မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ရှင်အာနန္ဒာအား
ရာဇဂြိုလ်ပြည်ကို အမှီပြု၍နေသော ရဟန်းအားလုံးကို ဓမ္မာရုံ၌
စုဝေးစေလော့ဟု မိန့်တော်မူ၏။ ရှင်အာနန္ဒာ မထေရ်သည်
ဝေးသောကျောင်း၌ နေသောရဟန်းတို့ထံတန်ခိုးရှင်ရဟန်း
တို့ ကိုစေလွှတ်၍၎င်း။ နီးသောကျောင်း၌နေသောရဟန်းတို့ထံ
ကိုယ်တိုင်သွားရောက်၍၎င်း။ မြတ်စွာဘုရားသည် အရှင်တို့၏
စည်းဝေးခြင်းကို အလိုရှိတော်မူ၏ ဟု လျှောက်ထားကာ ဓမ္မာရုံ၌
စည်းဝေးစေပြီးလျှင် မြတ်စွာဘုရားရှင်ထံတော်မှောက် ၀ပ်လျိုး
ရှိခိုးကာ
ရဟန်းအားလုံးစုဝေးမိပါပြီ ကြွတော်မူရန် အချိန်ကိုသိတော်မူပါဘုရား
(ကြွရန်မှာ ရှင်တော်ဘုရား၏ အလိုတော်အတိုင်းဖြစ်ပါသည်)ဟု
လျှောက်ထားလေ၏။