ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, February 17, 2015

ပညာ



 အမောဟ  တဲ့ သူကတော့ တစ်ခုထဲမို့ လို့  ခေါ်ချင်သလိုခေါ်လို့ ရတယ်။
ဒါပေမယ့် နာမည်က ပညိနြေ္ဒ တဲ့ အဓိပ္ပါယ်က အာရုံကိုသိခြင်းသဘော၊
ဒါက အဓိပ္ပါယ် သာပြောထားတာ၊အနက်အစစ် မဟုတ်သေးဘူး။

ပညာ ဆိုတာ သိတာ၊ ဣနြေ္ဒဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်က အစိုးရခြင်း
ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။ ဒါကြောင့် ပညိနြေ္ဒ ဆိုတာ သူဟာ ပညာလည်း
ဟုတ်တယ်။ သိတဲ့နေရာမှာ အစိုးတရလည်းဖြစ်တယ်။ ဒါကြောင့်မို့ 
ပညိနြေ္ဒ လို့ ခေါ်တယ်။ အာရုံကိုအမှန်အတိုင်းသိခြင်းသဘော။

ဒီမှာဆိုလိုတဲ့ ပညာက တကယ့်ကို ရုပ်နာမ်သဘောကို ထိုးထွင်းသိတဲ့
ပညာကို ဆိုလိုတာ၊ ဆိုပါတော့ သင်ကြားတဲ့ ပညာတွေလည်း တတ်ကြတယ်
မဟုတ်လား၊ အမှန်အတိုင်းပြောရင် ဒါတွေကို ဦးဇင်းတို့ က ပညာလို့ 
မခေါ်ဘူး၊ တစ်နည်းနည်း နဲ့ တခြားနာမည်နဲ့ခေါ်ချင်ခေါ်ပေါ့။ ဗဟုသုတ
လို့ ခေါ်ချင်ခေါ်၊ အတတ်လို့ ပဲ ခေါ်ခေါ်။

ပါဠိတော်တွေမှာ ပညာဆိုတဲ့ စကားလုံးကို သုံးပြီဆိုရင်  ရုပ်နာမ် သဘောကို
အမှန်အတိုင်း  ထိုးထွင်းပြီးသိတာမျိုး ဒီထက်တစ်ဆင့်တက်လိုက်ရင်
သစ္စာလေးပါးတရား နိဗ္ဗာန်ကို ထိုးထွင်းပြိး သိတာမျိုးကို ပညာလို့ ခေါ်တယ်။

ဒီပညာဟာ ဘယ်တော့မှ အကုသိုလ်စိတ်နဲ့မယှဉ်ဘူး။ အဟိတ်စိတ်နဲ့ 
မယှဉ်ဘူး။ကာမာဝစရ သောဘန စိတ်ထဲမှာတောင်မှ ဥာဏသမ္ပယုတ်နဲ့
သာယှဉ်တယ်။ဥာဏ ၀ိပ္ပယုတ်နဲ့ ပညာ နဲ့မဆိုင်ဘူး။

ပညာကို ဘာနဲ့ ဥပမာ ပေးလည်းဆိုတော့ မှောင်နေတဲ့အခန်းထဲမှာ
မီးထွန်းလိုက်တာမျိုး လင်းသွားသလိုပဲ ပညာမပါရင် ရုပ်နာမ်ရဲ့
သဘောတရားကို မသိဘူး။ အမှောင်ကျသလိုပဲ။ ပညာပေါ်လာတဲ့
အခါမှာ ရုပ်နာမ်ရဲ့ သဘောတရားကို ထင်ထင်လင်းလင်း သိသွားတယ်။
အဲ့သလို သိတတ်တဲ့ သဘောတရား၊ အဲ့သလို သိခြင်း`၌ အစိုးတရဖြစ်
တတ်တဲ့ သဘောတရားကို ပညိနြေ္ဒ လို့ ခေါ်တယ်။

ပညိနြေ္ဒ ကိုပြည့်ပြည့်၀၀ တိတိကျကျ လုပ်ချင်ရင်တော့ တရားထိုင်ရမယ်။
တရားထိုင်မှတ်တာ ကြာလာတဲ့အခါကျတော့ ဒါတွေကို သူ့ ဟာသူ
မြင်လာတာ၊ ပထမ စစချင်းတော့ ဒါမဖြစ်နိုင်သေးဘူး။ သမာဓိ ရအောင်လုပ်
နေရတာ။သမာဓိဖြစ်တာနဲ့ တစ်ပြိုင်နက် ပညာလာတော့တာပဲ။
ဒါကြောင့်မို့  ဘုရားဟောထားတာက   “သမာဟိတော ဘိက္ခဝေ
ယထာဘူတံ ပစာနာတိ”  တဲ့ ။သမာဓိရှိတဲ့ ပုဂ္ဂိုလ်ဟာ တရားတွေကို
အမှန်အတိုင်း သိမြင်သွားတယ်။ အပြီးထိအောင် လုပ်မနေရတော့ဘူး။
စိတ်တည်ကြည်ပြီး ငြိမ်သွားပြီဆိုတာနဲ့  တစ်ပြိုင်နက် တရားကို
မြင်လာတယ်။ အဲ့သလိုမြင်လာတဲ့ပညာကိုမှ ပညာ လို့ ခေါ်တယ်။

ပြီးတော့ ရှိသေးတယ်။ကံ  ကံ၏ အကျိုးကို ယုံကြည်သိမြင်တဲ့ ကမ္မဿကတ
ပညာ လို့ ခေါ်တယ်။ ကံဆိုတာ ရှိတယ်၊ ကံ၏ အကျိုးဆိုတာ ရှိတယ်လို့ 
ယုံကြည်တာ၊ ရှေးတုန်းကထဲက ဒါတွေရှိပြီးသားပါ။

အမောဟ လို့ လည်းခေါ်တယ်။ ပညာလို့ လည်းခေါ်တယ်။ ဥာဏလို့ လည်း
ခေါ်တယ်။ အားလုံးအတူတူပဲ။



အရှင်သီလာနန္ဒာဘိဝံသ


                 



                  *****တတိယမြောက်သမီးတော်*****

2 comment:

ဆူးသစ် said...

ဘုန်းဘုန်းကတော့တရားဘက်ကကြည့်တာခင်ဗျ။ ကျွန်တော်တို့သင်ဖူးတဲ့စာထဲမှာတော့ပညာဆိုတာအကောင်းအဆိုး၊အကျိုးအပြစ်ကိုဝေဖန်ပိုင်းခြားတတ်သောဥာဏ်လို့ဆိုထားတယ်နော်။ ကျွန်တော့်စာကိုသတိတရလာဖတ်တာကျေးဇူးပါဗျာ။ အခုတလောတော့ဘလော့ကိုပြန်လှည့်ဖြစ်နေပါတယ်။ နောက်လည်းအားစိုက်ရေးပါတော့မယ်။

3rdthameetaw said...

မာလာဆောင် အကြောင်းရေးထားတဲ့
ပို့စ်မှာကတည်းက လာဖတ်ပြီး မှတ်ချက်ရေးခဲ့ပါသေးတယ်ရှင်
လိုင်းမကောင်းတော့ ရေးတဲ့စာ က မတက်ဘူးနဲ့တူပါတယ်
အားစိုက်ရေးမယ်ဆိုလို့  ၀မ်းသာမိပါတယ်