ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, December 23, 2014

အဘိဓမ္မာ မတတ်သော်လည်း

 တရားထူး ရဖို့ အားထုတ်မယ် ၀ဋ် မှ ထွက်မြောက်ကြောင်း နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ ရန်
အားထုတ်မယ်ဆိုရင် အဘိဓမ္မာ မတတ်သော်လည်းပဲ ဆရာသမားနဲ့ အားထုတ်ရင်ဖြစ်တယ်။
အဘိဓမ္မာ အများကြီးတတ်ဖို့ မလို ဘူး။တတ်ရင်တော့ကောင်းပါတယ်။ သို့ သော် ဒီစိတ်
စေတသိက် ရုပ်နိဗ္ဗာန်  ဒါတွေ အကုန်လုံးသိမှ မင်းတရားထိုင်ရမယ်။ ဒီလိုပြောလို့ မရဘူး။
အဲ့ဒါ သတိထားရမယ်။

Posted on: Thursday, December 11, 2014

သိထားရမည့် ဒုက္ခသစ္စာ



 ပဋိသန္ဓေနေရခြင်း၊အိုရခြင်း၊နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော
သတ္တ၀ါ သင်္ခါရတို့ နှင့်အတူတကွ ပေါင်းယှဉ်ရခြင်း၊ချစ်နှစ်သက်အပ်သော
သတ္တ၀ါသင်္ခါရတို့ နှင့် ကွေကွင်းခွဲခွါရခြင်း၊ မိမိလိုအင်ဆန္ဒမပြည့်ဝခြင်း၊
စိုးရိပ်ပူဆွေးရခြင်း၊ငိုကြွေးရခြင်း၊စိတ်နှလုံး မသာယာခြင်း စသည့် ကိုယ်စိတ်
နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့ သည်သာမာန်ဆင်းရဲခြင်း အနက်သဘော
ရှိသော ဒုက္ခဒုက္ခ တွင် အကျူံးဝင်လေသည်။

Posted on: Thursday, December 4, 2014

ပညာ နှင့် သဒ္ဓါ


ဝီမံသနာ  ပတိရူပေန အသဒ္ဓိယံ ၀ဉ္စေတိ။

ဝီမံသနာ မတိရူပေန=စုံစမ်းဆင်ခြင်ခြင်း ပညာတရားနှင့်တူသဖြင့်၊
အသဒ္ဓိယံ= သူတစ်ပါးကိုမယုံကြည်ခြင်း အသဒ္ဓိယ တရားသည်၊
ဝဉ္စေတိ=လှည့်ပတ်တတ်၏။