ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, June 21, 2015

သီလ အကျိုး

အ၀ိပ္ပဋိသာရ၊
ပါမောဇ္ဇ၊
ပီတိ၊
ပဿဒ္ဓိ၊
သုခ၊
သမာဓိ၊
ယထာဘူတ၊
နိဗ္ဗိဒါ၊
ဝိရာဂ၊
ဝိမုတ္တိ။


သီလရှိတော့ စိတ်ကြည်၊
စိတ်ကြည်တော့ ၀မ်းမြောက်၊
ဝမ်းမြောက်တော့ နှစ်သက်၊
နှစ်သက်တော့ ငြိမ်းအေး၊
ငြိမ်းအေးတော့ ချမ်းသာ၊
ချမ်းသာတော့ တည်ကြည်၊
တည်ကြည်တော့ အမြင်မှန်၊
အမြင်မှန်တော့ ငြီးငွေ့ ၊
ငြီးငွေ့ တော့ မဂ်မြင်၊
မဂ်မြင်တော့ ဖိုလ်ရောက်။

တည်တော ဆရာတော်ဘုရားကြီးမှ မြန်မာပြန်ဆိုသည်။

9 comment:

Aunty Tint said...

ပြန်လည်မျှဝေပေးတဲ့အတွက် သာဓု သာဓု သာဓု သမီးတော်ရေ...

3rdthameetaw said...

လာဖတ်သွားလို့  ကျေးဇူးပါ မမတင့်

Anonymous said...

နိဗ္ဗာန်သို့ သွားရောက်ရန်အတွက်အရမ်းကောင်းတဲ့ လမ်းပြမြေပုံပါပဲအမရေ၊ဗောဇ္ဇင်(၇)ပါးတရားတော်နဲ့ တွဲပြီးနာယူရင်ပိုပြီးပြည့်စုံသွားမယ်လို့ ထင်ပါတယ်၊ဒီနေရာမှာတစ်ခုသတိထားမိတာကပီတိဖြစ်ဖို့ ပါမောဇ္ဇကအကြောင်းတရားဖြစ်ပေမယ့် နိဗ္ဗိဒါဥာဏ်ကိုရောက်တဲ့ အချိန်မှာပါမောဇ္ဇကလုံးဝပျောက်ကွယ်သွားတယ်နော်၊ကျွန်တော်သိခြင်တာလေးမေးပါရစေ မဂ်ဥာဏ်ကိုတစ်ခါရပြီးသူအဖို့ နောက်တစ်ခေါက်ရောက်ဖို့ ကြိုးပမ်းရာမှာဒီလိုပဲပါမောဇ္ဇကနေပီတိ၊ပသဒ္ဓိအစရှိသဖြင့် အစဉ်လိုက်ပြန်စရပါသလား၊တနည်းအားဖြင့် ပစ္စယပရိဂ္ဂဟဥာဏ် ၊သမ္မသနဥာဏ်၊စသဖြင့် ကနေ သခ်ါရုပေက္ခာဥာဏ် မဂ်ဥာဏ်အထိ ရရှိအောင်ပစ္စယပရိဂ္ဂဟဥာဏ် ကနေပြန်စ
ရပါသလား ကျေးဇူးပြုပြီးဖြေကြားပေးပါ။
ရိုသေစွာဖြင့် 
မောင်ငယ်

3rdthameetaw said...

နက်နဲတဲ့မေးခွန်းတစ်ခုပါပဲ မောင်ငယ်
ဒီအပိုင်းတွေကို စာအုပ်တွေထဲမှာတော့ အတိအကျ ရေးသားဖေါ်ပြတာ
မတွေ့ဖူးပါဘူး။သမီးတော်စာဖတ်တာ စာမစုံလို့ လည်းဖြစ်ပါလိမ့်မယ်။
ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ ပိုင်းကိုလေ့လာဖူးပေမယ့်
သမ္မသန ဥာဏ်စသည်ကနေ ပြန်စ ပြီး အားထုတ်သွားရတယ်လို့ ရေးသားထားတာမျိုးတော့
မတွေ့ဖူးခဲ့ပါဘူး။မောင်ငယ်ကိုယ်တိုင်လည်းလေ့လာမှုအားကောင်းတဲ့သူတစ်ယောက်
ဖြစ်မယ်လို့ သမီးတော်ထင်မြင်မိပါတယ်။ ဆရာတော်ဘုရားများက ဒီလိုအပိုင်းတွေကို
ဟောပြောဆုံးမနိုင်သူရှိကောင်းရှိမှာပါ။ အကယ်၍များ စာအုပ်တွေမှာရှာတွေ့ ခဲ့ရင်
ဆရာတော်ဘုရားများက ဟောပြောညွှန်ပြခဲ့ရင် သမီးတော်ကိုလည်းပြန်လည်မျှဝေ
ပေးဖို့ မေတ္တာရပ်ခံပါရစေလားရှင်။ သမီးတော်သိသလောက်ကတော့
ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ ပိုင်းမှာ ရုပ်အပေါင်းကိုအကြိမ်ကြိမ်ရှု၍`၎င်း။
စိတ်အပေါင်းကို အကြိမ်ကြိမ်ရှု၍၎င်း။ဝေဒနာတို့ ကိုအကြိမ်ကြိမ်ရှု၍၎င်း။
သဘောတရားတို့ ကို အကြိမ်ကြိမ်ရှု၍၎င်း။စသည့် သမာသတိဖြင့် အစဉ်သွားရန်
လမ်းညွှန်ထားခြင်းသာ ဖတ်ရှုမှတ်သားခဲ့ဖူးပါတယ်။ဝိပဿနာရှုသမျှကတော့
ခန္ဓာ ကို အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့လက္ခဏာယဉ်ဖြင့်သာ ရှုမှတ်သုံးသပ်ရမြဲ
ဖြစ်ပါတယ်။ ပုထုဇဉ်က သောတာပန် တည်ဖို့ ကြိုးစား ရင်း အဆင့်ဆင့်ဖြတ်ကျော်
ရတဲ့ အနေအထားမျိုးနဲ့ တော့ ကွာခြားမှာပါ။ အလွန်သိမ်မွေ့ သော ဥာဏ်အမြင်များကို
သမာသတိ သမာသမာဓိဖြင့် ပညာစခန်းက ဆုံးဖြတ်သွားရင်း ခရီး ဆုံးပါလိမ့်မယ်ရှင်။
ခန္ဓာ အစဉ်ကို ပညတ်တင်ဖို့ ဆိုတာ ပညာ အရာတစ်ခု ဖြစ်တဲ့အတွက်
စာအုပ်စာပေများနှင့် ဆရာတော်ကြီးများက မောင်ငယ့်ကို အကောင်းဆုံး
လမ်းညွှန်ပေးနိုင်လိမ့်မယ်ထင်ပါတယ်။ဆွေးနွေးခဲ့သောစကားစုများအတွက်
ကျေးဇူးတင်လျှက်ပါ
.
လေးစားစွာဖြင့်
တတိယမြောက် သမီးတော်

Anonymous said...

အမရဲ့ လမ်းညွှန်ဖြေကြားမှု့ အတွက်ကြေးဇူးပါပဲအမရေ၊ ပိဠကတ်စာပေနှန့် စပ်ပြီးခန္ဓာကိုယ်တွေ့ တရားရှိတဲ့ဆရာ
တော်ကြီးများတော့ အသေးစိတ်သိလိမ့် မယ်ထင်ပါတယ်၊တစ်ကယ်တော့ ဆရာ မလိုပဲခန္ဓာအစဉ်ကိုပညတ်တင်ဖို့ ဆိုတာမြတ်စွာဘုရားရှင်တို့ သာစွမ်းနိုင်တဲ့ ကိစ္စပဲနော်၊

ရိုသေစွာဖြင့်
မောင်ငယ်

3rdthameetaw said...

မောင်ငယ်ရေ
ခန္ဓာ အရှိကို ဥာဏ်အသိနဲ့သိပေမယ့်
စာပေ ဗဟုသုတ မရှိတဲ့သူဟာ
ဒါကတော့ သမ္မသန ဥာဏ်
ဒါကတော့ ဥဒယဗ္ဗယ ဥာဏ်
...
ဒါကတော့ မဂ်ဥာဏ်ရယ်လို့ တောင် မသိရှာပါဘူးတဲ့ ။
ဆရာသမားက ဒီလိုမှတ် ဒီလိုယူ စသဖြင့် ပြောတဲ့အတိုင်းလုပ်သွားလို့ 
ကိစ္စပြီးသွားတာပဲ ရှိမယ်။ ဘယ်အဆင့် ဘယ်လိုဖြတ်သန်းတယ်ဆိုတာကို
သူ့အနေ နဲ့ ပညတ် မတင်တတ်ပါဘူး။ကိစ္စလေးပြီးထားလို့  စာပေဖတ်ရှုရမှာ
အော်...ငါ အဲ့ဒီတုန်းက ဒီလိုလေးဖြတ်သန်းခဲ့တာ ဟုတ်မှန်ပါလား..လို့ 
ဒီလိုအတွေးမျိုးသာရှိနိုင်မှာဖြစ်ပါတယ်။ စာပေမှာဖေါ်ပြထားတာ မတွေ့ ပဲနဲ့တော့
သကဒါဂါမ် အရိယာဖြစ်ခဲ့သော်လည်း ပညာတင်ပြီးပြောနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။
ခန္ဓာ အရှိကိုသိပေမယ့် စာမတတ်တဲ့ အရိယာဟာ ခန္ဓာ အရှိကို ဥာဏ်နဲ့ ထိုးထွင်း မသိသေးတဲ့
စာတတ်ပေတတ် ပုထုဇဉ်လောက် မပြောနိုင်ပါဘူး ။ ဥပမာ ဆိုရသော် လမ်းခရီးတစ်ခုမှာ
သစ်ပင်ကြီးတွေ ရှိပါလိမ့်မယ် ကျွန်းပင် ပိတောက်ပင် စသည်ဖြင့် အပင်ကြီးတွေရှိမယ်။
ဒီလမ်းကိုဖြတ်သန်းသွားတဲ့သူဟာ အဲ့ဒီ အပင်ကြီးတွေကို မြင်ခဲ့မယ်။ သို့သော်
အပင်နာမည်တွေ မကြားခဲ့ဖူးတဲ့သူဟာ သူဖြတ်သန်းခဲ့တဲ့လမ်းမှာ ဘာအပင်တွေကိုတွေ့
ခဲ့တယ်လို့  မပြောပြနိုင်ပါဘူး။ ဒီလမ်းခရီးနဲ့ပတ်သက်ပြီး မြေပုံကိုင်ထားသူကတော့
လမ်းမှာ ဘာအပင်ရှိတယ် သိထားတော့ သူကိုယ်တိုင် မဖြတ်သန်းရသေးပေမယ့်
အပင်ရှိကြောင်းလည်းသိသလို အပင်နာမည်တွေကိုလည်း တိတိကျကျ ပြောပြနိုင်ပါ
လိမ့်မယ်။ သကဒါဂါမ် အနာဂါမ် ရဟန္တာ စသော အရိယာများ မဟုတ်သော်လည်း
စာပေကျမ်းဂန် နှံ့စပ်သူများဟာလူပုဂ္ဂိုလ်သော်လည်း ပြောပြနိုင်ပါလိမ့်မယ်။

Anonymous said...

အမရဲ့ ဥပမာနဲ့ ရှင်းပြတာလူတိုင်းကောင်းမွန်စွာသဘောပေါက်နားလည်အောင်ရှင်းလှပါတယ်၊ဒါကြောင့် လည်း
ဆရာရှာတဲ့ နေရာမှာ မြတ်စွာဘုရား၊ ရဟန္တာ ၊ အနာဂါမ် ၊ သကဒါဂါမ် ၊ သောတာပန် ၊ပြီးတော့ မှပိဠကတ်တတ်
ကြွမ်းသူကိုရှာပါလို့ မြတ်စွာဘုရားဟောကြားခဲ့ တာသတိရမိပါတယ်၊အမပြောတာအမှန်ပါ၊ကျွန်တော်တရားသိ
ခဲ့ ရချိန်မှာငါတော့ သစ္စာသိခဲ့ ရပြီလို့ ရတိပြတ်မဆုံးဖြတ်ရဲခဲ့ ပါဘူး၊အမရဲ့ မဂ္ဂသစ္စာတရားစာလေးကိုဖတ်ပြီးမှ
ရဲရဲဆုံးဖြတ်ခဲ့ ရတာပါ၊ဒီလိုဖြစ်ရတာလဲသဘောသဘာဝပဲဆိုတာ အမရဲ့ အထက်ကရှင်းပြချက်ကြောင့်ထပ်
ပြီးနားလည်ခဲ့ ရပါတယ်၊ကိုယ့် ထက်တတ်ကြွမ်းနားလည်သူနဲ့ တရားဆွေးနွေးရတာအရမ်းကိုအကျိုးကြီးလှ
ပါတယ်၊ကျေးဇူးပါ အမရေ ။

ရိုသေစွာဖြင့် 
မောင်ငယ်

3rdthameetaw said...

ကောင်းပါပြီ မောင်ငယ်ရေ
မဂ်လေးတန် ဖိုလ်လေးတန်
မြတ်သောနိဗ္ဗာန်တို့ ကို မပင်မပန်း မကြောင့်မကြပဲ
ချမ်းချမ်းသာသာ ပွားများအားထုတ်နိုင်ခြင်းသည်ဖြစ်ပါစေ

ချစ်ခင်စွာဖြင့်
တတိယမြောက်သမီးတော်

Anonymous said...

ပေးတဲ့ ဆုနဲ့ ပြည့် ပါစေအမရေ

ရိုသေစွာဖြင့် 
မောင်ငယ်