ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, December 15, 2015

ပိဋကတ်သုံးပုံဆိုတာ


“ပိဋကတ် သုံးပုံ” ဟူသည် သုတ်-၀ိနည်း-အဘိဓမ္မာ တို့ကို
ပြောဆိုခြင်းဖြစ်၏။ သုတ္တန် ပိဋက၊၀ိနည်းပိဋက၊အဘိဓမ္မာပိဋက
ဟူ၍ ဆိုလိုသည်။

“ပိဋက” ဟူသော ပါဠိက “တောင်း”ဟူ၍(တင်းတောင်း)ဟူ၍ အဓိပ္ပါယ်ရ၏။
တောင်းကြီး သုံးလုံး စဉ်တန်းချထားသလို အောက်မေ့ထားရမည်။

ဘုရားရှိစဉ်တုံးက တရားတော်တွေကို နေရာအနှံဟောခဲ့သည်။
သို့ဖြစ်၍ ပန်းပွင့်တွေပြန့်ကျဲနေသလို တရားတွေပြန့်ကျဲနေ၏။
ယင်းတို့ကိုပျောက်ပျက်ကုန်မည်စိုး၍ ဘုရားမရှိသောအခါမှ
လိုက်လံစုရုံးကြရသည်။ စုရုံးပြီးလျှင် စီစစ်၍  သုတ္တန်တရားဖြစ်ပါက
သုတ္တန်တောင်းကြီးထဲထည့်၊ ၀ိနည်းဖြစ်ပါက ၀ိနည်းတောင်းကြီးထဲထည့်၊
အဘိဓမ္မာဖြစ်ပါက အဘိဓမ္မာတောင်းကြီးထဲထည့်ရသည်။
[တကယ်ထည့်သည်မဟုတ်၊ဥာဏ်ဖြင့် စုရုံးသည်ကို ဆိုလို၏။]

တောင်းတစ်လုံးဆိုလျှင် “ပိဋက”ဟု ခေါ်ရ၏။ တောင်းသုံးလုံးပေါင်း
ဆိုလျှင်ကား “ပိဋကတ္တယ” ပိဋကသုံးပုံဟုခေါ်ရသည်။

ပါဠိတော် အုပ်ရေ(၂၀)
သုတ္တန်ပိဋက၌ သုတ်(၃)ကျမ်း၊စာအုပ်(၃)အုပ်ရှိသည်။
ဝိနည်းပိဋက၌ ၀ိနည်း(၅)ကျမ်း၊စာအုပ်(၅)အုပ်ရှိသည်။
အဘိဓမ္မာပိဋက၌ အဘိဓမ္မာ(၇)ကျမ်း၊ စာအုပ်(၁၂)အုပ်
ရှိကြသည်။
သုတ် သုံးကျမ်း ဟူသည်
၁။သုတ် သီလက္ခန်
၂။သုတ် မဟာဝါ
၃။သုတ် ပါထေယျ တို့ဖြစ်ကြသည်။

ဝိနည်း ငါးကျမ်း ဟူသည်
၁။ပါရာဇိကဏ် ပါဠိတော်
၂။ပါစိတ် ပါဠိတော်
၃။မဟာဝါ ပါဠိတော်
၎။စူဠ၀ါ ပါဠိတော်
၅။ပရိဝါ ပါဠိတော် တို့ဖြစ်ကြသည်။

အဘိဓမ္မာ ခုနှစ်ကျမ်း ဟူသည်
၁။ဓမ္မသင်္ဂဏီ
၂။ဝိဘင်း
၃။ဓာတုကထာ
၎။ပုဂ္ဂလပညတ်
၅။ကထာဝတ္ထု
၆။ယမိုက်
၇။ပဋ္ဌာန်း

စာအုပ် အနေနှင့်မူကား
၁။ဓမ္မသင်္ဂဏီပါဠိတော်                  (၁)အုပ်
၂။ဝိဘင်းပါဠိတော်                       (၁)အုပ်
၃။ဓာတုကထာနှင့် ပုဂ္ဂလပညတ်      (၁)ညတ်
၎။ကထာဝတ္ထုပါဠိတော်                 (၁)အုပ်
၅။ယမိုက်ပါဠိတော်                       (၃)အုပ်
၆။ပဋ္ဌာန်းပါဠိတော်                        (၅)အုပ်
………………………………………………………….
စုစုပေါင်း                                    (၁၂)အုပ်

ပဋ္ဌာန်းကျမ်းကြီးကား ကောင်းကင်ကြီးသဖွယ် အပြောကျယ်၍
ပင်လယ်သမုဒ္ဒရာကြီးပမာ နက်ရှိုင်းလှပါဘိတောင်း။

…………………..
ဗဟုသုတ အဖြစ် မျှဝေခြင်းဖြစ်သည်။


*****တတိယမြောက်သမီးတော်*****

0 comment: