“ဇိဏ္ဏါ အဋ္ဌီစ နှာရုစ၊
ဂတ္တာနိ န ၀ဟန္တိ မေ၊
မေ-ငါ၏ ၊ အဋ္ဌီစ- အရိုးတို့သည်လည်းကောင်း၊
နှာရုစ- အကြောတို့သည်လည်းကောင်း၊
ဇိဏ္ဏာ- ဆွေးမြေ့ ယိုယွင်း အိုမင်းလာကြကုန်ပြီဖြစ်၍၊
ဂတ္တာနိ-ခန္ဓာကိုယ် အစိတ်အပိုင်းတို့ကို၊
န ၀ဟန္တိ -
ရှေးတုန်းကလို မရွက်ဆောင်နိုင်ကြတော့ကုန်၊။
ဤသို့လျှင် လှည်းအိုကြီးပမာဖြစ်လာကြတော့သည်ကား
(သာယံ လောကဿ ဓမ္မတာ) ဆိုသလို
ဓမ္မတာပင် မဟုတ်ပါလော။
စက္ခုပါလ မထေရ်ကြီး
………………..
"တရားဟောတာဟာ ကုသိုလ်ရရုံပါပဲကွာ...
စာချတာလဲ ထို့အတူ ကုသိုလ်ရရုံလောက်ပါပဲ၊
အဲ့ဒါကြောင့် ကိုယ့်ကိစ္စကိုယ် စိတ်ချရအောင်
လုပ်ဖို့လိုသေးတယ်၊ ယခုအခါ အချိန်ရောက်
နေပြီ.....
ဘုန်းတော်ကြီး အရှင်နာဂ၀ံသ
............................
ဤသို့သတိပေးခြင်းခံရလေသော် ကျမ်းပြုစာချ ဓမ္မကထိက
ကိုယ်တော်လေး ဦးဝိမလ ၏ ရင်ထဲမှာ "ဒိန်း" ခနဲ တုန်လှုပ်
ချောက်ချားသွားရလေတော့သည်။
" ဟုတ်ပေသားပဲ ၊ ကိုယ့်ကိစ္စ ကိုယ်စိတ်ချရအောင်....."
..................................
သံဝေဂ ယူရန် မျှဝေပါသည်။
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment