ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, December 11, 2014

သိထားရမည့် ဒုက္ခသစ္စာ



 ပဋိသန္ဓေနေရခြင်း၊အိုရခြင်း၊နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော
သတ္တ၀ါ သင်္ခါရတို့ နှင့်အတူတကွ ပေါင်းယှဉ်ရခြင်း၊ချစ်နှစ်သက်အပ်သော
သတ္တ၀ါသင်္ခါရတို့ နှင့် ကွေကွင်းခွဲခွါရခြင်း၊ မိမိလိုအင်ဆန္ဒမပြည့်ဝခြင်း၊
စိုးရိပ်ပူဆွေးရခြင်း၊ငိုကြွေးရခြင်း၊စိတ်နှလုံး မသာယာခြင်း စသည့် ကိုယ်စိတ်
နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့ သည်သာမာန်ဆင်းရဲခြင်း အနက်သဘော
ရှိသော ဒုက္ခဒုက္ခ တွင် အကျူံးဝင်လေသည်။


ပျော်ရွှင်သောစိတ်နှလုံး၊ချမ်းသာသော ဘ၀ အခြေတို့ သည် အစဉ်ထာဝရ
တည်မြဲခိုင်ခြံ့ကသည်မဟုတ်ပေ။ အနှေးနှင့်အမြန် တမျိုးတဖုံ ပြောင်းလဲ
တတ်သည်သာဖြစ်သည်။ ဤကဲ့သို့ ပြောင်းလဲသောအခါ နာကျင်ခြင်း ၊
ဆင်းရဲခြင်း၊ စိတ်မချမ်းမြေ့ ခြင်းတို့  ဖြစ်ပေါ်ရ၏။ ဤသို့  ဖေါက်ပြန်ပြောင်းလဲ
ခြင်းမှ ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခကို ၀ိပရိဏာမဒုက္ခ ဟုခေါ်သည်။

သင်္ခါရ ဒုက္ခကို နားလည်သဘောပေါက်ရန် သတ္တ၀ါ ပုဂ္ဂိုလ် ငါ ဟူသော
သဘောတရားများ၏ အရင်းအမြစ်ကို နားလည်ရန် လိုအပ်ပေသည်။
သတ္တ၀ါ ပုဂ္ဂိုလ် ငါဆိုသည်မှာ အစဉ်အမြဲ ပြောင်းလဲ ဖြစ်ပျက်နေသော
ရုပ်နာမ်တို့ ၏ အစုအဝေး ခန္ဓာငါးပါးပင်ဖြစ်သည်။ ငါးပါးသော တပ်မက်မှု
အစုအဝေး(ပဉ္စုပါဒါနက္ခန္ဓာ)သည် ဒုက္ခဆင်းရဲဖြစ်သည်။ထို့ ကြောင့်
သတ္တ၀ါသည် ခန္ဓာငါးပါး။   ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲဖြစ်သည်။

သတ္တ၀ါ  လူ  ငါ ဟူသော ခန္ဓာငါးပါးသည် မတည်မြဲ၊ အစဉ်ဖောက်ပြန်
ပြောင်းလဲလျှက်ရှိ၏။ မတည်မြဲသမျှသည် ဒုက္ခ ဆင်းရဲပင်ဖြစ်သည်။

ဤဒုက္ခဆင်းရဲကို ကောင်းစွာသဘောပေါက်ရန် နားလည်ရန် အလွန်
အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဟောကြားတော်မူသည့်
အတိုင်း ဒုက္ခဆင်းရဲခြင်းကိုမြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း
မြင်၏။ ဆင်းရဲချူပ်ရာ(နိဗ္ဗာန်)ကိုလည်းမြင်၏။ ဆင်းရဲချုပ်ရာ(နိဗ္ဗာန်)သို့ 
သွားရာလမ်းကြောင်း ရောက်ကြောင်း အကျင့်ကိုလည်း မြင်၏။
ထိုသို့ မြင်နိုင်သောကြောင့် ဒုက္ခသစ္စာကို ကောင်းစွာ သဘောပေါက်
နားလည်ရန် အလွန် အရေးကြီးသည်။

။  ။(ဗုဒ္ဓဘာသာကောင်းတစ်ယောက်  စာမျက်နှာ-၄၀၅ (ဒုက္ခသစ္စာ)  )။  ။

ထိုဒုက္ခသည် သင်္ခါရဒုက္ခမည်၏။သင်္ခါရ ဒုက္ခကိုရှုမှတ်ဆင်ခြင်နိုင်မှသာ
နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မည်ဖြစ်သည်။

ဒုက္ခဒုက္ခ  နှင့် ၀ိပရိဏာမဒုက္ခသည် သံဝေဂ ဥာဏ်ကိုသာဖြစ်စေ၏။
သင်္ခါရ ဒုက္ခ ကို ဥာဏ် ပညာဖြင့် မြင်အောင်ကြည့်နိုင်ကြပါစေ။

*****တတိယမြောက်သမီးတော်*****

0 comment: