ပထမ အရွယ်မှာ ပညာရှာ။ ဒုတိယ အရွယ်မှာ
ဥစ္စာရှာ။ တတိယအရွယ်မှာ တရားရှာ ဆိုတဲ့ စကား
တချို့ တွေ ပထမအရွယ်မှာတင် ဘ၀ပြောင်းကြပါတယ်။တချို
့တွေ ဒုတိယအရွယ်မှာတင်
ဘ၀ပြောင်းကြပါတယ်။ တချို့ တတိယ
အရွယ်မှာ တရားတော့ရှာကြတယ် ဦးနှောက်တွေက
ထက်ထက်မြက်မြက် မရှိကြလေတော့ ဟောတဲ့တရားဘာတရားမှန်းမသိ။
အာရုံလည်းမရ။
နှစ်သက်တမ်းအကြာကြီး ပင်ပန်းဆင်းရဲစွာလုပ်ကိုင်ရှာဖွေစားသောက်လာတဲ့
ဒဏ်ချက်တွေ
ကြောင့် ချိနဲ့စွာ တရားအားထုတ်နေကြတာတွေ
အများကြီးပါပဲ။ ဒီလိုနဲ့ပဲ ဘ၀ တစ်ခု
အဆုံးသတ်သွားတယ် သစ္စာတရား ဆိုတာဘာမှန်းကိုမသိလိုက်ရရှာပါဘူး။
ဆရာဘုန်းဘုရားမိန့် တော်မူသလိုပါပဲ။
မွေး လာ
ရှာ စား
နာ ဖျား
အို သေ တဲ့ ။
မွေးလာကြတယ် ရှာဖွေစားသောက်ကြတယ် ပြီးတော့ နာဖျားပြီး အိုသေကြပါရော။
လူရယ်လို့ ဖြစ်လာကြတာ တန်ဖိုးအရှိဆုံးဖြစ်အောင်ဘယ်လိုနေထိုင်ပြီး
ဘာတွေကို
ရှာဖွေသင့်သလဲဆိုတာ သိမသွားကြဘူး။ဘာသာခြားများကို
မဆိုထားနှင့်။
ဗုဒ္ဓဘာသာ လို့ ခံယူထားပါလျှက် သစ္စာတရားဆိုတဲ့စကားလေးတောင်
မကြာဖူး
ကြသူတွေ ဒု နဲ့ ဒေး။
လူဖြစ်လာပြီး သူများ စားသလိုစားရဖို့  သူများဝတ်သလို
ဝတ်ရဖို့  သူများနေသလိုနေရဖို့ 
ရှာကြတယ်။ စက်ဘီးရှိတဲ့သူက ဆိုင်ကယ်ဝယ်နိုင်ဖို့ ။
ဆိုင်ကယ်ရှိတဲ့သူက ကား ၀ယ်နိုင်ဖို
့။ ကားရှိတဲ့သူကလည်း လေယာဉ်ပျံကြီး
ဝယ်နိုင်ဖို့  လုံးပမ်းရင်း သေသာသွားကြတယ်
အနှစ်ပါမသွားရှာဘူး။
ရုပ်ဝတ္ထုတွေကြီးပွားတိုးတက်ရေး
အတွက် ရှာဖွေနေတာနဲ့ပဲ နာမ်ပိုင်းဆိုင်ရာမှာ
တိုးတက်ဖို့  အာရုံကိုမရကြရှာဘူး။
အာရုံရသူများကလည်း သမာဓိလေးရရုံလောက်
နဲ့ ကျေနပ်ပြီး နေသွားကြတယ်။ လူဖြစ်တဲ့အချိန်လေး
လူအထင်ကြီးဖို့  တစ်ခုကို
အာရုံစိုက် အလုပ်လုပ်နေထိုင်သွားကြတော
့ သေခြင်းတရားအတွက် ဘာမှ ထိထိ
ရောက်ရောက်ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ
ပြင်ဆင်နိုင်ခြင်းမရှိကြပါဘူး။
သူထက် ပိုသိအောင်၊ သူ့ ထက် ပိုတတ်အောင်၊
သူ့ထက်ပိုတော်အောင၊်
သူ့ ထက်ပိုပြည့်စုံအောင် ၊သူ့ ထက်
ပိုပြီးထင်ပေါ်ကျော်ကြားအောင်၊
သူ့ ထက်ပိုပြီး အရည်အချင်းရှိအောင်၊သူ
့ထက်ပိုသာအောင် စသည် စသည်ဖြင့်
မအားမလပ်နိုင်အောင်ကို ရှာကြဖွေကြ
ပျော်ကြပါးကြရင်း မအားတဲ့ကြားကပဲ
သေခြင်းတရားက ၀ါးမျိုးသွားပါတော့တယ်။
ဘာများအရယူသွားပါလိမ့်။ ဘာတွေများ
ပါသွားပါလိမ့်။
သာသနာတော်ထွန်းကားနေတဲ့အခိုက်မှာ
သစ္စာတရားတော်များ နာကြားမှတ်သားပြီး
ကျင့်ကြံအားထုတ်ရတာ တန်ဖိုးအရှိဆုံးပါပဲ
လို့  ဘယ်လောက်ပြောပြော
လူမိုက်ဆိုတာမျိုးကလည်း နားကိုမ၀င်တာပါ။
ရွှေဆိုင်ပိုင်ရှင် သူငယ်ချင်းတစ်ယောက်ကို
စေတနာထားပြီး ပြောမိပါတယ်။
နင့်မှာ ပြည့်စုံနေပြီ ဆိုတော့
သစ္စာတရားလေးနာပြီး တရားအားထုတ်ပါလား။
တစ်မဂ် တစ်ဖိုလ်လောက်ရပြီးမှ နင်ဆက်ပြီး
စီးပွားရှာချင်လည်းရှာပေါ့။
ဆိုတော့…..တစ်မဂ် တစ်ဖိုလ် ရပြီးရင်
လောဘ ဘယ်ရှိတော့မလဲဟ
အဲ့ဒီ အခါကျရင် စီးပွားရေးလုပ်ရတာ
သူများနဲ့တန်းတူ ဘယ်ဖြစ်နိုင်ပါ့မလဲ....တဲ့ ။
ကောင်းရော။ ၀ိသာခါ တို့  အနာထပိဏ်
တို့  အကြောင်းလေးတွေပြောပြီး
စည်းရုံးသိမ်းသွင်းလည်း သောတာပန်တည်ပြီးရင် စီးပွားမရှာလောက်
တော့ဘူးနော် တဲ့ လေ။ လောဘ မှ မရှိတော့တာတဲ့ ။ လောဘ ဆိုတာ
အနာဂါမ်တည်မှ ပယ်တာပါ သောတာပန်က
လောဘ ဒေါသ မပယ်ရသေး
ပါဘူးလို့  ပြောပြလည်း ….ဟုတ်လောက်ဘူးတဲ
့။ တရားဟောမိတဲ့
သမီးတော်ရဲ့ အမှားပဲ ဖြစ်ခဲ့ပြီ
ထင်ပါရဲ့ ရှင်။ လောဘ ကုန်မှာစိုးလို့ 
တရားတောင် အားမထုတ်နိုင်ရှာဘူး။
အဲ့ဒီ စကားပြောတုန်းက လွန်ခဲ့တဲ့
လေးနှစ် ကပါ လူပျိုပဲရှိပါသေးတယ်။
ဒူးဆစ်လောက်နစ်တဲ့နွ့ံထဲမှာ
သူဟာ ရုပ်ပိုင်းဆိုင်ရာအောင်မြင်သူတစ်ယောက်
အဖြစ် မြို့ မှာတော့
ရေးပမ်းစားသူပေါ့။ခုတော့ အိမ်ထောင်ကျပြီး
သားလေးတစ်ယောက်နဲ့
ပြည့်စုံတဲ့မိသားစု ဘ၀လေးမှာ တဏှာကျွန်
အဖြစ် နွံ့ နစ်တာ
ရင်ဘတ်လောက်ရှိလောက်ပါပြီ။ သားအတွက်
မယားအတွက် နဲ့ 
တဏှာကျွန် နွံ့ မှာနစ်ရင်း တရားရှာဖို
