ရူပ ကာယမှာ ခိုင်မြဲစွာ ဖြစ်တဲ့သတိလို့ခေါ်ပါတယ်။
၃၂ ကောဋ္ဌာသ ကိုအဖန်ဖန်ရှုမှတ်ခြင်း။
ဝင်သက်ထွက်သက်ကို
အဖန်ဖန်ရှုမှတ်ခြင်း.။ပူမှုသဘော အေးမှုသဘောတို့။မာမှုသဘော
ပျော့မှုသဘော။လှုပ်ရှားတွန်းကန်မှုသဘော။
ယိုစီးမှုသဘော
တွေကို အဖန်ဖန်ရှုမှတ်ခြင်း ကို
ကာယနုပဿနာ သတိပဋ္ဌာန်လို့
ခေါ်ပါတယ်။
ကာယနုပဿနာ သတိပဋ္ဌာန်လို့ပြောရင်
အာနာပါန ရှုမှတ်မှုဟာ
အထူးအလေးပေး ရှုမှတ်လို့ အကောင်းဆုံးအဆင်ပြေဆုံး
နဲ့
အလွယ်ဆုံးဖြစ်ပါတယ်။ ၀င်သက်ထွက်သက်တို့ရဲ့သဘောကို
ရှုမှတ်ခြင်းကို အာနာပါန ကမ္မဋ္ဌာန်းလို့ခေါ်ပါတယ်။
အာနာပါန
ကမ္မဋ္ဌာန်းမှာ ၀င်သက်ထွက်သက်ကို သိရုံသက်သက်လေးသိပေး
နေခြင်းဟာ သမထ ပါ။ အဖြစ်ကိုသိတဲ့သဘောဖြစ်ပါတယ်။
ဝိပဿနာ ကတော့ အဖြစ်သဘောလေး မမြဲပဲ
ပျက်သွားတာကို
သိမှတ်ပေးရမှာဖြစ်ပါတယ်။ နှာသီးဖျားမှာဝင်လေလေး
တိုးဝင်လာ
တာကို သိလိုက်တဲ့ခဏ ၀င်လေလေးဟာ
အဆုံးသတ်သွားပါတယ်။
ဆက်ပြီး မရှုနိုင်တော့ဘူး။ ဆက်မရှုတော့တဲ့အချိန်ဟာ
ဝင်လေ ပျက်တဲ့
အချိန်ပါ။ ဒါကို ၀င်လေပျက်တယ်လို့
ပိုင်ပိုင်နိုင်နိုင် ဥာဏ်က သိပြီး
ဆုံးဖြတ်ချက်ချပေးရမှာဖြစ်ပါတယ်။
အဲ့ဒီလို အဖြစ် သဘောလေးကိုသိပြီး
အပျက်သဘောလေး ပျက်တာကို
ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချပေးခြင်းအားဖြင့်
ဝိပဿနာ ဥာဏ်ဟာ
ပိုပြီး ထက်မြက်လာမှာဖြစ်ပါတယ်။
ထက်မြက်လာတဲ့ ၀ိပဿနာ ဥာဏ်က
တဖြေးဖြေးချင်း ဓမ္မကိုဆောင်ယူသွားပါလိမ့်မယ်
။ ဒါကို ဥာဏ်စဉ်လို့ခေါ်ပါတယ်။
တဖြေဖြေးနဲ့ ဓမ္မက ဆောင်ယူသွားတဲ့အတိုင်း
ဥာဏ်စဉ်မှာ အမြင်တွေပြောင်းလဲ
လာပါလိမ့်မယ်။ မိမိရဲ့ ရှုမှတ်မှုကိုတော့
အဖြစ် သဘေားလေ အပျက်သဘောလေး
ဆိုတာ ဥာဏ်က အသိ မပျက်ပါစေနဲ့။
အာရုံနောက်ကိုမျောပြီးလိုက်သွားတာ
မျိုးမဟုတ်ပဲ ခန္ဓာက သူ့သဘောနဲ့သူ ဖြစ်ပြ ပျက်ပြတာကို ဥာဏ်က ပိုင်နိုင်စွာ
ဆုံးဖြတ်ချက်ချပေးနေဖို့ပဲ ဖြစ်ပါတယ်။အလင်းရောင်တွေမြင်တာ
ခန္ဓာကိုယ်ကြီး
ပျောက်သွားတာ (သို့) ခန္ဓာကိုယ်က
အခေါင်းပေါက်ကြီးဖြစ်နေတာ စသည်ဖြင့်
မြင်တွေ့ရတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်
မြင်ရတာချင်းတော့ မတူပါဘူး။
နှာသီးဖျားက ၀င်လေထွက်လေကို အာရုံစိုက်ပြီး
စောင့်ကြည့်ရှုမှတ်တဲ့အခါ
ဝင်လေ ၀င်မှန်းသိ ၀င်လေ ဆုံးသွားတာကို
သိ။ ထွက်လေ ထွက်မှန်းသိ
ထွက်လေ ဆုံးသွားတာကို သိ။ ဆုံးသွားတယ်ဆိုတာ
ဆက်ပြီး မရှုနိုင်တော့တာ။
ဆက်ရှုချင်စိတ် မရှိတော့တာကို ဆုံးသွားတာ
လို့ခေါ်ပါတယ်။ ဒါကို ၀င်လေ ပျက်တယ်လို့
ရှုမှတ်ပေးရမှာဖြစ်ပါတယ်။ ၀င်လေလေးဟာ
ဖြစ်လာတယ် ဖြစ်လာပေမယ့် ခဏမှာပဲ
ဆက်မဖြစ်တော့ပဲ ဆုံးသွားတယ် ပျက်သွားတယ်။
ဥာဏ်က ပိုင်ပိုင်နိုင်နိုင် ပျက်တယ်လို့
ရှုမှတ်ပေးဖို့ လိုပါတယ်။ ထွက်လေကလည်း
ထိုနည်းလည်းကောင်းဖြစ်ပါတယ်။
ဒီနေရာမှာ သမာဓိ အားကောင်းတဲ့သူက
ဝင်လေ ထွက်လေ နှစ်ခုလုံးကို ရှုမှတ်ဖို့
အာရုံစိုက်နိုင်မှာဖြစ်ပေမယ့် သမာဓိ
အားနည်းသူက နှစ်ခုလုံးကိုရှုမှတ်ရာမှာ
အာရုံစိုက်နိုင်မှု အားနည်းပါလိမ့်မယ်။
ဒီတော့ တစ်ခုတည်းကိုပဲ မှတ်ပါ။
ဝင်လေ ဖြစ်တာ ဖြစ်မှန်းသိပြီး ၀င်လေ
ဆက်မရူနိုင်တော့လို့ ၀င်လေပျက်တာကို
သိပေးလိုက်ပါ။ ထွက်လေကို လွှတ်ထားလိုက်ပါ
မရှုပါနဲ့။
ပြီးရင် ၀င်လေလေး အသစ်တကြိမ် ထပ်ပြီး
ဖြစ်တာကို ဖြစ်မှန်းသိပါ
ဖြစ်ပြီးခဏမှာ ၀င်လေ ဆက်မရူနိုင်တော့တဲ့အဆုံးကို
ပျက်တယ်လို့
ဥာဏ်က ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချပေးပါ။
ဒီလိုနည်းနဲ့ ၀ိပဿနာ အလုပ်လုပ်ကိုလုပ်ရင်း
သမာဓိအားကောင်းလာတဲ့
အခါ ဓမ္မက သူ့အလုပ်သူလုပ်သွားပါလိမ့်မယ်။
မိမိ ကိုယ်၌က မြင်သမျှ အာရုံ
တိုင်းကို ဖြစ်ပြီးပျက်တာလေး သိအောင်မြင်အောင်
စူးစိုက်ကြည့်ပြီး
ဆုံးဖြတ်ချက်ချပေးရန်သာဖြစ်ပါတယ်။
ရှုမှတ်တဲ့အခါမှ လုပ်ရူခြင်း ရှာရှုခြင်း
ဗျာများခြင်း မဖြစ်အောင်တော့
ဂရုစိုက်ရပါမယ်။ နှာသီးဖျားက လေကို
ရှုမှတ်တာဖြစ်လို့ လေကို
တမင်လုပ်ရူခြင်းမျိုး မလုပ်ရပါဘူး။
ပုံမှန်ရူနေ ရှိုက်နေကျ အတိုင်းပဲ
ရူရင်းရှိုက်ရင်း သိမှတ်ပေးရမှာဖြစ်ပါတယ်။ ခန္ဓာက ဖြစ်ပေါ်နေတာကို
အသာလေးစောင့်ကြည့်ပေးရမှာပါ တမင်တကာ
ရှာပြီးရှုမှတ်ခြင်းတွေ
လုံးဝ မလုပ်ပါနဲ့။
ရှုမှတ်ရင်းကနေ ရင်ထဲမှာအေးလာတာဖြစ်တဲ့အဆင့်မှာ
အထူးသတိထားရပါ့မယ်။
အေးကနဲ ဖြစ်သွားတာကို မဂ်လို့ထင်တတ်ကြလို့ပါ။
ဥာဏ်စဉ်ဆယ်ပါးဟာ
တဆင့်ထက် တဆင့် တက်တိုင်း အမြင်တွေ
မတူတာ ပြောင်းလာတာ
အေးလာတာ ပိုပြီးလင်းလာတာ စသည်ဖြင့်
အာရုံမှာမြင်ရခြင်းကို
မဂ်လို့ထင်တတ်ကြပါတယ်။ အာရုံမှာမြင်သမျှ
ဖြစ်ပြီးပျက်ပြနေသမျှ
ဖြစ်တယ် ပျက်တယ်လို့ပဲ မှတ်သွားပါ။
တကယ်တမ်း လောကုတ္တရာ
မဂ်ဥာဏ်ကို ရတဲ့အခါမှာ ဘာနဲ့မှ
မတူတဲ့ ပေါ့ပါးခြင်းကို ခံစားမိမှာဖြစ်ပါတယ်။
သာမာန် ပေါ့ပါးနေခြင်းမျိုးမဟုတ်ပဲ မိမိ ပခုံးပေါ်မှာ ပေါင် ၅၀လောက် လေးတဲ့
ဝန်ထုပ်တစ်ခုကို ထမ်းထားရာက ဘိုင်းကနဲ
ပစ်ချလိုက်သလို အလွန်တရာ
ပေါ့ပါးသွားတာကို တွေ့ရမှာပါ။ ဥာဏ်မှာလည်း
နာမ်နဲ့ ရုပ်တို့ တစ်သီး တစ်ခြားစီ
ဖြစ်ကြောင်းထင်ရှား သိလာပါလိမ့်မယ်။
ငါကောင်ဆိုတာ မရှိကြောင်း ထင်ရှား
သိလာမှာဖြစ်ပါတယ။်
ဒါကြောင့် တရားအားထုတ်နေစဉ်မှာ
အဆင့်ဆင့်တွေ ဖြတ်ကျော်တိုင်း
မိမိကိုယ်မိမိ မဂ်ရပြီလားလို့ အတွေးနဲ့
မရပ်လိုက်ပါနဲ့ ဖြစ်ပြနေသမျှ
အပျက်ကိုမြင်အောင်သာရှုပါ။ ရေစက်လေးတစ်စက်ကို
မိုက္ကရိုစကုတ်နဲ့
ကြည့်တဲ့အခါ ရေမော်လီကျူးလေးတွေ
လှုပ်ရှားနေတာကို တွေ့ရပါလိမ့်
မယ်။ အဲ့ဒီလို ရေမော်လီကျူးလေးတွေရဲ့ လှုပ်ရှားမှုမှာ ငြိမ်နေတာမရှိပဲ
လှည့်လည်နေတဲ့သဘောလေး ဖြစ်သလိုပဲ
အာရုံမှာလည်း မြင်လာပါလိမ့်
မယ်။ အနီးစပ်ဆုံးအမြင်အနေနဲ့ပြောရရင်
တီဗွီ ဖန်သားပြင်မှာ ဗြုပ်ကလေးတွေ
လှုပ်နေ ထနေတာကို မြင်တွေ့ကြမှာပါ။
အဲ့ဒီလောက်ထိအောင် ခန္ဓာမှာဖြစ်ပြ
ပျက်ပြပါလိမ့်မယ်။ ဘယ်အရာမှ ငြိမ်နေတယ်
တည်နေတယ် ဆိုတာ မရှိပဲ
လှုပ်နေ ပြောင်းနေ ဖြစ်လိုက် ပျက်လိုက်
ဖြစ်နေတာကို မြင်တွေ့ရမှာပါ။
