ကမ္မဋ္ဌာန်းတွေကတော့ အစုံရှိတာပဲ။
ဒါပေမယ့် ခင်ဗျားတို့နဲ့
အလျော်ဆုံးက ကိုယ့်စိတ်ကိုယ်ရှုတာ
အလျော်ဆုံး
စိတ္တာနုပဿနာပေါ့။
စိတ်ဆိုတာ ဖြစ်ပြီးပျက်သွားတဲ့စိတ်က
တစ်မျိုး၊
အဲ့ဒါကိုသိတဲ့စိတ်က တစ်မျိုး၊ နှစ်မျိုး။
ဒါဖြင့်
ဖြစ် ပျက် ကိုသိတယ်ဆိုပါတော့ ဖြစ်ပျက်က
အသေ
မဂ်က အရှင်၊ သူက နောက်မှ ပေါ်ရတာကိုး။
ဒါဖြင့် အသေကို အရှင်နဲ့သိပေးတယ်။
ဒါ ၀ိပဿနာ ပဲ။
အသေကို အရှင်နဲ့ သိပေးတာ ၀ိပဿနာ။
ဟော….ဒီလိုဆိုတော့ ဒကာ ဒကာမ တို့
ဝိပဿနာ ဆိုတာ အလွယ်ကလေးပါလား။
အသေကို အရှင်နဲ့သိရင် ၀ိပဿနာဖြစ်နေပြီ။
စာလိုသုံးနှုန်းနေတော့ အဟန့်ကြီးပြီးတော့
ခင်ဗျားတို့က နားယောင်နေတာ။ တကယ်တော့
ကိုယ့်အသေကို ကိုယ့်အရှင်စိတ်နဲ့သိရင်
ပြီးတာပဲ။
ကြည့်ပါ ဒီအထဲမှာ စိတ်ကလေး တစ်ခု ပေါ်လာတယ်။
စိတ် အသက်က ၁ နှင့် ၂ ပဲ ရှိတယ်။
၁ ဆိုရင် ဖြစ်တယ်။
၂ ဆိုရင် ပျက်တယ်။ အဲ့ဒါကလေးကို
နောက်သိလုံးကလေးနဲ့
နောက်စိတ်နဲ့ သိပေးလိုက်တာပေါ့။
နောက်စိတ်နဲ့
အသက်ရှင်နေတယ်။ ဒီ ရှေ့စိတ်က ရှင်သွားပြီကိုး
။
လူတစ်ယောက်သေသွားပြီ မောင်ဘအေးဖြင့်
သေသွားပြီ။
အသေဟာ ဒုက္ခသစ္စာ။ အသိက မဂ္ဂသစ္စာ ။
ကိုယ့်ဥာဏ်နဲ့ ကိုယ့်အသေ ကိုယ်သိတာ
ဝိပဿနာ ခေါ်တယ်။
ပေါ်ကြပလား။
ကိုင်း ၀ိပဿနာဆိုတာ အသေကိုအရှင်နဲ့ကြည့်တာလို့
မှတ်ကြ။ ခင်ဗျားတို့က တောကျောင်း
တောင်ကျောင်းသွားပြီး
ရှုမှ ၀ိပဿနာ ထင်ကြတာကိုး၊ မဟုတ်ဘူး တဲ့ ။
ကိုယ့်အသေက ဘယ်မှာရှိတာတုန်း။ခန္ဓာမှာရှိတာ။
ကိုယ့်အသိကရော ကိုယ့်ခန္ဓာထဲမှာရှိတာ။
ဒါ ကမ္မဋ္ဌာန်းကျောင်းပေါ့ဗျ။ ဒီခန္ဓာဟာ
ကမ္မဋ္ဌာန်းကျောင်းပေါ့။
တောမထွက်ချင်အောင်လို့ ဘုန်းကြီးက
ဟောနေတာလို့
မထင်လိုက်ကြနဲ့။ခင်ဗျားတို့လူစုတွေက
ထွက်မှာလည်းမဟုတ်ဘူး။
ကဲ… လိုရင်းက ကိုယ့်အသေ ကိုယ်သိနေရင်ပြီးတာပါပဲ။
တောထဲ သွားနေပေမယ့်လို့ မြိုစိတ်ပေါက်နေမယ်ဆိုရင်
အလကားပါပဲ။ ကိုယ့်အသေ ကိုယ်မရှု
မမြင်ဘူးဆိုရင်
အလကားပါပဲ။ တောကျောင်း တောင်ကျောင်း
ဆိုတာတွေက
သမထ အတွက် ဟောတာ၊ သမထက တိတ်ဆိတ်ဖို့ လိုအပ်တယ်။
ဒါက သုတ္တန်နည်း။
ဝိပဿနာ အတွက်ကတော့ လှေကားခုံက ခြေတစ်လှမ်း
ဆင်းရင်
တောကျောင်း တောင်ကျောင်းပဲ တဲ့၊ ဒါက အဘိဓမ္မာနည်း။
ဝိပဿနာ အတွက်က မြင်စိတ် ကြားစိတ်
နံစိတ် စားစိတ်
စတဲ့ စိတ်တွေကို ရှုတာ ဆိုတော့ နေရာမရွေးဘူး၊
ဘယ်နေရာ ရှုရှု ရတာပေါ့။
ဒကာ ဒကာမ တို့ ကိုယ်စိတ် ကိုယ်ရှု ဆိုတာ ကိုယ်စိတ်
ကိုယ်သိပါလို့ပြောတာ။ ကိုယ့်စိတ်
ဆိုတာရယ် ကိုယ်သိ
ဆိုတာရယ် ၂ ခုပဲ ။ စိတ်-စိတ်ချင်းရှုရမယ့်
ကိစ္စ အရေးကြီးတယ်။
စိတ်-စိတ်ချင်းရှုဆိုပေမယ့် တကယ်တော့
ရှုတဲ့စိတ်ပေါ်တဲ့အချိန်မှာ
အရှုခံစိတ်က မရှိတော့ပါဘူး။ ဘာပြုလို့လဲဆိုတော့
တစ်ချိန်ထဲမှာ
၂ စိတ်ပြိုင်၍ အသက်ရှင်ရိုးထုံးစံ
မရှိလို့ပါ။
“ဧကစိတ္တ သမာယုတ္တာ” ဆိုတဲ့အတိုင်း
တစ်ချိန်မှာ တစ်စိတ်စီနဲ့သာ
အသက်ရှင်ရတာ မဟုတ်လား။ အဲ့ဒီတော့
ကိုယ့်စိတ်ကိုယ်သိပါ
ဆိုပေမယ့် တကယ်တော့ စိတ်ကိုသိရမှာ
မဟုတ်ဘူး။ အပျက်ကို
သိရမှာ။ စိတ်ကိုသိရမှာလား။ စိတ်ရဲ့
အပျက်ကို သိရမှာလား။
စိတ်ရဲ့ အပျက်ကို သိရမှာပါ။ ဒါဖြင့်
အရှုခံစိတ်ကလေးက အပျက်
ဒီဘက် ရှုဥာဏ်စိတ်ကလေးက မဂ်။ အဲ့လိုသွားကိုက်တယ်။
ဒါကလေးတွေက တော်တော် အရေးကြီးတဲ့အချက်ကလေး
တွေနော်။
ခင်ဗျားတို့က ထင်မယ်။ ဘုရားက စိတ္တာနုပဿနာလို့ဟောတော့
စိတ်ကိုအရှုခိုင်းတယ်လို့ ထင်ကြမှာ။ဘယ်ဟုတ်လိမ့်မှာလဲ။
စိတ်ကိုအရှုခိုင်းတာ မဟုတ်ဘူး။
စိတ်၏ ပျက်မှုကို ရှုပါလို့ ပြောတာ။
အေး…သမုဒယ ဓမ္မာ နုပဿီဝါ၊ ၀ယဓမ္မာ
နုပဿီဝါ ..ဆိုတာတွေ
လာလိမ့်မယ်။ အဲ့ဒါတွေ နောက်တော့
ပြောပြမယ်။
ထပ်ပြောဦးမယ်။ စိတ်ကိုအရှုခိုင်းတာ
မဟုတ်၊ စိတ်၏
မရှိမှုကို အရှုခိုင်းတာ။ရှုတဲ့အချိန်မှာ
မရှိတာပဲ တွေ့ရမယ်။
ရှိပြီးမှ မရှိပဲ ဖြစ်သွားတဲ့သဘောကိုတွေ့ရမှာ စောစောက
ဒီနားရှိတယ်၊အခု မရှိတော့ဘူး၊ အဲ့ဒီ သဘောကို တွေ့ရမှာ။
ရှိတာ ရှုနေလို့ရှိရင် ခိုင်တာမြဲတာ
ရှုနေသောကြောင့်
သဿတဒိဋ္ဌိဖြစ်တယ်။ မရှိတာရှုမှသာလျှင်
သဿဒိဋ္ဌိက
လွတ်တယ်။ ဒါဖြင့် ဒကာ ဒကာမတို့
အသေကိုအရှင်နဲ့
ရှုပါဆိုတာ အမှန်ဆုံးပဲ။ဘာပြုလို့လဲဆိုတော့
တစ်ခုသေပြီးမှ
တစ်ခုဖြစ်ရမှာကိုး။ ခင်ဗျားတို့က
စိတ်ကိုအရှုခိုင်းတယ် ဆိုပြီး
ကျုပ်ကတော့ စိတ်တွေလာတိုင်းရှုနေတာပဲ
ဆိုရင် ဒါ ၀ိပဿနာ
အ၀ါး မ၀သေးဘူး။ ဆရာ ကရင်လည်း လိုနေမယ်။
ကိုယ်က ရင်လည်း လိုနေမယ်။ စိတ်က
တစ်ချိန်တည်းမှာ
၂ ခု ပြိုင်၍ ပေါ်ကောင်းရဲ့လား။
မပေါ်ကောင်းဘူး။
ဒါကြောင့် ရှေ့စိတ်ကိုနောက်စိတ်နဲ့
မြင်လိုမရနိုင်ဘူး။
ရှေ့စိတ် အပျက်ကိုသာ နောက်စိတ်နဲ့
မြင်လို့ရနိုင်မယ်။
ရှေ့က ပထမစိတ်ပျက်ပြီးမှ နောက်က
ဒုတိယစိတ် ပေါ်နိုင်မယ်။
ပထမစိတ်က အသေ၊ဒုတိယစိတ်က ရှင်ဆဲပါ။
အသေကိုရှင်
တဲ့စိတ်နဲ့ရှု၊ ရှင်တဲ့စိတ်ထဲမှာ
ဥာဏ်ပါတယ်။ အသေကို
အရှင်နဲ့ ရှုပါမယ်။ အဲ့ဒါမှ ၀ိပဿနာ
အစစ်ပါ။
အပျက် မပါပဲနဲ့ စိတ်သက်သက်ကိုသာ
ရှုနေရင်
ဝိပဿနာ အစစ်မဟုတ်ဘူး။ ဖြစ်လည်း
မဖြစ်နိုင်ဘူး။
ဘာလို့လဲဆိုတော့ နောက်က ရှုတဲ့စိတ်ပေါ်တဲ့
အချိန်မှာ
ရှေ့ကစိတ်က ရှိမှ မရှိနိုင်ဘဲ။
ပျက်သွားရပြီ။ ပျက်သွားပြီးမှသာ
နောက်က စိတ် ပေါ်နိုင်ခွင့်ရတာကိုး။
စိတ္တာနုပဿနာ=စိတ်ရှုတယ် ဆိုတာ အပြောကတော့
ပြောချင်ပြောပေါ့၊ ဒါပေမယ့် အမှန်စင်စစ်ကတော့
ကိုယ့်အသေကို အရှင်နဲ့ရှုတာပါ။ဒါမှ အမှန်ဗျ။
ဝိပဿနာဆိုတာ ဘာပါလိမ့်။ အသေကိုအရှင်နဲ့
ကြည့်တာပါ။ အသေမတွေ့သေးလို့ရှိရင်လည်း
အနိစ္စမတွေ့သေးဘူး။ ဒါကြောင့်ဝိပဿနာဆိုတာ
အသေကို အရှင်နဲ့ကြည့်တာ။ စိတ္တာနုပဿနာလား။
အသေကိုအရှင်နဲ့ကြည့်တာလား။ အသေကို
အရှင်နဲ့
ကြည့်တာပါ။ ဒါမှ လမ်းမှန်ကျတယ်။
ဒါဖြင့် စိတ်ရှုရှု ဝေဒနာ ရှုရှု ရုပ်ရှုရှု
အပျက်ကိုမြင်စေရမယ်လို့
ပြောတာ၊ ဒါဟာ ဘုရားဟောအထောက်အထားရှိလို့ပြောတာ။
သမုဒယဓမ္မာနုပဿီဝါ ၀ယဓမ္မာနုပဿီဝါ
စိတ္တသ္မိံ ၀ိဟရတိ-တဲ့။
မဟာသတိမဋ္ဌာန် ပါဠိတော်ကြီးမှာပါတယ်။
မြတ်စွာဘုရား
ဟောထားတာ။ သမုဒယ ဆိုတာ ဖြစ်တာ။မွေးလာတာ။
ဝယ ဆိုတာ ပျက်တာ။ သေတာပေါ့။ အဲ့ဒီမွေးလာပြီးသေသွားလိုက်
မွေးလာပြီး သေသွားလိုက်တွေကိုရှုရမှာ။
ဥာဏ်နဲ့ရှုရမှာ။
ပြောနေကျ စကားလုံးနဲ့ ပြောရရင်တော့
ဖြစ်လာပြီး
ပျက်သွားလိုက် ဖြစ်လာပြီးပျက်သွားလိုက်
အတိုကောက်
ဖြစ်-ပျက် ပေါ့။ အဲ့ဒါတွေကိုဥာဏ်နဲ့
ရှုရမှာ။
မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးထဲမှာ
ဘုရားရှင်
ကိုယ်တော်မြတ်ကြီးက အတိအလင်းဟောထားတယ်။
သမုဒယ ၀ယ မွေးလာပြီး သေသွားတာကို
မြင်အောင်
ကြည့်ရမယ် ဆိုတာလေ။ အဲ့ဒီထိအောင်သွားရမှာ။
အဲ့ဒီကျတော့မှ ၀ိပဿနာဖြစ်တာ။ ခုတော့
မဟုတ်ဘူး။
ခင်ဗျားတို့က စာကိုရှေ့ပိုင်းတွင်ပဲ
ဖတ်ပြီး ရှေ့ပိုင်းတွင်ပဲ
ပြောနေကြတာ။ ဒီနောက်ပိုင်း သမုဒယဓမ္မာနုပဿီဝါ-
ဝယဓမ္မာနုပဿီဝါ ထိအောင် လာရမှာ။
ကဲ…. ၀ိပဿနာဆိုတာ အသေကို အရှင်နဲ့ကြည့်တာ
အရှင်ကိုအရှင်ချင်းကြည့်လို့ ဖြစ်မလား။
အေး…မြဲမြဲ မှတ်ထားကြ။
(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘဝ
သာသနာ မှ)
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment