ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Monday, December 28, 2015
မဂ္ဂင် ဘယ်နှစ်ပါးနဲ့ ရှုရမှာလဲ
ရှုရတာပါပဲ၊အဲ့ဒီလိုရှုတဲ့အခါမှာ မဂ္ဂင် ဘယ်နှစ်ပါးနဲ့ ရှုရမှာလဲ။
အဖြေကတော့ ငါးပါးနဲ့ ရှုရမယ်။
အဲ့ဒီ အရှုခံတရားဆိုတာက အကျဉ်းအားဖြင့်ပြောရရင်၊
ရုပ်နဲ့ နာမ်ပဲ ရုပ်ကြိုက်ရင် ရုပ်ရှု။ နာမ်ကြိုက်ရင် နာမ်ရှု။
အဲ့ဒီရုပ်နဲ့နာမ်ကို နည်းနည်းချဲ့ပြောရင် ခန္ဓာ ငါးပါး။
ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊သင်္ခါရက္ခန္ဓာ၊
ဝိညာဏက္ခန္ဓာတို့ပေါ့၊ ဒါတွေဟာ အရှုခံ တရားတွေပဲ။
တကယ်ရှုပြီ ဆိုရင်တော့ ငါးပါးလုံးကို တပြုံကြီး တစ်အုံကြီး
ရှုရမှာ မဟုတ်ဘူး။ ကြိုက်ရာတစ်ခုခု ရွေး ရှုရတာပါ။
အဲ….. ရှုဥာဏ်များ ဘက်ကတော့ အမြဲတမ်း ငါးပါးပဲ။
ဘယ်သူတွေလည်း ဆိုရင်သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊
သမ္မာဝါယာမ၊သမ္မာသတိ၊သမ္မာသမာဓိ ဆိုတဲ့ ငါးပါးပဲ။
ဒီငါးပါးကို လောကီမဂ္ဂင် ငါးပါးလို့လဲ ခေါ်တယ်။
ဝိပဿနာဥာဏ်လို့လဲခေါ်တယ်။ ယထာဘူတ ဥာဏ်လို့လဲ
ခေါ်တယ်။ ပုဗ္ဗဘာဂ မဂ်လို့လဲ ခေါ်တယ်။ ပဉ္စင်္ဂိက မဂ်လို့လဲ
ခေါ်တယ်။ ဒီငါးပါးနဲ့ ရှုကြရပါမယ်။
မဂ္ဂင်ဆိုတာ ရှစ်ပါး ရှိတယ် မဟုတ်လား။ အဲ့ဒီလို
စောဒက တက်ကြတယ်။  အိုး….. ရှစ်ပါး ရှိပေမယ့်
ရှစ်ပါးလုံးအလုပ်လုပ်ကြတာ မဟုတ်ဘူး။နိဗ္ဗာန်ရဖို့
အလုပ်လုပ်တာက ဒီငါးပါးပဲ၊ အဲ့ဒါကြောင့် ဒီငါးပါးကို
အဋ္ဌကထာ ဆရာများက “ကာရက မဂ္ဂင်” လို့တောင်
နာမည်ပေးကြတယ်။ အေး… ဒီ ကာရက မဂ္ဂင် ငါးပါးနဲ့
ရှုကြရပါမယ်။
နောက်တစ်နည်း အားဖြင့်တော့လည်း တရားရှုခါစ
ပုထုဇဉ်များသဏ္ဍန်မှာ ဒီငါးပါးပဲ ကိန်းနိုင်ပါတယ်။
မဂ္ဂင် ရှစ်ပါးလုံး မကိန်းနိုင်ပါဘူး။ အဲ့ဒါကြောင့်
မဂ္ဂင် ရှစ်ပါး ရှိပေမယ့် ရှစ်ပါးလုံးနဲ့ မရှုရ၊ ဒီငါးပါးနဲ့ပဲ
ရှုကြရပါမယ်။
( အကျယ်ကိုတော့ နောက်ဆက်တွဲ
ပဉ္စင်္ဂိက မဂ်နှင့် အဋ္ဌင်္ဂိက မဂ် အခန်းမှာ ရှုပါ။)
(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)
*****တတိယမြောက်သမီးတော်*****
0 comment: