ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, December 13, 2015

မြတ်သောအလှုကိုလှုတတ်ပါစေ


တစ်ခါသော် ရှင်တော်မြတ်ဗုဒ္ဓက  အနာထပိဏ်သူဋ္ဌေးကြီးအား
မိန့်ကြားခဲ့ဖူးသည်-


“ အို….အိမ်ရှင် သူကြွယ် ၊ သင့်အိမ်မှာ ဆွမ်းရပ် လာကြတဲ့
သံဃာတော်များအား ဆွမ်းဘောဇဉ်များ လောင်းလှုပါ၏လော”

“-မှန်ပါ- လောင်းလှုပါသည်ဘုရား၊ သို့ရာတွင် ဟင်းကတော့
သိတ်မကောင်းလှပါ၊ နေ့စဉ်ကိစ္စဖြစ်၍ ပုန်းရည်ကြီး နီကျင်ကျင်
ကို ကြက်သွန်နီဖြင့် သုပ်၍ ဟင်းလုပ်ပြီး လောင်းလှုပါသည် ဘုရား..”

“..အိမ်ရှင်သူကြွယ်….ဆွမ်းကောင်းဖို့..ဟင်းကောင်းဖို့ အဓိက ပဓာန
မဟုတ်ပေ၊ အရေးကြီးသည်ကား  လောင်းလှုသည့်အခါတွင်-

၁။ စေတနာဖြူဖြူသန့်သန့် ၊
၂။လှုဖွယ်က တရားသဖြင့် ရလို့စင်ကြယ်၊
၃။ချက်ပြုတ်ရာတွင် သန့်သန့်ရှင်းရှင်း။
၎။ချဉ်းကပ်ရာတွင် ရိုရိုသေသေ။
၅။လှုဒါန်းရာတွင် လေးလေးစားစား
ရှိဖို့သာ အဓိက အရေးကြီးသည်။ ….

..ယင်းသို့မဟုတ်လျှင်  ကုသိုလ်အကျိုးပေးသည့်အခါ
မိမိစည်းစိမ်ကို သုံးဆောင်ခံစားလိုစိတ် မရှိဘဲ ဖြစ်နေတတ်သည်။”

ဤသို့ ဟောကြားတော်မူခဲ့ဖူး၏။



*****တတိယမြောက်သမီးတော်*****

0 comment: