ခန္ဓာ့ ဒုက္ခ၊ မသိ ကြမူ
တဏှာ အစွဲ၊ မာန ဇွဲနှင့်
ဒိဋ္ဌိ တွယ်ငြိ ၊ ငါသာ သိဟု
တလွဲဖောက်ပြန်၊ ယူစွဲသန်၍
လူတော် လူဇော်၊ လူမော် မောက်ကြွား
ဂုဏ်အင်များ ကို ၊ အလွဲ သိုလျှက်
ပရမတ် မမြင် ၊ ပညတ်ထင် ၏။
အ၀ိဇ္ဇာ နှင့် ၊ တဏှာ မင်းတို့ 
အုပ်ချုပ် စိုးစံ ၊ ဖြစ်ကြောင်းမှန်၍
ခန္ဓာ အရှိ ၊ ဥာဏ် အသိဖြင့်
သစ္စာ သိမြင် ၊ ကိလေစင်အောင်
လုံ့လ ကြိုးကုတ်၊ အားမထုတ်က
ခန္ဓာ့ ပဋိစ္စ ၊ ဧကန်စပ်မည်
သံသရာ ၀ဲ ၊ ကျင်လည်မြဲတည့်။
ပိဋကတ် စုံ ၊ အာဂုံဆောင်ထား
ပေါဌိလ ထေရ် ၊ပမာယူသော်
ခုနှစ်ဆူဘုရား၊တွေ့ပါငြားလည်း
ဒိဋ္ဌိ မပယ်၊ အသိကြွယ်လျှက်
လျော်စွာ အကျင့်၊ သူမကျင့်ခဲ့
မာန် ယောဗ္ဗန ၊ အာရောဂျနှင့်
ဇီဝိတ မာန် ၊ ဟုတ်ကြောင်းမှန်ဟု
ဒိဋ္ဌိ ယူလွဲ ၊ မှတ်သိ စွဲ ခဲ့
ဇာတိ ဇရာ ၊ ဗျာတိ မရဏ
ဘယ လေးတန် ၊ သံဝေဂ ဥာဏ်
ထင်စွာ မသိ ၊ ဥာဏ် မရှိခဲ့
ဓမ္မ သမ ၊ ကုသလ နှင့်
ပုည လေးတန်၊ ၀ိသေသထူး
ဥာဏ်လျှင်ကွန့်မြူး ၊ မရည်စူးခဲ
့။
ကာမဂုဏ်ဘောင် ၊ မောဟ ဖောင်၌
နှစ်သက် ပျော်မြူး ၊ သူမေ့မူးခဲ့
သုံးတန် ချမ်းသာ၊ လူနတ် ဗြဟ္မာ
တင့်တယ် မွေ့လျော် ၊ ယစ်မူးပျော်ခဲ့
သစ္စာလေးပါး၊ ရှိခြင်းများကို
မှတ်သညာမှာ ၊ စိတ် အားသာလျှက်
ဧဟိပဿိ။ဂုဏ် မသိခဲ့
ဝိဇ္ဇာ စရဏ၊ဂုဏ် နှစ်ဝကို
သမ္ပန္န တိုင်၊ မပိုင်နိုင်ခဲ့
သာသနာတွင်း၊ ကြိမ်ကြိမ်ချည်းကပ်
ပိဋကတ် စုံ ၊ အာဂုံ ဆောင်လည်း
ပိဋကတ် စုံ ၊ အာဂုံ ဆောင်လည်း
ဒုက္ခသစ္စာ၊ ဆင့်ကဲ တာရှည်
ခန္ဓာ မစဲ ၊ ၀ဋ်မှာ မြဲသည်
ပုထုဇဉ်တို့ ၊ ဓမ္မတာတည်း။
*ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ*
*ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ*
* * *
3 comment:
Ma Tint said...
သတိချပ်သွားတယ် သမီးတော်ရေ... ဝေမျှပေးတာကျေးဇူးပါနော် :)
September 10, 2015 at 8:48 AM
..........
ခွင့်လွှတ်ပါ မမတင့် သမီးတော် ပို့စ် မှားဖျက်မိလို့ 
ပုထုဇဉ် ရှင်းတမ်း
သေချာဖတ်လိုက်တော့ ဟုတ်သားပဲသမီးတော်ရေ
ဟုတ် ကျေးဇူးပါ ဂျက်ရေ
Post a Comment