(၁)ဘဒ္ဒိယ သာကီဝင်မင်း
(၂)အနုရုဒ္ဓမင်းသား
(၃)အာနန္ဒာမင်းသား
(၄)ဘဂုမင်းသား
(၅)ကိမိလ မင်းသား
(၆)ဒေ၀ဒတ္တမင်းသား
ဤ ခြောက်ဦးတို့ သည် ဥပါလိ ဆတ္တာသည်နှင့်တကွ
နတ်၏စည်းစိမ်ကို
ခံစားကြသည့်နတ်သားများပမာ ခုနှစ်ရက်တိုင်အောင်
လူ၏စည်းစိမ်ကို
ဝလင်မြိန်ရှက်စွာခံစားကြပြီးလျှင်
အပျော်အပါး ဥယျာဉ်ကစားထွက်ကြသည့်
အသွင်ဖြင့် ဆင်တပ် ၊မြင်းတပ် ၊
ရထားတပ် ၊ ခြေလျှင်တပ် ၊တည်း ဟူသော
အင်္ဂါလေးပါးရှိသည့် စစ်တပ်ကြီး
ဖြင့် နေပြည်တော်မှ ထွက်ခဲ့ကြ၍ တိုင်းတစ်ပါး
မလ္လတိုင်း နယ်စပ်သို့  ရောက်လတ်သော် အမိန့် အာဏာဖြင့်
စစ်တပ်ကြီးကို
ပြန်လွှတ်လိုက်ကြသည်။
သာကီဝင်မင်းသားခြောက်ယောက်တို့ သည်
ဥပါလိ ဆတ္တာသည်ကို
အတူတကွ ခေါ်ဆောင်လာပြီးနောက် မြတ်စွာဘုရားသီတင်းသုံးတော်မူရာ
အနုပိယ မည်သော သရက်ပင်စဉ် ဥယျာဉ်တောသို့
သွားရောက်ကြပြီး
မြတ်စွာဘုရားကို ရိုသေမြတ်နိုး
ရှိခိုးကြ၍ အပြစ်ခြောက်ပါး ကင်းလွတ်ရာ
အရပ်`၌ ထိုင်ပြီးသော်
“ ဘုန်းတော်ကြီးသော မြတ်စွာဘုရား
အကျွန်ုပ်တို့  သာကီဝင်များသည်
ဇာတိမာန်ဖြင့် ခက်ထန်တင်းမာကြပါကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာ
ဘုရား….ဤ ဥပါလိ ဆတ္တာသည်သည် ရှည်မြင့်စွာသော
ကာလကပင်
အကျွန်ုပ်တို့ ၏ ကျေးကျွန် ဖြစ်ခဲ့ပါသည်။
ဘုန်းတော်ကြီးသော မြတ်စွာ
ဘုရားသည် ဤ ဥပါလိ ဆတ္တာသည်ကို ရှေးဦးစွာ
ရဟန်းပြုပေးတော်မူ
စေချင်ပါသည်။ ယင်းသို့ ဥပါလိကို
ရှေးဦးစွာ ရဟန်းပြုပေးတော်မူသည်ရှိသော်
အကျွန်ုပ်တို့ သည် ဤ ဥပါလိ ရဟန်းကို
ရှိခိုးခြင်း ၊ ခရီး ဦးကြိုပြုခြင်း ၊
လက်အုပ်ချီခြင်း ၊ အရိုအသေပြုခြင်း
အမှုများကို ပြုလုပ်ကြရပါလိမ့်မည်။
ဤသို့ ပြုလုပ်ကြရသည်ရှိသော် တပည့်တော်တို
့သာကီဝင်မင်းသား
ရဟန်းများ၏ ကြီးမားခက်ထန် သာကီယ
ဇာတိမာန်သည် ကျိုးနွံခြင်းသို့ 
ရောက်ပါလိမ့်မည်” ဟူ၍ လျှောက်ထားလေကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် သာကီဝင်မင်းသားတို
့ လျှောက်ထား
တောင်းပန်သည့်အတိုင်း ဥပါလိ ဆတ္တာသည်ကို
ရှေးဦးစွာ ရဟန်း
ပြုစေပြီးနောက်မှ သာကီဝင်မင်းသား
ခြောက်ဦးတို့ ကို ရှင်ရဟန်း
ပြုစေတော်မူလေ၏။
(မဟာဗုဒ္ဓ၀င် တတိယတွဲ
စာမျက်နှာ…၁၅၇)
……………………………..
မြတ်စွာဘုရားရှင်၏ မင်္ဂလာ တရား
(၃၈)ပါးတွင် နိဝါတ သည် မင်္ဂလာ တစ်ပါးဖြစ်သည်။
မိမိကိုယ်ကို မောက်မာ သမှု မပြုပဲ
နှိမ်ချခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်ဟု ပါရှိသည်။
သာကီဝင်မင်းသားခြောက်ယောက်တို့ သည်
မြတ်စွာဘုရား၏ တပည့်သား သာဝက များ
အဖြစ်ကို ခံယူရာ၌ မင်္ဂလာ တရားနှင့်ပြည့်စုံခဲ့ကြသည်။မင်းသား
ခြောက်ယောက်နှင့်
ဆတ္တာသည် ပေါင်း ခုနစ်ယောက်တို့ သည် ဘုရားရှင်ထံပါး ရဟန်းအဖြစ်ကို
ခံယူပြီး
တရားအားထုတ်ရာ၌ ဒေ၀ဒတ္တ မင်းသားမှလွဲ၍
အားလုံး အရိယာများ ဖြစ်ကြလေ၏။
ထို့ ကြောင့် တရားအားထုတ်သူများသည်
မာန်မာန မထားပဲ မိမိ ခန္ဓာ အရှိကို ဥာဏ်ဖြင့်
သိမြင်နိုင်ရန် အတွက်သာ ရှေ့ ရှု
ဦးတည်လျှက် ကြိုးစားအားထုတ်သင့်ပါသည်။
ငါက ဘာမို့ လို့  ညာမို့ လို့ 
စသည့် စိတ်ကြီးဝင်နေခြင်းသည် တရားအားထုတ်မည့်သူ
များ သတိထားဆင်ခြင်ရမည့်အရေးကြီးသော
အချက် ဖြစ်သည်။ တရားစခန်းဝင်ပြီး
တရားအားထုတ်ရန် သွားပါလျှက် စိတ်ကြီးဝင်နေခြင်းများမလျှော့ပါက
တရား
အားထုတ်သူ မဟုတ်နိင်တော့ မတရား
စိတ်မွေးသူသာဖြစ်ပေမည်။
မင်္ဂလာ တရားနှင့်ပြည့်စုံ၍ ခန္ဓာ
အရှိကို ဥာဏ်အသိဖြင့် ကိုက်ညီအောင်
ကြိုးစားအားထုတ်နိုင်သူများဖြစ်ကြပါစေ။
***** တတိယမြောက်သမီးတော်*****
0 comment:
Post a Comment