ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Thursday, December 31, 2015
သောတာပန် ဖြစ်ရန် အင်္ဂါ(၄)ပါး
သောတာပန်ဖြစ်ချင်ရင် အင်္ဂါလေးချက်နှင့် ညီညွတ်အောင်
နေထိုင်ရမယ်။ကျင့်သုံးရမယ်လို မြတ်စွာဘုရားကိုယ်တော်တိုင်
ဟောထားတာရှိတယ်။ အဂုင်္တ္တိုရ်ပါဠိတော်မှာ ပါတယ်။
Posted on: Wednesday, December 30, 2015
ပါရမီ တွေနဲ့ ခြောက်လှန့်ထား
 ဤသို့ဖြစ်နေကြရသည်မှာ ပုဂံခေတ်တွင် မဟာယာနဂိုဏ်း
လွှမ်းမိုးခဲ့ရာမှ အငွေ့အသက်များမကုန်ပဲ ကျန်နေခဲ့သော
ကြောင့် ဖြစ်သည်။ မဟာယာန ဂိုဏ်း၏ ၀ါဒမှာ ယောက်ျားတိုင်းပင်
ဘုရားလောင်းဖြစ်ကြ၏။ ဘုရားဆုကိုတောင်းကြရ ဘုရားဆုကို
ပန်ကြရသည်။
Posted on: Monday, December 28, 2015
မဂ္ဂင် ဘယ်နှစ်ပါးနဲ့ ရှုရမှာလဲ
ရှုရတာပါပဲ၊အဲ့ဒီလိုရှုတဲ့အခါမှာ မဂ္ဂင် ဘယ်နှစ်ပါးနဲ့ ရှုရမှာလဲ။
အဖြေကတော့ ငါးပါးနဲ့ ရှုရမယ်။
Posted on: Sunday, December 27, 2015
ဝိပဿနာဥာဏ်မှ မဂ်ဥာဏ်သို့
ကိုယ့်စရိုက်နဲ့လိုက်တဲ့ကမ္မဋ္ဌာန်းကို ရွေးရှုပါ။
ရုပ်ကြိုက် ရုပ်ရှု၊ ဝေဒနာကြိုက် ဝေဒနာရှု၊ စိတ်ကြိုက်စိတ်ရှု၊
ရှုဖန်များလာရင် ခန္ဓာထဲမှာ ဖျပ်ဖျပ်  ဖျပ်ဖျပ် နဲ့ လာမယ်၊
ဟိုက ရွရွ ဒီက ရွရွ နဲ့လာမယ်၊ ဟိုစိတ်ကလေး ပေါ်လာ၊
ဒီစိတ်ကလေးပေါ်လာ နဲ့ မလာပေဘူးလား၊ အဲ့ဒါလေးတွေက
ဘာလဲဆိုရင် အနိစ္စကလေးတွေ၊ ဒုက္ခကလေးတွေ၊ အနတ္တကလေးတွေပဲ၊
အကျဉ်းချူံးယင် ဖြစ်-ပျက်ပဲ။ ဖြစ်ပျက်ကို ရှုပါလို့ ဆရာဘုန်းကြီး
သတိပေးလိုက်တယ်။
Posted on: Saturday, December 26, 2015
အသံရှည်ဆွဲပြီး တရားမဟောရ
ထိုခေတ်ထိုအခါက တရားဟောပြီးဆိုလျှင် အသံကလေးတွေ
လွင်လွင်ဖြင့် ဟောနေကျထုံးစံဖြစ်၏။ အသံကောင်းမှလည်း
ဓမ္မကထိက ဖြစ်နိုင်သည်။ ဂါထာကလေးရွတ် အနက်ဆံ
ကောင်းကောင်းနှင့် အသံကိုအနိမ့်အမြင့်ဆွဲ ၀တ္ထုကြောင်းကို
လွမ်းလောက်အောင် အသားပေး ဟောနေကျ၊ ထိုခေတ်ကြီး
မှာ ဆရာတော်က ရိုးရိုးပင် ဟောပြနေတော်မူ၏။
Posted on: Friday, December 25, 2015
ဒုက္ခ နောက်က မဂ္ဂသစ္စာလိုက်
ဒကာ ဒကာမ တို့…. မဂ် ဆိုတာ သိလုံးကလေးကိုပြောတာ၊
အေး… သိတဲ့အသိလေးကိုပြောတာ။ သိရမှာကတော့
ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာဆိုတာ ဘယ်ဟာတွေလဲဆိုတော့
ခန္ဓာပေါ်တာ ခန္ဓာငါးပါးထဲက တစ်ပါးပါးထင်ထင်ရှားရှား
ပေါ်တာကို ဆိုတာ
Posted on: Thursday, December 24, 2015
စိတ္တာနုပဿနာ ရှုပွားနည်း
ကမ္မဋ္ဌာန်းတွေကတော့ အစုံရှိတာပဲ။ ဒါပေမယ့် ခင်ဗျားတို့နဲ့
အလျော်ဆုံးက ကိုယ့်စိတ်ကိုယ်ရှုတာ အလျော်ဆုံး
စိတ္တာနုပဿနာပေါ့။
Posted on: Tuesday, December 22, 2015
သစ္စာ ၄ ချက်
 ဒုက္ခသစ္စာနဲ့မဂ္ဂသစ္စာ
………..။………..။………..
အရှုခံဘက်က ရုပ်နာမ် ၂-ပါး၊အကျယ်ချဲ့ရင် ခန္ဓာငါးပါး၊
အဲ့ဒါတွေဟာ တစ်ခုမျှ မမြဲကြဘူး။တဖွဲဖွဲတသဲသဲ အသစ်
အဟောင်းပြောင်းလွဲနေကြတာပဲ၊ဒီခန္ဓာငါးပါးကြီးဟာ
ရလာကတည်းက မသက်သာဘူး၊ဒုက္ခသစ္စာကြီးပဲ။
Posted on: Monday, December 21, 2015
အပေါင်းဆိုရင် ပညတ် ဖြစ်နေမယ်
အရှုခံတရားတွေဆိုတာက ရူပက္ခန္ဓာ၊ဝေဒနာက္ခန္ဓာ၊သညာက္ခန္ဓာ။
သင်္ခါရက္ခန္ဓာ၊၀ိညာဏက္ခန္ဓာ၊ လို့ ငါးပါးရှိတယ်။ ဥာဏ်နဲ့ ခွဲဝေပုံ
ရတာပေါ့။
Posted on: Sunday, December 20, 2015
ခန္ဓာဥာဏ်ရောက်ဖြစ်အောင် နာကြ
ဒကာ ဒကာမတွေ တရားနာတဲ့အခါမှာ တရားအဓိပ္ပါယ်ကို
သိနေရုံလောက်မျှနှင့် ကျေနပ်မနေကြနဲ့။
အလုပ်စဉ်မှန်မှ နိဗ္ဗာန်ရ
 နိဗ္ဗာန်ကိုတကယ်လိုချင်တဲ့သူဟာ နိဗ္ဗာန်ေ၇ာက်ကြောင်း
လမ်းမှန်ကိုရွေးချယ်တတ်ဖို့အရေးကြီးပါတယ်။
ခန္ဓာဘာလဲ၊ ဓါတ်က ဘာလဲ၊ရုပ်ကဘာလဲ၊
နာမ်ကဘာလဲ၊ပညတ် ပရမတ်စသဖြင့် သိအောင်တော့
လေ့လာရပါလိမိ့မယ်။
ဒသက
အသက်(၁၀၀)ရှိသော ပုဂ္ဂိုလ်တစ်ယောက်ကို ၁၀ -ပိုင်း ပိုင်းလျှင်
အောက်ပါအတိုင်း ဖြစ်၏။
“ဒသက” ကို “တစ်ဆယ်စု” ဟူ၍ မှတ်ပါ။
Posted on: Wednesday, December 16, 2015
သံဝေဂ ယူရန်
“ဇိဏ္ဏါ အဋ္ဌီစ နှာရုစ၊
ဂတ္တာနိ န ၀ဟန္တိ  မေ၊
Posted on: Tuesday, December 15, 2015
ပိဋကတ်သုံးပုံဆိုတာ
“ပိဋကတ် သုံးပုံ” ဟူသည် သုတ်-၀ိနည်း-အဘိဓမ္မာ တို့ကို
ပြောဆိုခြင်းဖြစ်၏။ သုတ္တန် ပိဋက၊၀ိနည်းပိဋက၊အဘိဓမ္မာပိဋက
ဟူ၍ ဆိုလိုသည်။
Posted on: Sunday, December 13, 2015
မြတ်သောအလှုကိုလှုတတ်ပါစေ
တစ်ခါသော် ရှင်တော်မြတ်ဗုဒ္ဓက  အနာထပိဏ်သူဋ္ဌေးကြီးအား
မိန့်ကြားခဲ့ဖူးသည်-
Posted on: Friday, December 11, 2015
ဆရာရှာပါ
ရှေးပညာရှိသူတော်ကောင်းများက တရားအားထုတ်ရာတွင်ဆရာလိုအပ်ကြောင်း
အောက်ပါအတိုင်းရေးသားခဲ့ကြသည်။
Posted on: Sunday, December 6, 2015
ဘာအဓိပ္ပါယ်ရှိသလဲ
ဘ၀တစ်ခုရလာတယ်။ ပထမဆုံး အသက်ရှင်ဖို့ကြိုးစားရတယ်
ပြီးတော့ ၀တ်ဖို့ကြိုးစားရတယ်။ ပြီးတော့ နေစရာရှိဖို့ကြိုးစားရတယ်။
သံယောဇဉ်အနှောင်အဖွဲ့တွေနဲ့ ပူပန်ကြစိုးရိမ်ကြ
အစစအရာရာ အေးချမ်းတယ်ဆိုတာ မရှိပါဘူး
အကြောင်းတစ်ခုမဟုတ်တစ်ခု ပူပန်ကြရတာမလွဲပါ။
ဘာများအဓိပ္ပါယ်ရှိပါသလဲ။