ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, September 4, 2015

ရဟန်းတို့၏ ကြီးပွားကြောင်းတရား(၆)ပါး


 (၁)ရဟန်းတို့ ..ရဟန်းတို့သည် သီတင်းသုံးဖေါ်တို့၏ အပေါ်၌
မေတ္တာစိတ်ဖြင့်ပြုအပ်သော ကိုယ်အမူအရာ(=ကာယကံ)ကို
မျက်မှောက် ၊ မျက်ကွယ်= နှစ်သွယ်လုံး၌ ရှေ့ရှုထင်ကြစေသမျှ
(=ဖြစ်စေကြသမျှ) ကာလပတ်လုံး  ရဟန်းတို့ အဖို့ရာ ကြီးပွား
ရန်သာရှိပေ၏။ ဆုတ်ယုတ်ရန်အလျှင်းမရှိပေ။


(၂) ရဟန်းတို့ ..ရဟန်းတို့သည် သီတင်းသုံးဖေါ်တို့၏ အပေါ်၌
မေတ္တာစိတ်ဖြင့်ပြုအပ်သော နုတ်အမူအရာ(=၀စီကံ)ကို
မျက်မှောက် ၊ မျက်ကွယ်= နှစ်သွယ်လုံး၌ ရှေ့ရှုထင်ကြစေသမျှ
(=ဖြစ်စေကြသမျှ) ကာလပတ်လုံး  ရဟန်းတို့ အဖို့ရာ ကြီးပွား
ရန်သာရှိပေ၏။ ဆုတ်ယုတ်ရန်အလျှင်းမရှိပေ။

(၃) ရဟန်းတို့ ..ရဟန်းတို့သည် သီတင်းသုံးဖေါ်တို့၏ အပေါ်၌
မေတ္တာစိတ်ဖြင့်ပြုအပ်သော စိတ်အမူအရာ(=မနှောကံ)ကို
မျက်မှောက် ၊ မျက်ကွယ်= နှစ်သွယ်လုံး၌ ရှေ့ရှုထင်ကြစေသမျှ
(=ဖြစ်စေကြသမျှ) ကာလပတ်လုံး  ရဟန်းတို့ အဖို့ရာ ကြီးပွား
ရန်သာရှိပေ၏။ ဆုတ်ယုတ်ရန်အလျှင်းမရှိပေ။

(၄)ရဟန်းတို့…ရဟန်းတို့သည် တရားနှင့်အညီရသော ပစ္စည်းလေးရပ်
=ဓမ္မိယလာဘ်ကို အယုတ်ဆုံးအားဖြင့် သပိတ်အတွင်းရှိ ဆွမ်းမျှကိုလည်း
သီးခြားခွဲ၍ မသုံးဆောင်ပဲ သီလရှိသော သီတင်းသုံးဖေါ်တို့နှင့် သက်ဆိုင်
စေ၍ သုံးဆောင်ကြသမျှ ကာလပတ်လုံး ရဟန်းတို့ အဖို့ရာ ကြီးပွားရန်
သာရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

(၅)ရဟန်းတို့… တဏှာ၏ ကျွန်အဖြစ်မှ ကျွတ်လွတ်စေတတ်ကုန်သော
 ပညာရှိတို့  ချီးမွန်းအပ်ကုန်သော မှားယွင်းစွာ မသုံးသပ်အပ်ကုန်သော
သမာဓိကို ဖြစ်စေတတ်ကုန်သော မကျိုးမပေါက် မကျား မပြောက်ကုန်
သော သီလတို့ဖြင့် ရဟန်းတို့သည် မျက်မှောက် မျက်ကွယ်=နှစ်သွယ်
လုံး၌ပင် သီတင်းသုံးဖေါ်တို့ နှင့် သီလချင်းတူမျှလျှက် နေကြသမျှ
ကာလပတ်လုံး ရဟန်းတို့ အဖို့ရာ ကြီးပွားရန်သာရှိပေ၏။
ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

(၆)ရဟန်းတို့…နိဗ္ဗာန်သို့ ဆောင်တတ်သော အကြင် အရိယာ ပညာ
သည် ထိုပညာကိုလိုက်နာပြုကျင့်သူအား ဆင်းရဲစင်စစ် ကုန်ဖို့ ရန်
ဆောင်တတ်၏။ထိုသို့သော အရိယာ ပညာအားဖြင့် ရဟန်းတို့သည်
မျက်မှောက် မျက်ကွယ်=နှစ်သွယ်လုံး၌ပင် သီတင်းသုံးဖေါ်တို့နှင့်
ပညာချင်းတူမျှလျှက် နေကြသမျှ ကာလပတ်လုံး ရဟန်းတို့ အဖို့ရာ
 ကြီးပွားရန်သာရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

ရဟန်းတို့  ဤ ကြီးပွားကြောင်းတရား(၆)ပါးတို့သည် ရဟန်းတို့၌
တည်နေကြ၍ ရဟန်းတို့သည်လည်း ဤ ကြီးပွားကြောင်းတရား(၆)
ပါးတို့ ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့ အဖို့ရာ
 ကြီးပွားရန်သာရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။
…………ဟူ၍
…………..မြတ်စွာဘုရားရှင်သည် ရဟန်းတို့ အား ကြီးပွား
ကြောင်းတရား(၇)ပါး-၅-စု။ (၆)ပါး -၁-စု ဤသို့ (၆)စုထား၍
ဟောကြားတော်မူ၏။

(မင်းကွန်းဆရာတော်ဘုရားကြီးရေးသားစီရင်တော်မူသော
မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ စာမျက်နှာ-၂၄၄)


           *****တတိယမြောက်သမီးတော်*****

6 comment:

Unknown said...

sadux3

3rdthameetaw said...

ကျေးဇူး ပါရှင်

စံပယ်ချို said...

မပျက်မကွက်ရောက်ခဲ့လို့ အသိတွေတိုးခဲ့ကြောင်း......

3rdthameetaw said...

ရောက်လာခဲ့လို့ ကျေးဇူးပါ ဂျက်ရေ

Aunty Tint said...

အွန်လိုင်းပြန်ရောက်တာနဲ့ ဘလော့တွေလျှောက်လည်နေပြီ သမီးတော်ရေ...
လွတ်သွားတာလေးတွေ ပြန်ဖတ်နေတယ် :)
ကိုယ်စိတ်နှစ်ပါးအေးချမ်းပြီး တရားထူးတရားမြတ်တွေ ကျင့်ကြံပွားများ အားထုတ်နိုင်ပါစေ .....

3rdthameetaw said...

ကျေးဇူးပါ မမတင့်
မမတင့်တိုက်တဲ့အားဆေးလေးသောက်လိုက်ပြီ...:)