ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, January 23, 2015

စာနဲ့ လက်တွေ့ 


အဘိဓမ္မာဆိုတာ စာအုပ်ထဲ သွားရှာရတာ မဟုတ်ဘူး။ကိုယ့်ခန္ဓာကိုယ်မှာ
ရှိတာမသိကြလို့ သာ၊အဲ့ဒါကြောင့်မို့  ဒီမှာသင်ရတာ ပိုပြီးတော့ ကောင်းတယ်။
တရားထိုင်တာနှင့်အဘိဓမ္မာ နှင့် တွဲသွားတာ။တရားထိုင်ထားရင် အဘိဓမ္မာ
ပိုသဘောပေါက်တယ် ။အဘိဓမ္မာ နားလည်ထားရင် တရားထိုင်တော့လည်း
ပိုကောင်းတယ်။ အဲ့ဒီလို အပြန်အလှန် ကျေးဇူးပြုသွားတယ်။

Posted on: Friday, January 9, 2015

အမေ နှင့် ပြောဖြစ်ခဲ့သောစကားများ


မနက်က ရွာထဲက အသုဘ တစ်ခုကိုသွားဖို့  အမေ့ ကို ဆိုင်ကယ်နဲ့လိုက်ပို့ ပေးခဲ့ပါတယ်။
(၇)ရက်ပြည့်လို့ ရက်လည်ဆွမ်းကပ်တရားနားရတာပါ။ သမီးတော်တို့ အိမ်က ရွာအနောက်
ဘက်မှာ ရှိပြီး အသုဘ အိမ်က ရွာအရှေ့ ဘက် မှာဖြစ်ပါတယ် ဝေးလှတယ်လို့ မဟုတ်ပေမယ့်
အမေ့ ကို သက်သာစေချင်လို့  လိုက်ပို့ ပေးတာပါ။

Posted on: Thursday, January 1, 2015

မအားကြသူများ


ပထမ အရွယ်မှာ ပညာရှာ။ ဒုတိယ အရွယ်မှာ ဥစ္စာရှာ။ တတိယအရွယ်မှာ တရားရှာ ဆိုတဲ့ စကား
ဘယ်ပညာရှိ ပရောဟိတ်ကြီးကများ မိန့် ကြားတော်မူတယ် မသိပါ။