ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, January 23, 2015

စာနဲ့ လက်တွေ့ 


အဘိဓမ္မာဆိုတာ စာအုပ်ထဲ သွားရှာရတာ မဟုတ်ဘူး။ကိုယ့်ခန္ဓာကိုယ်မှာ
ရှိတာမသိကြလို့ သာ၊အဲ့ဒါကြောင့်မို့  ဒီမှာသင်ရတာ ပိုပြီးတော့ ကောင်းတယ်။
တရားထိုင်တာနှင့်အဘိဓမ္မာ နှင့် တွဲသွားတာ။တရားထိုင်ထားရင် အဘိဓမ္မာ
ပိုသဘောပေါက်တယ် ။အဘိဓမ္မာ နားလည်ထားရင် တရားထိုင်တော့လည်း
ပိုကောင်းတယ်။ အဲ့ဒီလို အပြန်အလှန် ကျေးဇူးပြုသွားတယ်။
 

တကယ် တရားထိုင်ရင် အဘိဓမ္မာ သဘောတွေက တကယ်ကို မြင်မြင်လာတယ်။
ကိုယ်ပိုင် အသိနှင့်သိလာတယ်။ သာမည စာအုပ်ထဲမှာ ရှိတဲ့ဟာတွေ မဟုတ်ဘူး။
ကိုယ်က ပထမ သိထားတယ် တရားထိုင်လိုက်တဲ့အခါတွေ့ ကြုံလာတဲ့အခါ ကျတော့
ဒါ ငါစာထဲတွေ့ တဲ့ ဟာပါလား ဆိုတာ တခါထဲ သိသွားတယ်။ သူများက ပြောနေစရာ
တောင် မလိုဘူး။တရားထိုင်ရင် တွေ့ လို့ သိတဲ့ အသိကျတော့ တကယ်သိတာ။
စာထဲမှတ်သိတဲ့ အသိမျိုး မဟုတ်ဘူ။ အဲ့လို ကွာတာတွေရှိတယ်။
ဒါကြောင့်မို့  တရားလည်းထိုင် အဘိဓမ္မာလည်း လေ့လာ  စာနဲ့ လက်တွေ့ 
တွဲသွားရော။


 အရှင်သီလာနန္ဒာဘိဝံသ



                 *****တတိယမြောက်သမီးတော်*****




2 comment:

Aunty Tint said...

အွန်လိုင်းရောက်တာနဲ့ ဘလော့ဝင်တယ်။ ဒီကနေ့ သမီးတော်နဲ့ မောင်ဇင်မျိုးတို့ရဲ့ ပို့စ် ၂-ပုဒ်ပဲဖတ်ရတယ်။

3rdthameetaw said...

ဘလော့တွေလည်း သရဲ ပြန်ခြောက်နေပြီ မမတင့်
challenge ပြန်ခေါ်မှ ရမယ်နဲ့ တူပါတယ်