ရှေးတုန်းက သောဏ ဆိုတဲ့လူကြီးတစ်ယောက်ရှိတယ်။
မုဆိုးကြီးတဲ့နော်။ သူက တသက်လုံး
မုဆိုးလုပ်လာတာ။သူ့ မှာ သားတစ်ယောက်ရှိတယ်။
အဲ့ဒီ သားက ရဟန္တာဖြစ်နေတယ်။
ရဟန္တာဖြစ်နေတော့ အဖေကိုကယ်တင်တဲ့အနေ
နဲ့ ပေါ့လေ ။ အသက်ကြီးလာတဲ့အခါကျတော့
ရဟန်းဝတ်ပေးထားတာ။ ရဟန်းဝတ်နဲ့ ပဲ
သူနေတယ်။ ရောဂါဖြစ်ပြီး သေခါနီးကျတော့
ငရဲနိမိတ်တွေထင်တယ်။ ဟဲ့…သားရဲ့လုပ်ပါအုံး ခွေးနက်ကြီးလိုက်လာပြီပေါ့လေ။
ငရဲထိန်းတွေလိုက်လာတယ်။ သူအဲ့ဒီလိုနိမိတ်တွေထင်တယ်။
အဲ့ဒါ ဘာလဲဆိုရင်
အမှန်ကတော့ ဂတိ နိမိတ်ပေါ့။ အဲ့သလိုနိမိတ်ထင်လာတာ။
အဲ့သလို နိမိတ်ထင်လာတဲ့အခါကျတော့
ရဟန္တာဖြစ်တဲ့ သားဖြစ်သူ ရှင်သောဏက သိပြီ။
ငါ့ ဦးဇင်းကြီးတော့ ငရဲနိမိတ်တွေထင်ပြီ
ဆိုပြီး ဘယ်လိုလုပ်သလဲဆိုတော့ သူ့ တပည့်တွေကို
ထမ်းခေါ်ခိုင်း စေတီဆီကိုယူသွားပြီးတော့
တချို့  ရဟန်းတွေကိုလည်း ပန်းခူးခိုင်းပေါ့။
ဒါနဲ့  အဲ့ဒီ ဦးဇင်းကြီးကို ပေးပြီးတော့
ကိုင်း ဦးဇင်းကြီး ဘုရားကို ပန်းလှု ဦးဇင်းကြီး ကုသိုလ်
ဆိုပြီးတော့ သူက ပန်းလှုတာ။
အဲ့ဒီလို ပန်းလှုလိုက်တဲ့အခါကျတော့
ခုန နိမိတ်ပြောင်းသွားရော။ ဂတိနိမိတ်ဟာ
နဂိုက ငရဲနိမိတ် ပေါ်ရာကနေပြီးတော့
ခု နတ်သမီး နိမိတ်တွေ ပေါ်လာပြီ။
အဲ့ဒီတော့ ဦးဇင်းကြီးကပြောတယ်တဲ
့။ ငါ့သား မင်းမိထွေးတွေလာပြီတဲ့ ။
အဲ့ဒီလို နိမိတ်ထင်ရင်းနဲ့  သူ
စုတိစိတ်ကျသွားတယ်။
နတ်ပြည်နိမိတ်ထင်နေတုန်းမှာ သူ
စုတိစိတ်ကျသွားတဲ့အတွက်ကြောင့်မို့ 
နတ်ပြည်မှာသွားဖြစ်တယ်။ နတ်ပြည်မှာသွားဖြစ်တော့
သူက တသက်လုံးက
အကုသိုလ်တွေလုပ်လာခဲ့တာ မဟုတ်လား။
အဲ့ဒီတော့ သားဖြစ်သူ ရဟန္တာက
စိတ်မချဘူး။ ဟိုမှာနေလို့ ကြာကြာခံမှာ
မဟုတ်ဘူးပေါ့။ အခုနေ ချက်ချင်းလုပ်လိုက်
တဲ့  ကုသိုလ်လေး အရှိန်ကြောင့်သာ
ကောင်းတဲ့ဘ၀ ရောက်သွားတာကိုး။
ဒီကုသိုလ်က အားကောင်းတာမဟုတ်တော့
ကြာကြာခံမှာ မဟုတ်ဘူးဆိုပြီး
သူက နတ်ပြည်လိုက်သွားပြီးတော့ တရားဆက်ဟောတာ တရားဆက်ဟောတော့
သောတာပန် စသည်ဖြစ်သွားတယ်။ အဲ့ဒီလိုဖြစ်မှ စိတ်အေးရတယ်။
စိတ်ချပြီးတော့ ပြန်လာတယ်။
ဒီလိုသေခါနီးမှာ ကံသော်၎င်း။ကမ္မနိမိတ်သော်၎င်း။ဂတိ
နိမိတ်သော်၎င်း။ ထင်လာတယ်နော်။
အရှင်သီလာနန္ဒာဘိဝံသ
--------------
မိမိ၏ မိဘ ဆွေမျိုး အပေါင်းအသင်းများကိုလည်း ဘ၀ကူးရာ၌ ကူညီနိုင်သူဖြစ်ကြပါစေ
*****တတိယမြောက်သမီးတော်*****
2 comment:
အသိတခုတိုးလာခဲ့လို့ကျေးဇူးပါ သမီးတော်
..ဖတ်သွားလို့ ကျေးဇူး ပါ ဂျက်ရေ .......:)
Post a Comment