(၁)ရဟန်းတို့ …ရဟန်းတို့ သည် ယုံကြည်ခြင်း=သဒ္ဓါတရားနှင့်
ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို
့အဖို့ ရာ ကြီးပွားရန်သာ
ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။
(၂)ရဟန်းတို့ …..ရဟန်းတို့ သည်
မကောင်းမှုမှ ရှက်ခြင်း=ဟိရီတရား
ရှိနေကြသမျှ ကာလပတ်လုံး။(ပ)
(၃)မကောင်းမှုမှ ကြောက်ခြင်း=သြတ္တပ္ပ
တရားရှိနေကြ သမျှ
ကာလပတ်လုံး။(ပ)
(၄)များသော အကြားအမြင်= ဗဟုသုတ
ရှိနေကြသမျှ ကာလ
ပတ်လုံး။(ပ)
(၅)အားထုတ်အပ်သော လုံ့လ ရှိနေကြသမျှ
ကာလပတ်လုံး။(ပ)
(၆)စွဲမြဲသော သတိနှင့် ပြည့်စုံနေကြသမျှ
ကာလပတ်လုံး။(ပ)
(၇)ရဟန်းတို့ ….ရဟန်းတို့ သည် ၀ိပဿနာပညာနှင့်
ပြည့်စုံနေကြသမျှ
ကာလပတ်လုံး ရဟန်းတို့အဖို့ရာ ကြီးပွားရန်သာရှိပေ၏။
ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။
ဤ ကြီးပွားကြောင်းတရားခုနှစ်ပါးတို
့သည် ရဟန်းတို့ ၌ တည်နေကြ၍
ရဟန်းတို့ သည်လည်းဤကြီးပွားကြောင်းတရားခုနှစ်းပါးတို
့ကို
ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို
့အဖို့ ရာ ကြီးပွားရန်သာ
ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။
…………………
(၁)-က-ဘုရား အလောင်းတော်တို့ ၏
သန္တာန်၌ သက်ဝင်ကာ ကြည်ညို
ဖြစ်ပွားသော သဒ္ဓါတရားကို အာဂမနီယ
သဒ္ဓါတရား ဟုခေါ်၏။
-ခ-သစ္စာလေးပါးတရားကိုမဂ်ဥာဏ်ဖြင့်
ထိုးထွင်း၍ သိခြင်းကြောင့်
အရိယာပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်ပွားလာသော
မည်သူ တစ်ဦးတစ်
ယောက်မှ ဖျက်ဆီး၍ မရသော သဒ္ဓါတရားသည်
အဓိဂမသဒ္ဓါမည်၏၊။
-ဂ-ဘုရား၊တရား၊သံဃာ ရတနာသုံးပါးဟူ၍
ပြောဆိုအပ်သော စကား
မျှကို ကြားရလျှင်ပင် ရတနာသုံးပါး၏
ဂုဏ်ကျေးဇူးကို အကျယ် မဖေါ်ပြ
မပြောကြားရပဲ ရတနာသုံးပါးတို့ ၌ ဖြစ်ပွားသော ကြည်ညိုမှု သဒ္ဓါတရား
သည် ပသာဒ သဒ္ဓါမည်၏။(အနာထပိဏ် သူဋ္ဌေးတို
့၏ သဒ္ဓါတရားမျိုး)
-ဃ-ဘုရား။တရား။သံဃာ ဟူ၍ သူတစ်ပါးက
ပြောဆိုအပ်သော်
ထိုရတနာသုံးပါး၏ ဂုဏ်ကို ဥာဏ်ဖြင့်
သက်ဝင် ဆင်ခြင်ကြံစည်ပြီးမှ
မတုန်မလှုပ်သက်ဝင်ယုံကြည်သော သဒ္ဓါတရားကို
သြကပ္ပန သဒ္ဓါ
ဟူ၍ခေါ်၏။
(၂-၃)မကောင်းမှုမှ ရှက်ခြင်း စက်ဆုပ်ခြင်း=ဟိရီတရား။
မကောင်းမှုမှထိတ်လန့်ကြောက်ရွံ့ခြင်း=သြတပ္ပတရား
ဤ ၂-ပါးတို့ ၏ သဘောသွား ထူးခြားဟန်ကို
ဤ ဥပမာဖြင့်
သိရာ၏။-၁- အေးမြ၍ မစင် အညစ်အထေး
လိမ်းထေးပေကျံ
နေသော သံတွေခဲ။-၂- ရဲရဲပြောင်ပြောင်
မီးတောက်လောင်
ထားသော သံတွေခဲ ဟူ၍ သံတွေခဲ-၂-ခဲရှိရာ
ပညာရှိသောသူ
သည်-၁- အမှတ်ပြ သံတွေခဲကို မစင်လူးမည်မှ
စက်ဆုပ်ရွံ့ရှာ
သောကြောင့်မကိုင်ဝံ့။-၂- အမှတ်ပြ
သံတွေခဲကို ပူလောင်မည်မှ
