ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, May 28, 2015

ချမ်းသာခြင်းတရား =သုခ


နိဗ္ဗာန်ကို ချမ်းသာလို့ ခေါ်တယ်၊ ဓမ္မပဒမှာ ဟောထားတယ်၊
နိဗ္ဗာန ပရမံသုခံ၊နိဗ္ဗာန်ဟာ အမြတ်ဆုံးချမ်းသာ၊ နိဗ္ဗာန်ထက်သာတဲ့
ချမ်းသာရယ်လို့  မရှိတော့ဘူး။အဲ့ဒီ ချမ်းသာဆိုတာနဲ့ပတ်သက်ပြီးတော့
မြတ်စွာဘုရားလက်ထက်တုန်းကလည်း အမေးအဖြေ ရှိခဲ့ဖူးတယ်။

Posted on: Sunday, May 10, 2015

အရိယာပုဂ္ဂိုလ်ကို စွပ်စွဲတဲ့ကံ


အရိယာပုဂ္ဂိုလ်ကို စွပ်စွဲတဲ့ကံ
…….
အရိယာ ဟူ၍ သိသည်ဖြစ်စေမသိသည်ဖြစ်စေ။
အဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ကိုယ်က မကောင်းတဲ့စိတ်နဲ့ 
မတော်မတရားပြောမိရင် ၊ စွပ်စွဲမိရင်ဒီပုဂ္ဂိုလ်ဟာလည်းပဲ
နောက်ဘ၀ ကောင်းရာမွန်ရာ မရောက်နိုင်တော့ဘူး။
အပါယ်ငရဲ သွားရမှာ။
အကယ်၍ ကိုယ်က လုပ်မိပြီ ဆိုပါစို့ ။
အဲ့ဒီပုဂ္ဂိုလ်ရှိရင် အဲ့ဒီပုဂ္ဂိုလ် ရှိတုန်းသွားပြီးတောင်းပန်။
အဲ့ဒီ ပုဂ္ဂိုလ်မရှိတော့ဘူး သေသွားပြီဆိုရင်
တခြားပုဂ္ဂိုလ်ရှေ့  ဆရာသမားရှေ့ ဘာရှေ့ မှာ သို့ မဟုတ်
အဲ့ဒီပုဂ္ဂိုလ် သေတဲ့နေရာသွားပြီး တောင်းပန်ရင်ပျောက်နိုင်တယ်။

Posted on: Friday, May 1, 2015

အရိယာတို့ ရှောင်ကြဉ်သည့် မကောင်းမှု(၁၄)ပါး


သူကြွယ်သား- အရိယာ သာဝက သည် ညစ်ညူးသော ကံလေးပါးကို ပယ်အပ်ကုန်၏။
လေးပါးသောအကြောင်းတို့ ဖြင့် မကောင်းမှုကို မပြု၊စည်းစိမ် ပျက်စီးကြောင်း ခြောက်ပါး
တို့ ကို မမှီဝဲ။ ထို အရိယာသာဝကသည် ဤသို့  တစ်ဆယ့်လေးပါးသော မကောင်းမှု မှ
ကင်းသည်ဖြစ်၍ အရပ်ခြောက်ပါးတို့ ကိုလုံခြုံစေလျှက် ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော
လောကကို အောင်မြင်နိုင်ခြင်းငှာ ကျင့်၏။။  ထိုအရိယာသာဝက ၏ ဤ ပစ္စုပ္ပန် လောက
သည်လည်းကောင်း၊ တမလွန် လောကသည်လည်းကောင်း နှစ်သက်အပ်၏။. ထိုအရိယာ
သာဝကသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌  ကောင်းသော လားရာဖြစ်သော
နတ်ပြည်လောကသို့ ရောက်၏။