး အကြည့်ခံရမှာပါ။ ဒါလောက်မကသေးပါဘူး လူတိုင်း၏ လေးစားမှု
ခံယူကြရပြီး ကျင့်သုံးသူ ကိုးကွယ်သူများဟာ ယခုဘ၀မှာပင် ရင်အေးပြီး
သာသနာရေးပါ မြော်တွေး၍ အေးချမ်းမှုလည်း ဖြစ်နိုင်ကြရပါမည်။
(တစ်ဘ၀ သာသနာ စာမျက်နှာ  -၂၈၈)

ဘုရားအလောင်းတော်၏ ပါရမီတော် ကျင့်စဉ်ကို အားကျကာ သာသနာတော်
အတွက် ဆိုလျှင် အသက်ပင်သေသေ မနေမနား ကြိုးစားမည်ဟု စိတ်ထားခဲ့ပေသည်။
" ဘုရားဖြစ်မှ သာဝကဖြစ်မှ တပည့်တော်က ကြည်ညိုတာ မဟုတ်ပါဘူး။
အလောင်းတော်ဘ၀ကိုပါ ကြည်ညိုတာပါ"
(တစ်ဘ၀ သံသရာ စာမျက်နှာ -၃၅၇)

ဤခံယူချက် ယုံကြည်ချက်အတိုင်း အစဉ်တစိုက် ပြုလုပ်ကျင့်ဆောင်ခဲ့ပုံကို
 ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး ထေရုပတ္တိ တွင် ၅ ကြိမ်တိုင်တိုင်
ဥဒါန်း ကျူးရင့်ခဲ့သော လင်္ကာ......

ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ
လူနတ်များစွာ ချမ်းသာရေးမို့ 
အသက်ပေးလို့  ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့
ငါပါအသက် ဆုံးစေမည်။
စိတ်မပျက်ပေါင် ခုလိုတွေးလို့ 
ကုသိုလ်ရေးမို့  ကြိုးစားမည်။

++++++++++++++

ဤစာစုများဖြင့် ဆရာတော်ဘုရားကြီးအား ကြည်ညိုမြတ်နိုးရှိခိုးပါ၏ အရှင်ဘုရား


                 *****တတိယမြောက်သမီးတော်*****

4 comment:

Aunty Tint said...

ဘ၀အသိလေးတွေ တိုးပွားစေတယ် သမီးတော်ရေ....
ပြန်လည်ရေးသားမျှဝေပေးတဲ့အတွက် ကျေးဇူးပါ။
သာဓု သာဓု သာဓု

3rdthameetaw said...

ဟုတ် မမတင့်
....:)

စံပယ်ချို said...

သိသင့်တာလေးတွေမို့မှတ်သားခဲ့ပါတယ်

3rdthameetaw said...

ဟုတ်ကဲ့ပါ ...ဂျက်ရေ