ကြောက်ရွံ့သောကြောင့် မကိုင်ဝံ့။ထို
့အတူပင် သူတော်ကောင်း
ဖြစ်သောသူသည်လည်း -၁- မကောင်းမှု
ဒုစရိုက်၏ ယုတ်မာ
ညစ်ညမ်းခြင်းဟူသော အညစ်အကြေးမှ
စက်ဆုပ်ရွံ့ရှာခြင်း
တည်းဟူသော ဟိရီတရားကြောင့် ထိုသံတွေခဲနှင့်တူသော
မကောင်းမှု ဒုစရိုက်ကို မကိုင်ဝံ့မပြုဝံ့ပဲ
ရှောင်ဖဲလေသည်။
-၂-ထိုမကောင်းမှု ဒုစရိုက်၏ မျက်မှောက်ဘဝ
တမလွန်ဘဝ
တို့ ၌ ခံရမည့် အပြစ်ဘေးတည်းဟူသော
ပူလောင်မည့်
အရေးမှ ကြောက်လန့်ခြင်းတည်းဟူသော
သြတပ္ပတရား
ကြောင့် ထိုသံတွေခဲနှင့်တူသော မကောင်းမှု
ဒုစရိုက်ကို
မကိုင်ဝံ့ မပြုဝံ့ပဲ ရှောင်ဖဲလေသည်။
(၄)များသော အကြားအမြင် ဗဟုသုတ ရှိသူ
ဟူရာဝယ်
-၁-ပရိယတ္တိဗဟုသုတ ရှိသူ=ပိဋကတ်
ကျမ်းဂန် အကြားအမြင်
များစွာ ရှိသော ပုဂ္ဂိုလ် ။-၂- ပဋိဝေဓ
ဗဟုသုတရှိသူ=
သစ္စာလေးပါးတို့ ကို ထိုးထွင်းသိမြင်သည့်လောကုတ္တရာ
မဂ်ဥာဏ် ဖိုလ်ဥာဏ်(အကြားအမြင်
)များစွာရှိသောပုဂ္ဂိုလ်
ဟူ၍ ပုဂ္ဂိုလ် နှစ်မျိုးရှိရာ ဤ အရာ၌ ပရိယတ္တိ ဗဟုသုတ
ပုဂ္ဂိုလ်ကိုသာ ယူရမည်။
(၅)အားထုတ်အပ်သောလုံ့လ၀ီရိယ ရှိသူ
ဟူသော စကား
ရပ်ဝယ် ၀ီရိယသည်-၁- ကာယိက ၀ီရိယ
=ကိုယ်၌ မှီသော
ဝီရိယ။-၂-စေတသိက ၀ီရိယ= စိတ်၌မှီသော
ဝီရိယ ဟူ၍
နှစ်ပါးရှိရာ။ ။ဣရိယာပုတ် လေးပါးတို့ ၌ ၀ီရိယာ ရမ္ဘ ၀တ္ထု
ရှစ်ပါးကို ပွားများကာ တကိုယ်ရေ
တကာယ နေထိုင်ကြသော
ရဟန်းတို့ သန္တာန်၌ ဖြစ်ပွားော
ဝီရိယကို ကာယိက ၀ီရိယ
ခေါ်၏။ စိတ်၏ အာရုံခြောက်ပါးတို့ နှင့် ကိလေသာတရား
ဖြစ်ပွားမှုကို ပယ်ဖျောက်၍ ဈာန်သမာပတ်
ရှစ်ပါးကို လေ့လာဝင်
စားကာ တကိုယ်ရေ တကာယ နေထိုင်ကြလျှက်
ကိလေသာတို့ ကို
နှိပ်ကွပ်သော ရဟန်းတို့ ၏ ၀ီရိယကို
စေတသိက ၀ီရိယ ခေါ်၏။
(၆)စွဲမြဲသည့်သတိနှင့် ပြည့်စုံသူများ
ဟူသည်မှာ ကာယကံမှု
ဝစီကံမှုတို့ ကို မမေ့မပျောက် အောက်မေ့နိုင်သော
ပုဂ္ဂိုလ်များကို
ဆိုလိုသည်။
(၇)၀ိပဿနာ ပညာဟူသည် ခန္ဓာ ငါးပါးတို့ ၏ ဖြစ်ခြင်း ပျက်ခြင်းကို
သိမ်းဆည်းသိမြင်သော=ဥဒယဗ္ဗယ ပညာကို
ဆိုလို၏။ သတိ ပညာ
ဟူသော စကားနှစ်ရပ်ဖြင့် ၀ိပဿနာ
ရှုကြသော ရဟန်းတို့ ၏
ဝိပဿနာ အဆောက်အဦး ဖြစ်သော သမ္မာ
သတိ နှင့် ၀ိပဿနာ
ပညာကို ဆိုအပ်ကုန်၏။
(မင်းကွန်းဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော
မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ စာမျက်နှာ-၂၃၆)
*****တတိယမြောက်သမီးတော်*****
4 comment:
သမီးတော်ရေ----စိတ်ရှည်စွာဖတ်ခဲ့ပါတယ်နော် နားမလည်တာလေးတွေရှိတာပေါ့ ၂ခါပြန်ဖတ်ရတယ်
ဂျက်ရေ
အခြေခံရှိတဲ့သူမှ နားလည်နိုင်မှာပါ
ရောက်လာပြီ လာဖတ်သွားတာကိုပဲ ကျေးဇူးတင်ပါတယ်
sadux3
ကျေးဇူးပါ ရှင်
Post a Comment