အပျက်တွေ အများကြီးကို မမြင်ချင်တော့ဘူးဆိုတဲ့စိတ်မျိုးဝင်လာတဲ့အထိ
စူးစူးစိုက်စိုက် ရှုမှတ်ပေးရမှာဖြစ်ပါတယ်။
မမြင်ချင်တော့ဘူးဆိုတဲ့ ငြီးငွေ့တဲ့
ဥာဏ်လေးဝင်လာ လည်း အပျက်တွေကိုတော့တွေ့နေရအုံးမှာပဲ
ဖြစ်ပါတယ်။
အဖြစ်တွေလာသမျှ ဆက်သာရှုမှတ်ပါ။
ရပ်မပြစ်ပါနဲ့ ။ ထိုင်ခြင်း ဣရိယာပုတ်
ကနေ ရှုမှတ်ရင်းညောင်းလာရင်တောင်မှ မိမိ ရဲ့ ရှုမှတ်မှုမှာပဲ အာရုံစူးစိုက်ထားရင်း
ထ လို့ ရပါတယ်။ ထတာကို ရှုမှတ်ပြီး ထရင် ရသလို မရှုမှတ်ပဲ မိမိ စူးစိုက်
ရှုမှတ်မှုမှာပဲ အမှတ်မပျက်ပဲ စူးစိုက်ထားရင်းလည်း ထလို့ရပါတယ်။
ခြေထောက်ကို တဖက်ကိုပြောင်းတာပဲ
ဖြစ်ဖြစ် ထရပ်လိုက်တာပဲ ဖြစ်ဖြစ်
ခန္ဓာက နာကျင်မှု ဒုက္ခကို သိမှတ်ရင်း ပြောင်းလို့ရသလို မိမိ
ရှုမှတ်မှုကိုပဲ
အဓိက အာရုံစူးစိုက်ထားပြီး ပြောင်းလို့လဲ
ရပါတယ်.။ အရမ်းနာကျင်တဲ့အခါမှာ
ရှုမှတ်မှုမှာ သမာဓိ အားနည်းလာနိုင်ပါတယ်။
လုံးဝ အနာမခံပဲ ခဏခဏ
ပြောင်းလဲတာမျိုးဆိုရင်တော့လည်း တည်ငြိမ်တဲ့ သမာဓိ မရနိုင်ပြန်ပါဘူး။
ဒါကြောင့် အနည်းဆုံး မိနစ် ၂၀ လောက်နေမှ
တစ်ခါလောက်ပြောင်းခြင်းသာ
ဖြစ်သင့်ပါတယ။် ဒီထက် အချိန် အနည်းငယ်အတွင်း
ပြောင်းလဲခြင်းဟာ
သမာဓိ မရတဲ့သူတွေ အငြိမ် မထိုင်နိုင်ခြင်းလိုဖြစ်တဲ့အတွက်
သမာဓိမှ
မရပြန်ရင်လည်း ပရမတ် အမြင်တွေ ပျောက်သွားမှာဖြစ်ပါတယ်။
အဖြစ်နဲ့ အပျက်ကို ပိုင်ပိုင်နိုင်နိုင်
ဆုံးဖြတ်ချက် ချနိုင်ခြင်း ၊
အဖြစ်ကို အဖြစ် အပျက်ကို အပျက်လို့
တိတိကျကျ ဆုံးဖြတ်ချက်
ချနိုင်ခြင်းကသာ ၀ိပဿနာ မဂ်ဥာဏ်ဖြစ်ပါတယ်။
ရှုမှတ်မှုကို
လွဲချော်ခြင်းမရှိ ရှုမှတ်နိုင်ရင်
ဝိပဿနာ မဂ်ဥာဏ်ကို ရခြင်းဖြစ်တဲ့
အတွက်ကြောင့် ဖြစ်ပျက်မြင်ရင် နေ့ မှာမြင်ရင် ညမှာ မဂ်ရမယ်။
ည မှာ မြင်ရင် မနက်မှာ မဂ်ရမယ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီး
လမ်းညွှန်ဆုံးမတော်မူတဲ့အတိုင်း
စူးစူးစိုက်စိုက် ရှုမှတ်ခြင်းဖြင့်
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment