ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, October 21, 2015

သင်္ဂါယနာ


ထေရ၀ါဒ ထွန်းကားရာနိုင်ငံ များ
သီဟိုဠ်(သီရိလင်္ကာ)။ မြန်မာ ။ယိုးဒယား ။ကမ္ဘောဒီးယား။ လာအို ငါးနိုင်ငံ

မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးလို့ (၃)လကျော်မှာ 
ရှင်မဟာကဿပ အမှုးရှိတဲ့
ရဟန္တာငါးရာ က ပထမ သင်္ဂါယနာ တင်တယ်။
မြတ်စွာဘုရားဟောတော်မူတဲ့တရားတွေအားလုံးကိုစုဆောင်းတယ်
စုဆောင်းပြီးတော့ စီစစ်တယ် စီစစ်ပြီးတော့ ဒါမြတ်စွာဘုရားဟောတဲ့
တရားစစ်မှန်ပြီ ဆိုပြီးတော့ ကျေနပ်တဲ့အခါမှာ လက်ခံတယ်။
အဲ့ဒီအချိန်က စာအုပ်တွေ မရှိသေးဘူး။  စုပေါင်းရွတ်ဆိုလိုက်တာ
သင်္ဂါယနာဆိုတာ အဲ့ဒီ အဓိပ္ပါယ်ရှိတယ်။
သံ ဆိုတာ အတူတကွ၊ ဂါယနာ ဆိုတာ ရွတ်ဆိုတာ
ရဟန္တာ ငါးရာ အတူတူရွတ်ဆိုလိုက်တဲ့အခါမှာ
ဘုရားရှင်ရဲ့သင်ကြားချက် အစစ်အမှန်ပဲလို့ စုပေါင်းပြီး လက်ခံလိုက်ကြတယ်။
အဲ့ဒီ ပထမသင်္ဂါယနာမှာ အရှင်မဟာ ကဿပ က
မေးခွန်းမေးတယ် အရှင်ဥပါလိက ၀ိနည်းနဲ့ပတ်သက်တာဖြေတယ်။
အရှင် အာနန္ဒာက သုတ်၊ အဘိဓမ္မာနဲ့ ပတ်သက်တာ ဖြေတယ်။ 
အဲ့လို အဖြေပေးပြီးတော့ အားလုံးကျေနပ်ပြီဆိုတော့
လက်ခံလိုက်ကြတယ်။အဲ့ဒီလိုလက်ခံပြီးတော့ အမျိုးအစားပြန်ခွဲတယ်။ 
ဒါက ၀ိနည်း ပိဋကတ် ။ ဒါကသုတ္တန် ပိဋကတ် ။
ဒါက အဘိဓမ္မာ ပိဋကတ် လို့ ပါဠိလိုခေါ်တယ်။
သင်ကြားအပ်တဲ့အရာလို့ အနက်ထွက်ပါတယ်။
ပထမ သင်္ဂါယနာ တင်ပြီးလို့ အနှစ်၁၀၀ 
 မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးလို့
အနှစ် ၁၀၀ ကျတော့ ဒုတိယ သင်္ဂါယနာ တင်ပြန်တယ်။
ရဟန္တာ ၇၀၀ စုပေါင်းပြီးတင်ပြပါတယ်။ 
အဲ့ဒီမှာတော့ သိတ်အထူးခြားကြီးမဟုတ်တော့ပဲ 
ပထမ သင်္ဂါယနာတင်တုန်းက လက်ခံတာတွေကိုပဲ 
ထပ်မံ အတည်ပြုတဲ့သဘောပါ။
နောက်တစ်ခါ အသောက မင်းတရားကြီးလက်ထက်မှာ တတိယသင်္ဂါယနာတင်ပါတယ်။
ပထမ ၊ ဒုတိယ  သင်္ဂါယနာ တင်တုန်းက လက်ခံထားတာတွေကို
ထပ်ပြီးတော့အတည်ပြုတဲ့အနေပဲ ဖြစ်ပါတယ်။ 
အသောက မင်းတရားကြီးကတော့ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက်
 နှစ် ၂၀၀ ကျော်  ၂၃၀ လောက်လို့ ခန့်မှန်းပါတယ်။
တတိယ သင်္ဂါယနာ တင်ပြီး ကိုးတိုင်း ကိုးဌါန ကိုသာသနာပြုတွေ
စေလွှတ်တယ်။ သာသနာပြု ရဟန်း ငါးပါး ပါ။
အဲ့ဒီလိုစေလွှတ်တော့ သားတော် မဟိန္ဒ  ကို 
သီဟိုဠ်ကျွန်း စေလွှတ်တယ်။သီဟိုဠ်ကျွန်းမှာ 
ဒေ၀ါနံပိယတိဿ ဘုရင် အုပ်စိုး နေတဲ့အချိန်။ 
ဘုရင်ကြီးကို တရားဟောလိုက်တော့ ဗုဒ္ဓဘာသာဖြစ်သွားပြီး 
သီဟိုဠ်တစ်ကျွန်းလုံး ဗုဒ္ဓဘာသာ ပျံနှံသွားတယ်။
သီဟိုဠ်မှာ ဗုဒ္ဓသာသနာ တည်နေပြီးတော့ မြတ်စွာဘုရား 
ပရိနိဗ္ဗာန်ပြုပြီးလို့အနှစ် ၄၅၀ လောက်ရှိတဲ့အခါ
အေဒီ ၁ ရာစု (သို့မဟုတ်) ဘီစီ အဆုံးလောက်မှာဗြဟ္မဏတိဿ ခိုးသူဘေးဆိုတဲ့ သူပုန်ဘေးကြီးပေါ်လာတယ်။ 
ရှေးတုန်းကအကြီးအကျယ်ပဲ။ 
အဲ့ဒီခိုးသူဘေးကြီး ၁၂ နှစ်ကြာတယ်။ တိုက်ကြခိုက်ကြဆိုတော့
လူတွေ ဟိုပြေး ဒီပြေး ရဟန်းတော်တွေလည်း စားစရာနေစရာခက်။
တစ်ချို့ရဟန်းတော်များက အိန္ဒိယဘက် ကူးတယ်။ တစ်ချို့ရဟန်းတော်များကနေရစ်တယ်။ 
နေရစ်တဲ့ရဟန်းတော်များက ဆင်းဆင်းရဲရဲ အသက်မွေးကြရတော့ 
စားစရာ နေစရာ မပြည့်စုံဘူး။ ဒါပေမယ့် သူတို့ စုဆောင်းထားတဲ့
ပိဋကတ်ကိုတော့ မမေ့အောင် ဆိုပြီး အမြဲပြန်တယ်။
တစ်ခါတစ်လေ စားစရာမရှိလို့ ဆာတဲ့အခါ မြစ်ကမ်းတို့ 
သမုဒ္ဒရာကမ်းတို့သွားပြီး သဲလေးပုံ အဲ့ဒီသဲပုံလေးပေါ်မှောက်ပြီး  
သဲတွေက အေးတော့ဗိုက်က အေးပြီးတော့ အဲ့ဒီလို ပိဋကတ်တော်တွေကို ပြန် ဆောင်ထားကြတယ်။
အဲ့ဒီ ဘေးကြီးငြိမ်းသွားတဲ့အခါ အိန္ဒိယ ပြေးသွားတဲ့ 
ရဟန်းတော်တွေ ပြန်လာကြတယ်။ သီဟိုဠ်မှာ ငြိမ်းချမ်းပြီဆိုတော့
ပြန်လာကြတဲ့ ရဟန်းတွေနဲ့ကျန်ရစ်ခဲ့တဲ့ရဟန်းတော်တွေဆုံပြီးတော့
“..ငါ့ရှင်တို့ သင်တို့ကတော့ ဟိုဘက်မှာချမ်းချမ်း
သာသာနေရထိုင်ရတယ်။အဲ့ဒီတော့ ငါ့ရှင်တို့ကတော့ 
ပိဋကတ်တော်တွေကို မှန်မှန်ကန်ကန် ပဲ
ဆောင်ထားကြမယ်။ ငါတို့ကတော့ ဒီဘက်မှာ 
ဆင်းဆင်းရဲရဲ နေရတာ ဆိုတော့
မတော်တဆ ချွတ်ယွင်းတာတွေဖြစ်ချင်ဖြစ်မယ်။ 
အဲ့ဒီတော့ သင်တို့ ဆောင်ထားတာနဲ့ 
ငါတို့ ဆောင်ထားတာ တိုက်ဆိုင်ကြရအောင်..” ဆိုပြီး
တိုက်ဆိုင်ကြည့်တဲ့အခါ တစ်လုံးမှ မလွဲဘူးတဲ့။ 
သူတို့ ၀မ်းသာကြတယ်။

နောင်အခါမှာ ဒီလိုပိဋကတ် သုံးပုံကိုဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ရှားလိမ့်မယ်။
ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ မရှိရင် ပိဋကတ်သုံးပုံ ပျောက်ကွယ်မယ်။
ပိဋကတ် သုံးပုံ ပျောက်ကွယ်ရင် သာသနာတော်ကြီး
ပျောက်ကွယ်သွားလိမ့်မယ်။ 
ဒါကြောင့် ပေပေါ်မှာရေးကြရအောင် ဆိုပြီးတော့
ပေထက် အက္ခရာတင်တဲ့ပွဲလုပ်ကြတယ်။
ပေထက် အက္ခရာတင်ပွဲကိုတော့
စတုတ္ထသင်္ဂါယနာ လို့ အသိအမှတ်ပြုကြတယ်။ 
ပထမ ဒုတိယ တတိယမှာအာဂုံဆောင်လာခဲ့ကြတယ်။ 
စတုတ္ထ သင်္ဂါယနာမှာကျတော့ ပေရွက်တွေပေါ်ရေးပြီ။
သာသနာတော်ဟာ အနယ်နယ် အရပ်ရပ်ကိုပြန့်နှံပြီးတော့
မြန်မာပြည်ကိုရောက်တယ်။

မင်းတုန်းမင်းကြီးလက်ထက်မှာ ပဉ္စမသင်္ဂါယနာ 
ဆိုပြီးတော့ တင်ပြန်တယ်။အားလုံးကြားဖူးကြပါလိမ့်မယ်။ 
မန္တလေးမြို့တည် နန်းတည် မင်းတုန်းမင်းကြီးကတော့ 
စတုတ္ထ သင်္ဂါယနာထက်တစ်ဆင့်တက်ပြီး 
ကျောက်ချပ်တွေပေါ်မှာရေးတယ်။ 
ကျောက်ချပ်ပေါင်း(၇၂၉)ချပ်ရှိတယ်။ 
အဲ့ဒါ ခုထိတောင် ရှိသေးတယ်။
မန္တလေး တောင်ခြေက ကုသိုလ်တော်လို့ခေါ်တဲ့ 
ဘုရားဝင်းထဲမှာကျောက်စာ တစ်ခုကို ဂူ တစ်ခုနဲ့ ထားတာ။
နောက် ဆဋ္ဌမ သင်္ဂါယနာကို ဦးဇင်းတို့ခေတ်ပေါ့။ 
၁၉၅၄ ခုမှာစတယ်။ရန်ကုန်မှာ ကျင်းပတယ်။ 
အဲ့ဒီ ဆဋ္ဌမ သင်္ဂါယနာ ကျတော့စာအုပ်တွေ 
ကျမ်းစာတွေ ရိုက်တယ်။ ပါဠိတော်ကျမ်းစာတွေ
အခုထိ ကမ္ဘာမှာ အကောင်းဆုံး ပါဠိစံမူ အဖြစ်  
 အသိအမှတ်ပြုထားရတယ်။

အဲ့ဒီ ခြောက်ကြိမ်မြောက် သင်္ဂါယနာ တို့မှာ ဒီဝိနည်းပိဋကတ်၊
သုတ္တန်ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ်ကို အတည်ပြု 
လက်ခံထားခဲ့ကြတယ်။
ခုတွေ့နေရတဲ့ ပိဋကတ်တော်တွေဟာ
 မြတ်စွာဘုရားနှုတ်ကပတ်(မုခပါဌ်)တော်ကို
အရှင် အာနန္ဒာနဲ့ အရှင်ဥပါလိ ကဆောင်ထားတယ်။ 
သူတို့ ကတဆင့်ပထမ သင်္ဂါယနာမှာ 
ရဟန်းတော်များကို အသိပေးတယ်။
အားလုံးလက်ခံပြီး အဆင့်ဆင့် ဆောင်လာခဲ့ကြလို့ 
ယခုထိအောင်ရှိတယ်။
ဒါကြောင့်မို့ ယခုထိအောင်ရှိနေတဲ့ ၀ိနည်း၊သုတ္တန်၊ အဘိဓမ္မာ
ပိဋကတ်တော်တွေဟာ မြတ်စွာဘုရားကိုယ်တိုင် ဟောကြားထားခဲ့တဲ့
ပိဋကတ်တော်တွေဖြစ်တယ်။

အရှင်သီလာနန္ဒာဘိဝံသ



+++++++++++++++

မြတ်စွာဘုရားရှင်၏ နှုတ်ကပါဌ်တော်များကို
ပဉ္စမ အကြိမ်  ဆဋ္ဌမ အကြိမ် နှစ်ကြိမ်တိုင်အောင်
မြန်မာနိုင်ငံ မြန်မာလူမျိုးများဖြစ်သည့် မင်းတုန်းမင်းကြီးနှင့်
နိုင်ငံတော် အစိုးရမင်းများ မှ သင်္ဂါယနာ တင်နိုင်ခဲ့ခြင်းအတွက်
များစွာ ဂုဏ်ယူ ၀မ်းမြောက်မိပါသည်။

မြတ်စွာဘုရားရှင်၏ သာသနာတော်ကို ဆက်လက်
ရွက်ဆောင်တော်မူကြမည့် ဆရာတော် သံဃာတော်
အရှင်သူမြတ်တို့အား ယုံကြည်မြတ်နိုးစွာ ရှိခိုးပါ၏ ဘုရား။
မြတ်စွာဘုရားရှင်၏ သာသနာတော်အား
ဆထက် ထမ်းပိုးသယ်ပိုးရွက်ဆောင်လျှက် ကြီးကျယ်
ပြန့်ပွား လင်းလက် တောက်ပနိုင်ပါစေ အရှင်သူမြတ်တို့ဘုရား။

သတ္တ၀ါတို့၏ အကျိုးကို ရှေ့ရှုတော်မူလျှက်
လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတိုင်အောင် ပါရမီတော်များ
ဖြည့်ကျင့်တော်မူခဲ့သော မြတ်စွာဘုရား ၏ သစ္စာလေးပါး
တရားတော်များ ထွန်းကား ကျယ်ပြန့်စွာဖြင့်
ဤေလာက ကမ ၻာသူ ကမ ၻာသားမ်ားအား ချမ်းသာခြင်းကို
ဆောင်ယူပါစေ သတည်း။



*****တတိယမြောက်သမီးတော်*****

4 comment:

စံပယ်ချို said...

ငယ်ငယ်က ကြားဖူးတယ်သမီးတော်ရေ ပြန်နွေးတဲ့သဘောပေါ့ ...ဗဟုသုတရတယ်သမီးတော်ရေ

3rdthameetaw said...

ကျေးဇူးပါ ဂျက်ရေ

မိုးသူ(တောင်ကြီး) said...

ဒီပိုစ့်လေးက ဗုဒ္ဓဘာသာဝင်တွေ အတွက် ဗဟုသုတတိုးတဲ့ပိုစ့်လေးပါ ကျေးဇူးတင်ပါတယ် သမီးတော်ရေ

blog ကို အခုမှ ဖုန်လာခါလို့  သိတဲ့အတိုင်း မြန်မာပြည်ရဲ့ အင်တာနက်ကော်နက်ရှင်က စုတ်ပဲ့နေလို့  blog ကိုမ၀င်ဖြစ်တာပါ :)

3rdthameetaw said...

ဝင်လာလို့ ကျေးဇူးပါ..မိုးသူရေ