့မအားနိုင်လောက်တော့ဘူး
ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုတွေက
ဘ၀ ကိုကျေနပ်
စေတာနဲ့ ပဲ သစ္စာတရားရှာဖို့  ဘယ်အချိန်မှ
စိတ်ကူးမိမယ်မသိတော့ပါဘူး။
နောက်တစ်ယောက်ကတော့ ရင်နာစရာပိုကောင်းလှပါတယ်။
သာသနာတော်နေလို လလို ထွန်းလင်းတောက်ပတဲ့
မိုးကုတ်မြို့ မှာ
တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့ 
စီနီယာ ကြီးပါ။
အချိန်ရရင် ရသလို တရားသွာထိုင်ပါ။
တရားသွားနာပါ။ တရားစခန်းမှာ
နေစဉ်ဆိုသလို တရားဟောတာကို သွားနာရင်
ပိုကောင်းပါတယ်။
တရားကိုအစဉ်အတိုင်းဟောသွားတာမို
့တရားအားထုတ်ရာမှာ
အင်မတန် အထောက်အကူ ဖြစ်စေပါတယ်လို
့ တိုက်တွန်းမှု ပြုခဲ့ပေမယ့်
မအားပါဘူး တဲ့  အလုပ်တွေက ညနေ ၅
နာရီ ၅နာရီခွဲ အထိ စောင့်ကြည့်
နေရတာ မို့  မသွားနိုင်ဘူး တဲ့။
တရားတော့နာဖြစ်ပါတယ်တဲ့။ တရားသာ
မထိုင်ဖြစ်တာပါတဲ့ ။ သိတ်တောင်မကြာလိုက်ပါဘူး။လွန်ခဲ့တဲ့ လေးလ
လောက်ကပဲ အသဲရောဂါနဲ့ ဆုံးသွားရှာပါတယ်။ တနေကုန် အလုပ်တွေ
လုပ်ပြီး စနေ တနင်္ဂနွေပါ အချိန်မပေးနိုင်ရှာတဲ့
စီနီယာကြီးတစ်ယောက်
ဘာတွေများရသွားရှာပါလိမ့်ရှင်။
ဒါန ကုသိုလ် သီလကုသိုလ်တွေလား။
သာသနာ မထွန်းကားတဲ့အချိန်မှာလည်း
လုပ်လို့ ရတဲ့အလုပ်တွေလောက်
နဲ့ ပဲ ပြည့်စုံပြီ တော်လောက်ပြီလို
့နေသွားကြတာပါလား။ ကိုယ်မှ အကုသိုလ်
မလုပ်တာ ဘာသာရေးလည်း အဲ့လောက်လုပ်စရာမလိုဘူးဆိုပြီး
တရားအလုပ်အတွက် အချိန်မပေးနိုင်ကြတာလား။
မအားနိုင်ကြတာလား။
ဒါတွေကြောင့်လည်း မဟာဂရုဏာရှင်
မြတ်စွာဘုရားက ရွှေဥာဏ်တော်
ကွန်ယက်ကိုဖွင့်ပြီး သတ္တ၀ါတွေကိုကြည့်တဲ့အခါ
သနားတော်မူခဲ့တာပါပဲ။
အလီလီ သေရတဲ့ဆင်းရဲ။ဘ၀ ဘ၀ ခန္ဓာရခြင်းကြောင်
့ ဖြစ်ရတဲ့ဆင်းရဲ။
ဒီဆင်းရဲတွေကိုမသိကြရှာပဲကိုး။
သူများတွေလည်း ဒီလိုပဲနေပြီး ဒီလိုပဲသေသွား
ကြတာပဲ ကိုယ်လည်းဒီလိုပဲသေတဲ့အမျိုးပဲ
သေမှာပေါ့ ဆိုသည့်အသိလောက်နှင့်
မဟာ အသိလိုလို လုပ်ပြီး သူရဲကောင်းဆန်နေကြသည်။
သူလည်းသေ ကိုယ်
လည်းသေ ရဲရဲ သေကြမည်ပေါ့။ ဒီသေခြင်းတရားကို
ဘယ်လိုအဆုံးသတ်မလဲ
ဆိုသည့်အဖြေကို မရှာကြ။ သိလို့ ပြောလျှင်လည်း
ထူးပြီးစိတ်မ၀င်စားကြ။
တရားအလုပ်လုပ်ဖို့ မအားသေးပါဘူး
တဲ့ ။ လည်ပေအုံးပေါ့ သံသရာ။
ကွာခြားချက်တစ်ခု ကတော့ သမီးတော်နှင့်ရင်းနှီးခင်မင်သည့်
အမျိုးသမီး
တော်တော်များများသည် တရားစခန်းဝင်ဖူးကြသည်။
ပဋိစ္စသမုပ္ပဒ်သင်တန်း
တက်ဖူးကြသည်။ ဆက်ကြိုးစားခြင်းမကြိုးစားခြင်းကတော့
သူတို့ အပိုင်းသာ
ဖြစ်ပါသည်။ အခြေခံလောက်သိထားလျှင်
အကြောင်းရှိက အတိုင်းအတာတစ်ခု
လောက်ထိ ဆင်ခြင်နိုင်ကြပေလိမ့်မည်။
မအားသည်ရှိစေဦးတော့ သဘော
တရားလေးများသိထားခြင်းကတရားတော်ကို
လေးစားခြင်း မြတ်နိုးခြင်းများနှင့်
မိမိကိုယ်ကို အထိုက်အလျှောက် ကောင်းစွာစောင့်ရှောက်နိုင်ပေလိမ့်မည်။
လုံးဝ မအားပါဟုပြောပြီး ဒိဋ္ဌိ ဘာမှန်းမသိသူများထက်စာလျှင်
တော်ပေစွ ဟု
ဝမ်းသာရပါသည်။
မဂ်ဖိုလ် ဆိုက်ထားပြီးလျှင်တော့
အကောင်းဆုံးပေါ့။ သေလျှင်လည်း
စိတ်ချ လက်ချသေလိုက်ရုံသာ။ အပါယ်လားစရာလည်း
အကြောင်းမရှိတော့။
မအားလည်းသေကြမည့် အတူတူ တရားအားထုတ်ဖို
့တော့ အားဖြစ်အောင်
အားကြစေချင်မိပါသည်။တစ်မဂ်တစ်ဖိုလ်
မရသေးလျှင်လည်း သစ္စာတရားကို
နာကြားထား မှတ်သားထားပြီး ကျင့်ကြံသည့်နည်းစနစ်လေးကို
သိထားတတ်ထား
လေ့ကျင့်ထားဖူးသူများဖြစ်ကြစေချင်ပါသည်။
မအား မလပ်သည့်ကြားက
၅ မိနစ် ၁၀ မိနစ် အချိန်ပေးဖြစ်အောင်
ပေးနိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
2 comment:
မအားမလပ်တဲ့ကြားကနေ အချိန်လုပြီး အားသင့်တာအမှန်ပေါ့ သမီးတော်ရေ.... ကိုယ်တိုင်ကျင့်ကြံအားထုတ်နိုင်ပါမှ သံသရာခရီးအတွက် စိတ်ချရမှာမဟုတ်လားကွယ်... တရားတော်အတွက် သာဓု သာဓု သာဓု။
မအားဘူးဆိုတာကလည်း တဏှာက ညစ်တာ ခံနေလို့ ပါ မမတင့်ရေ
သမီးတော်လည်း အတူတူပါပဲ
ကိုယ့် အဖြစ်ကို တွေးပြီး ရေးထားမိတာပါ...:)
Post a Comment