ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, December 27, 2015

ဝိပဿနာဥာဏ်မှ မဂ်ဥာဏ်သို့


ကိုယ့်စရိုက်နဲ့လိုက်တဲ့ကမ္မဋ္ဌာန်းကို ရွေးရှုပါ။
ရုပ်ကြိုက် ရုပ်ရှု၊ ဝေဒနာကြိုက် ဝေဒနာရှု၊ စိတ်ကြိုက်စိတ်ရှု၊
ရှုဖန်များလာရင် ခန္ဓာထဲမှာ ဖျပ်ဖျပ်  ဖျပ်ဖျပ် နဲ့ လာမယ်၊
ဟိုက ရွရွ ဒီက ရွရွ နဲ့လာမယ်၊ ဟိုစိတ်ကလေး ပေါ်လာ၊
ဒီစိတ်ကလေးပေါ်လာ နဲ့ မလာပေဘူးလား၊ အဲ့ဒါလေးတွေက
ဘာလဲဆိုရင် အနိစ္စကလေးတွေ၊ ဒုက္ခကလေးတွေ၊ အနတ္တကလေးတွေပဲ၊
အကျဉ်းချူံးယင် ဖြစ်-ပျက်ပဲ။ ဖြစ်ပျက်ကို ရှုပါလို့ ဆရာဘုန်းကြီး
သတိပေးလိုက်တယ်။


ရှုဖန်များလာတော့ ဥာဏ်ရင့်လာမယ်၊ ၀ိပဿနာဥာဏ်ရင့်လာမယ်။
ရင့်လာလဲ ဆက်ရှု။ မရပ်နဲ့ ဆက်ရှု။ ရှုဖန်များတော့-
ပရိက္ကာ ကမေနေ၀ံ၊ပရိဘာဝိတ ဘာဝနာ။
ပရိစ္စဇန္တီ သင်္ခါရေ၊ ပက္ခန္ဒတိ အသင်္ခတေ။ 
ဧ၀ံ- ဤနည်းအားဖြင့်။ကမေန-အစဉ်အတိုင်း၊
ပရိဘာဝိတ ဘာဝနာ-ပွားအားထုတ်အပ်သည့် ၀ိပဿနာ
ဘာဝနာဥာဏ်သည်။ပရိပက္ကာ- ရင့်ကျက်လာသည်။
(သမာနာ-ဖြစ်လတ်သော်) သင်္ခါရေ-ဖြစ်ပျက် ဖြစ်ပျက်
သင်္ခါရတရားတို့ကို၊ ပရိစ္စဇန္တီ-စွန့်ခွာလျှက်၊
အသင်္ခတေ-ဖြစ် ပျက် ဖြစ် ပျက်တွေ မရှိရာ အသင်္ခတ နယ်ထဲသို့၊
ပက္ခန္ဒိတိ- ပြေးဝင်သွားတော့၏။-တဲ့။
ဒါဟာ နာမရူပ ပရိစ္ဆေ္ဒကျမ်းက လာတာ၊ဖြစ်ပျက်တွေ မြင်ဖန်များတော့
ဥာဏ်တွေရင့်လာမယ်။ အဲ့ဒါ ဆက်ရှုတော့ ဥာဏ်တွေက ဖြစ်ပျက်တွေကို
စွန့်ခွာလိမ့်မယ်။ ဖြစ်ပျက်တွေကိုတွန်းခွါလိုက်သလို လုပ်ပြီးတော့
အဲ့ဒီဥာဏ်ဟာ “ပက္ခန္ဒတိ အသင်္ခတေ .” တဲ့၊ ဖြစ်ပျက်တွေ မရှိတဲ့
နယ်ထဲသို့ ပြေးဝင်သွားလိမ့်မယ်-တဲ့၊

ဖြစ်ပျက် မရှိတဲ့နယ်ဆိုတာ နိရောဓသစ္စာ နိဗ္ဗာန်ကိုပြောတာ။
အဲ့ဒီ နိရောဓ သစ္စာနယ်ထဲကို ဥာဏ်က ပြေးဝင်သွားတယ်။
အဖြောင့်ပြောရရင်တော့ အဖြစ် အပျက် မရှိတဲ့ နိရောဓ သစ္စာ၊
ဥာဏ်နဲ့သွားတည့်နေတယ်။ ရှေ့ပိုင်းမှာ ဖြစ်ပျက်တွေ မြင်နေတုန်းက
လောကီ ၀ိပဿနာဥာဏ်၊ နောက်ကျတော့ ဥာဏ်တွေရင့်လာပြီး
အဖြစ် အပျက် မရှိတဲ့ နိရောဓသစ္စာကို မြင်နိုင်လာတယ်။
အဲ့ဒီကျတော့ လောကုတ္တရာ မဂ်ဥာဏ်။ အဲ့ဒါဟာ
ဝိပဿနာဥာဏ်မှ မဂ်ဥာဏ်သို့ ကူးပြောင်းသွားခြင်းပဲ။


(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)



*****တတိယမြောက်သမီးတော်*****

0 comment: