မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ကိုယ်သာနာ၍ စိတ်မနာပါစေနှင့် တရားတော်ကို
နာကြားရပြီး ဒီတရားလေးကို ပြန်လည်မျှဝေမယ်လို့  တွေးမိပါတယ်။
တရားတော်ကိုနာကြားစဉ်က နားလည်သဘောပေါက်တယ်ဆိုတဲ့အတွေးနဲ့
သမီးတော်နားလည်သဘောပေါက်ထားသလိုလေးပြန်လည်မျှဝေဖို့ပါပဲ။
ဒါပေမယ့် တကယ်တမ်း စာလုံးတွေအဖြစ် ရေးမယ် လုပ်တဲ့အခါ
ဘယ်က စပြီး
ရေးရမလဲဆိုတာ စဉ်းစားလို့ မရပါဘူး။ အကယ်၍ ဆရာတော်ဘုရားကြီး
ဟောကြား
ထားတာကို ၏သည် မရွေး အကုန် စကားတစ်လုံးမကျန် စာလုံးတွေအဖြစ်
ရေးသားတင်ပြရင်တော့ ဖြစ်နိုင်ပေမယ့် သမီးတော်က ကိုယ်နားလည်ထားသလိုလေး
တင်ပြဖို့ စိတ်ကူးတာဖြစ်တဲ့အတွက် ဘယ်လိုစရေးရမလဲဆိုတာ
စဉ်းစားမရ
ဖြစ်ခဲ့တာပါ။
ဆရာတော်ဘုရားကြီးရဲ့ တရားတော်ကို နားလည်သလိုလေးတင်ပြဖို
့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်မှန်းလည်း ကိုယ့်ကိုကိုယ် တွေးမိရပါတယ်။
ဘာကြောင့် အဲ့ဒီလို ဖြစ်ရတာလဲ။
တရားနာစဉ်က နားလည်တယ် သဘောပေါက်တယ်လို့ ထင်ရပေမယ့်
တကယ်နားမလည်လို့  သဘောမပေါက်လို့ သာဖြစ်ပါတယ်။
သာမာန် တရားမဟုတ်တဲ့အတွက် အင်မတန် ဥာဏ်ကြီးတဲ့သူမှ
တကယ်နားလည်ဘောပေါက်နိုင်မှာပါ။ ဆရာတော်ဘုရားကြီးကိုယ်တိုင်ကလည်း
နားကြီးကြီးနဲ့နာပါလို့  အကြိမ်ကြိမ် သတိပေးတာကို နာကြားခဲ့ရပါတယ်။
ဥာဏ်ရည်မြင့်ပြီး အားကောင်းတဲ့သူ ထက်မြက်တဲ့သူမှသာ တကယ်နားလည်
သဘောပေါက်နိုင်မှာဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးက နားလည်သဘောပေါက်
အောင် သေသေချာချာ ဟောပြောခဲ့လို့  နာကြားစဉ်က နားလည်တယ်လို့
ထင်ခဲ့ပေမယ့် တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ဘယ်က စမှန်းမသိတာကိုက
တကယ်နားမလည်လို့ 
တကယ်သဘောမပေါက်လို့ ဆိုတာ ထင်ရှားလှပါတယ်။
တကယ့်တကယ်မှာတော့ သမီးတော်တို့ လို ဥာဏ်ရည်ဥာဏ်သွေး
လောက်နဲ့
ဆရာတော်ဘုရားကြီးရဲ့ တရားတော်ကိုနာကြားတဲ့အခါမှာ နားလည်သလိုလို
သဘောပေါက်သလိုလို ရှိရုံလောက်သာပါပဲ။ ထဲထဲဝင်ဝင် တိတိကျကျ နားလည်
သဘောပေါက်ခြင်းမျိုးလုံးဝ မဟုတ်ပါဘူး။
ငယ်စဉ်ကတည်းက ပုံပြင်လို ဒဏ္ဍာရီလိုဇာတ်လမ်းလေးတွေကို
နားထောင်
ခဲ့ဖူးကြပြီး တဆင့်ပြန်ပြောနိုင်ကြတယ်။အဲ့ဒီလိုပြန်ပြောနိုင်တယ်ဆိုတာ
နားလည်လို့ သဘောပေါက်လို့ ပြန်ပြောနိုင်တာပါ။ တစ်ခါပြောတာကြားရုံနဲ့
ပြန်ပြောပြနိုင်ကြပါတယ်။ နားလည်ဖို့လည်းလွယ်ကူတာကိုး။
သစ္စာတရားများကြတော့ နာကြားရစဉ်က နားလည်တယ် ထင်ရပေမယ့်
တကယ်တမ်းပြန်ပြောစတမ်းဆိုရင် ဘယ်သူမှ သဘောပေါက်အောင်ပြန်
မပြောနိုင်ပါဘူး။ တကယ်နားကြီးကြီးနဲ့နာပြီး ဥာဏ်ကြီးတဲ့သူမှသာ
နာကြားရသမျှကို တစ်ကြိမ်တည်းနဲ့ ပြန်ပြောနိုင်ဟောနိုင်မှာဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးက တရားတော်များဟောကြားတဲ့အခါမှာ ခန္ဓာပေါ်ဥာဏ်
ရောက်အောင်ဟောတော်မူတာပါ။ခန္ဓာမှာ ကိလေသာ အညစ်အကြေးတွေ
စွန်းပေနေတာကိုသိအောင်ဟောတယ်။ အဲ့ဒီအညစ်အကြေးတွေ ပေနေတာကို
ရွံ့ရှာလာအောင်ဟောတယ်။ ခန္ဓာကြီးဟာ ကိုယ်ပိုင်ကိုယ်ဆိုင်
မဟုတ်တဲ့အတွက်
ကိုယ်ပိုင်ကိုယ်ဆိုင် အသိအမြင်ကနေ ရုန်းထွက်နိုင်အောင်ဟောတယ်။
ကိလေသာ အညစ်အကြေးတွေကို ဖယ်ရှားချင်လာအောင်ဟောတယ်။
ဖယ်ရှားချင်စိတ်ဖြစ်ပေါ်အောင်လည်း အညစ်အကြေးတွေရဲ့ အပြစ်ကိုမြင်အောင်
ဟောပါတယ်။
ဆီချေး တွေ စွန်းပေနေတဲ့ အ၀တ်စကို ဖြူစင်အောင်လျှော်ဖွပ်ပြီးမှ
မိမိလိုရာကို ဆေးဆိုးပန်းရိုက်လုပ်ရသလို ဆရာတော်ဘုရားကြီးဟာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သားတော်ကြီးပီသစွာ သစ္စာတရားတွေကို
တရားနာပရိတ်သတ်ရဲ့ နှလုံးသားထဲထိ ရောက်အောင် ဆွဲငင်ခေါ်ဆောင်ပြီး
တရားဒါန ပြုခဲ့တာပါ။ ဆရာတော်ဘုရားကြီးရဲ့ တရားတော်များကို
တကယ်နားလည်သဘောပေါက်ခဲ့ရင် ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးကို
သိမြင်ပြီးကြည်ညိုမြတ်နိုး မဆုံးဖြစ်ရသလို အနှိုင်းမဲ့ကျေးဇူးရှင် မြတ်စွာဘုရားရဲ့
ဂုဏ်အင်ဆိုတာ အတိုင်းအဆ မရှိအောင် ကြည်ညိုမြတ်နိုးခြင်းဖြစ်ရပါတယ်။
သမီးတော်တို့ ရဲ့သာမာန်ဥာဏ်ရည်ဥာဏ်သွေးလောက်က ဆရာတော်ဘုရားကြီးရဲ့
ဥာဏ်ကိုမမှီတဲ့အတွက် နားလည်သလိုလိုရှိတဲ့တရားတစ်ပုဒ်ကို
တရားချစ်ခင်သူတော်ကောင်း
များဆီ ပြန်လည်မျှဝေနိုင်စွမ်းမရှိခဲ့ပါဘူး။ သမီးတော်ရဲ့ဆရာဘုန်းဘုရားဖြစ်တဲ့
ဓမ္မရံသီ ဆရာတော်ဘုရား ဟောတဲ့တရားထဲကနေတော့သမီးတော်ဥာဏ်မှီရာလေးတွေကို
ပြန်လည်ပြီး မျှဝေမှုပြုနိုင်ခဲ့ပါတယ်။ သို့ သော် တရားအပုဒ်တိုင်းတော့
မဟုတ်ခဲ့ပါဘူး။
တချို့ သော တရားတော်များကိုသာ နားလည်သဘောပေါက်တဲ့အတိုင်းပြန်လည်မျှဝေ
နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဓမ္မရံသီ ဆရာတော်ဆိုတာ လူဗြိန်းတွေ
နားလည်သဘောပေါက်
အောင်ကို အတတ်နိုင်ဆုံး အရှင်းဆုံး စကားလုံးတွေနဲ့ ဟောပြော
သွန်သင် ဆုံးမတော်မူတာ
ဖြစ်ပါတယ်။ပဋိစ္စသမုပ္ပါဒ် ကိုဘာမှန်းမသိတဲ့သူတွေပါ နားလည်အောင် ရှင်းပြတာပါ။
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားတော်များကိုတော့ ပဋိစ္စသမုပ္ပါဒ်မှ
မလေ့လာထားရင်
မသင်ယူထားရင် ဘယ်လိုမှ နားမလည်နိုင်ဘူးလို့ ဆိုချင်ပါတယ်။
နက်နဲလွန်းမြင့်လွန်းတဲ့
အတွက်ကြောင့် နားကြီးတဲ့သူ ဥာဏ်ကြီးတဲ့သူ အဓိက အကျဆုံးဖြစ်တဲ့
ပဋိစ္စသမုပ္ပါဒ်
ကိုလေ့လာသင်ယူထားတဲ့သူသာ နားလည်ပြီး သဘောပေါက်နိုင်မှာပါ။
တချို့ ကြုံခဲ့ဖူးပါတယ်။ တို့ က မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့
တရားတော်ကိုပဲ
နာချင်တယ်တဲ့။ တခြားဆရာတော်တွေရဲ့တရားကိုနာရရင် ပေါ့တယ်လို
့ဆိုပါတယ်။
ပဋိစ္စသမုပ္ပါဒ်ကို နားလည်ထားပြီလား သင်ထားပြီးပြီလားလို
့မေးတော့ မသင်ဖူးပါဘူးတဲ့။
မသင်ဖူးပေမယ့် ဆရာတော်ကြီးတရားတွေကို နာနိုင်တယ်။ သဘောပေါက်တယ်တဲ
့။
သမီးတော် ပါးစပ်
အဟောင်းသားနဲ့ နားထောင်ခဲ့ပါတယ်။ တကယ်အံ့သြလို့ ပါ။
အဲ့ဒီလိုပြောတဲ့သူဟာ တကယ်နားလည်လို့ လည်းဖြစ်နိုင်သလို
တကယ်နားမလည်ပဲနဲ့
လူအထင်ကြီးအောင်ပြောတာလည်းဖြစ်နိုင်ပါတယ်။ဖြစ်နိုင်ခြေရှိတာကို
တွေးမိရုံပါ။ ဘယ်သူ ဘာလဲလို့ တော့ မဝေဖန်ရဲပါဘူး။ ဝေဖန်မိတဲ့သူက
အရိယာဖြစ်နေခဲ့သည်ရှိသော် အရိယူပ၀ါဒအန္တရာယ်သင့်မှာလည်းကြောက်
ရပါသေးတယ်။ ကိုယ်ဥာဏ်မမှီတိုင်း သူများတွေလည်း မမှီနိုင်ဘူးလို
့တော့
ယူဆလို့ မှ မရတာနော်။
သမီးတော်ကတော့ တရားဆိုရင် ဘယ်ဆရာတော်က ဟောတာပဲ ဖြစ်ဖြစ်
နာကြားပါတယ် မှတ်သားပါတယ်။ မိမိ မနာဖူးသေးတဲ့တရားကို
အသစ်ဖြစ်လို့ 
နာကြားမှတ်သားသလို ။ နာဖူးပြီးသားတရားကိုလည်း မိမိ မှတ်မိသိရှိတာတွေ
ပိုပြီးပြည့်စုံအောင် နာကြားမှတ်သားပါတယ်။ ဟင်းလျာများကို
သုံးဆောင်သလိုပေါ့ရှင်။
ဘယ်ဟင်းလျာမဆို အမွန်အမြတ် စီမံထားရင် သုံးဆောင်မှီဝဲဖို
့သင့်လျော်ပါတယ်။
သုံးဆောင်ဖူးပြီးသားဟင်းလျာမို့ လို့ မသုံးဆောင်တော့ဘူးဆိုတာမျိုး
မရှိပါဘူး။
ဥပမာ။ ချဉ်ရည်ဟင်းဆိုပါစို့ ။ ဒီချဉ်ရည် ကို အရင်က သုံးဆောင်ခဲ့ဖူးပြီးသားမို
့
သူ့ အရသာဘယ်လိုရှိမယ်ဆိုတာသိပြီးသား ပေမယ့် ခုတစ်ခါချက်တဲ့အခြေအနေမှာ
အရင်တစ်ခါနဲ့မတူတဲ့ချက်နည်းမျိုးရှိနိုင်ပါတယ်။ချဉ်ဟင်းချက်တဲ့အခါ
ငပိထဲ့ပြီး
ဆားလေးနဲ့ချက်တာ ရှိနိုင်သလို။ ပုဇွန်ခြောက် ၊ပဲငံပြာရည်
ထဲ့ပြီးချက်တာလည်း
ရှိနိုင်ပါတယ်။ ထည့်တဲ့အစာပလာပေါ်မူတည်ပြီး အရသာ ပြောင်းလဲမှုရှိပါတယ်။
အစာပလာထည့်တာချင်းတူပေမယ့်လည်း ထည့်တဲ့အနည်းအများပေါ်မူတည်ပြီး
တော့လည်း အရသာပြောင်းလဲမှုရှိနိုင်ပါတယ်။ အရသာချင်းတူနေစေအုံးတော့
သန့်ရှင်းပြီး စားချင်စဖွယ်ဖြစ်အောင်ချက်ထားတဲ့ဟင်းတိုင်းဟာ
ဘယ်နှကြိမ်စားစား
စားကောင်းပါတယ်။မိမိကိုယ်ခန္ဓာကြံ့ခိုင်မှုကိုအထောက်အပံ့ဖြစ်စေပါတယ်။
အရသာတကာ့ အရသာထဲမှာ တရားအရသာဟာ အမြတ်ဆုံးလို့ 
ဆိုထားတဲ့အတွက်ကြောင့် အင်မတန်မွန်မြတ်ပြီး မြင့်မြတ်သော
တန်ဖိုး
ရှိသော အနှိုင်းမဲ့ ကျေးဇူးရှင်မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့တရား
တော်များကို နာကြားမှတ်သားရခြင်းမှာ မနာကြားချင်တော့ဘူးလို
့ဆိုရ
လောက်အောင် ငြီးငွေ့ စရာမရှိပါဘူး။နာကြားရသည့်အခါတိုင်း
မြတ်နိုး
ကြည်ညိုခဲ့ရသည်ချည်းသာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဘယ်ဆရာတော်ကပဲဟောဟော အင်မတန်မွန်မြတ်တဲ့
တရားတော်များကို လေးမြတ်ကြည်ညိုစွာ နာကြားမှတ်သားနိုင်ဖို
့လိုပါတယ်။
တရားရဲ့အရသာကို မှီဝဲသုံးဆောင်ခြင်းက နိဗ္ဗာန်သွားဖို
့ ခွန်အားတွေပဲ
မဟုတ်ပါလားရှင်။
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားမှ နာမယ်။ တခြားဆရာတော်များရဲ့
တရားက ပေါ့တယ်လို့ မယူဆစေချင်ပါဘူး။ မိမိဟာ အရိယာတစ်ပါးဖြစ်ခဲ့ပြီလား။
အရိယာတစ်ပါးဖြစ်ခဲ့ပြီ ဆိုစေဦးတော့ ရဟန္တာကိုယ်တော်မြတ်ကြီးဟောတဲ့
တရားကိုပဲ တရားလို့ မှတ်ပြီး နာတော့မလား။ တခြားဆရာတော်များဟောတော်မူ
တာကို တရားမဟုတ်သလိုမျိုး ပြောရဲဖို့ သင့်ပါရဲ့လား။
တခြားဆရာတော်များ
ဟောကြားတာကိုနာကြားတဲ့သူက အဆင့်မမှီလို့ ပဲ နာကြားတဲ့သူတွေလို
့
သတ်မှတ်စရာများဖြစ်ခဲ့ပြီလား။ မိမိ အဆင့်ကို မိမိသာလျှင်
အသိဆုံးပဲ ဖြစ်ပါတယ်။
ဘုရားရှင်ကိုယ်တော်တိုင်ဟောကြားတော်မူတဲ့တရားမှန်လျှင်
မည်သည့်ဆရာတော်က
ဟောသည်ဖြစ်စေ လေးမြတ်စွာနာကြားတတ်ဖို့ လိုအပ်လှပါတယ်။
စစ်မှန်တဲ့သစ္စာတရားမှန်သမျှ လေးစားမြတ်နိုးစွာ နာကြားမှတ်သားပါ။
နိဗ္ဗာန်သို့ရောက်အောင်သွားရာလမ်းမှာ လိုအပ်တဲ့ခွန်အားတွေဖြစ်စေမယ့်
အင်မတန် မွန်မြတ်တဲ့ အဟာရတွေ ဖြစ်လို့  နှစ်နှစ်ခြိုက်ခြိုက်
မှီဝဲသုံးဆောင်သင့်ပါတယ်။
သို့ သော် စစ်မှန်သော
သစ္စာတရားဖြစ်ဖို့ တော့ လိုပါတယ်။
စစ်မှန်သောသစ္စာတရားလို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အဓမ္မတရားတွေကို
ဆည်းကပ်မိရင်တော့ဖြင့် သံသရာမှာ အန္တရာယ်ကြီးစွာကြုံရအုံးမှာပါပဲ။
စစ်မှန်သော သစ္စာတရား ဟုတ်သည်မဟုတ်သည်ကိုသိဖို့ ရာမှာတော့
မိမိရဲ့ လေ့လာမှု ။ ဥာဏ်ရည်ဥာဏ်သွေး နဲ့ ဆရာကောင်းသမားကောင်း
ရွေးချယ်မှုက အဓိက အကျဆုံးဖြစ်ပါလိမ့်မယ်။
စစ်မှန်သောသစ္စာတရားများကို နာကြားမှတ်သားရသည်ဖြစ်၍
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြသူများ ဖြစ်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
2 comment:
စိတ်နာတာမကောင်းဘူးဆိုတာသိတယ် သူ့ကိုစိတ်နာတယ်သာဆိုတာ ကိုယ့်ကိုကိုယ်လဲနယာကျင်ရတာပဲနော်...
ကိုယ်သာနာပါ စိတ်မနာစေနဲ့တဲ့ တကယ့်ကိုမှတ်သားရပါတယ်။
ဘယ်ဟာမှ မကောင်းပါဘူး ဂျက်ရယ်
စိတ်နာတာကော ကိုယ်နာတာကောပေါ့
Post a Comment