ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, September 1, 2015

ပဉ္စမကြီးပွားကြောင်းတရား(၇)ပါး


(၁)ရဟန်းတို့…ရဟန်းတို့သည် မမြဲဟု သိမှတ်မှု=အနိစ္စသညာကို
ပွားများနေကြသမျှ ကာလပတ်လုံး ရဟန်းတို့ အဖို့ ရာ ကြီးပွား၇န်
သာရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

(၂)ရဟန်းတို့ …ရဟန်းတို့သည် အတ္တမဟုတ်ဟု သိမှတ်မှု=
အနတ္တသညာကို ပွားများနေကြသမျှ ကာလပတ်လုံး(ပ)

(၃)မတင့်တယ်ဟု သိမှတ်မှု=အသုဘ သညာကို ပွားများ
နေကြသမျှ ကာလပတ်လုံး(ပ)

(၄)အပြစ်ကိုသိမှတ်မှု=အာဒီန၀သညာကို ပွားများနေကြသမျှ
ကာလပတ်လုံး(ပ)

(၅)ပယ်ဖို့ရန် သိမှတ်မှု=ပဟာန သညာကို ပွားများနေကြသမျှ
ကာလပတ်လုံး(ပ)

(၆)တပ်မက်ခြင်းကင်းရန် သိမှတ်မှု တပ်ခြင်းကင်းရာနိဗ္ဗာန်ကို
သိမှတ်မှု=၀ိရာဂသညာကို ပွားများနေကြသမျှကာလပတ်လုံး(ပ)

(၇)ရဟန်းတို့..ရဟန်းတို့သည် ချုပ်ခြင်းကိုသိမှတ်မှု(တနည်း)
ချုပ်ရာနိဗ္ဗာန်ကိုသိမှတ်မှု=နိရောဓသညာကို ပွားများနေကြ
သမျှ ကာလပတ်လုံး ရဟန်းတို့ အဖို့ ရာ ကြီးပွားရန်သာ
ရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

ရဟန်းတို့  ဤ ကြီးပွားကြောင်းတရား(၇)ပါးတို့ သည် ရဟန်းတို့၌
တည်နေကြ၍ ရဟန်းတို့သည်လည်း ဤကြီးပွားကြောင်းတရား
(၇)ပါးတို့ ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့ 
အဖို့ ရာ ကြီးပွားရန်သာရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

(အနိစ္စဟု အဖန်ဖန် ရှုသော အနုပဿနာပညာနှင့်တကွ
ဖြစ်သော သညာသည် အနိစ္စသညာမည်၏။ အနတ္တသညာ-
စသည်တို့၌လည်း ဤနည်းအတူသာတည်း။တေဘူမက
သင်္ခါရတို့ကို အနိစ္စဟူ၍ ရှုကြောင်းဖြစ်သော ပညာ
(အနိစ္စ၀ိပဿနာ)သည် အနိစ္စာနုပဿနာ မည်၏။
ထိုပညာနှင့်တကွဖြစ်သော သညာကို ပွားများလျှင်
(=ဖြစ်စေလျှင်)ပညာကိုလည်းပွားများအပ်(=ဖြစ်စေ
အပ်)သည် သာမည်၏။ထို့ကြောင့် ထိုပါဠိတော်၌
အနိစ္စသညာ စသည့်ဖြင့် ဟောတော်မူအပ်လေသည်။
(တနည်း)သညာကို အဦးမှုသဖြင့် ၀ိပဿနာပညာကိုသာ
ညွန်ပြဟောဆိုခြင်းဖြစ်သည်။ အနတ္တသညာ စသည်တို့၌
လည်း ဤနည်းအတူသာတည်း။
ဤ သညာခုနှစ်ပါး ကြီးပွားကြောင်းတရားတို့ အနက်
ရှေ့-၅-ပါးသည် လောကီတို့သာဖြစ်၏။ နောက်နှစ်ပါးကား
လောကီ လောကုတ္တရာ အရောဖြစ်၏။ဤကားအထူး
မှတ်ရန်တည်း။)

(မင်းကွန်းဆရာတော်ဘုရားကြီးရေးသားစီရင်တော်မူသော
မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ စာမျက်နှာ-၂၄၂)



*****တတိယမြောက်သမီးတော်*****

0 comment: