ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, January 29, 2016

အောက် - အထက် သံယောဇဉ် ဆိုတာ




သြရမ္ဘာဂိယ သံယောဇနာနိ=
အောက် သံယောဇဉ်များ  ၅ ပါး ရှိကြ၏။ အောက်သံသရာမှာ
ကျင်လည်ကြ၏။ သူတို့ကိုမဖြတ်နိုင်လျှင် အောက် ကာမ(၁၁)ဘုံ၌
ကျင်လည်နိုင်ကြသည်။ ထိုဘုံများနှင့် ဆက်သွယ်နေကြ၏။
ယင်းတို့ကား-

Posted on: Thursday, January 28, 2016

ဘုရားပေးနိုင်တဲ့ ဆုမဟုတ်ဘူး


တစ်ခါတစ်လေ ဆရာတော်က ဒကာတွေအပေါ်မှာ အားမရနိုင်
ဖြစ်ဟန်တူသည်။ အလုပ်လုပ်ပါ ကြိုးစားပါဟု သတိပေးနေသည့်
ကြားက ဘုရားရှေ့သွားပြီး ကိုယ်လိုချင်တာတွေကိုစုံအောင်
ဆုတောင်းတတ်ကြ၏။.

Posted on: Wednesday, January 27, 2016

ဒုက္ခ အမျိုးအစား သုံးပါး


 ဤနေရာ၌နေတ္တိ ပါဠိတော်မှာလာသော ဒုက္ခ အမျိုးအစားတို့ကို
ခွဲခြား၍ သိထားသင့်သည်။ သို့မှသာ ၀ိပဿနာရှုရာတွင် မည်သည့်
ဒုက္ခကို ရှုရမည် - ဟု ပီပီပြင်ပြင် သိမြင်လာနိုင်ပေသည်။

Posted on: Tuesday, January 26, 2016

ဝေဒနာကို ကျော်အောင်ကြိုးစား


 လူမိုက်များက ပြောတတ်ကြတယ်..” သေတာများအဆန်းလုပ်လို့
သင်နေရအုံးမှာလား.. သေတစ်နေ့ မွေးတစ်နေ့ပဲဟာ..”..တဲ့။

Posted on: Monday, January 25, 2016

ဝေဒနာ ခွာပြီး အနိစ္စတွေ့အောင်ရှု အလွန့်အလွန် အရေးကြီးတယ်


လူမမာမေးသွားတဲ့အခါ  -ရောဂါ ဘယ့်နှယ်နေသလဲ သက်သာရဲ့လား
လို့ မေးတော့-လူမမာက ဖြေတယ်..ဟာ ..ဒီ ဝေဒနာ မသက်သာဘူးတဲ့။
ဒါဟာ ဝေဒနာနဲ့ အနိစ္စ မကွဲပဲ ဖြစ်နေတာ။ ဒါကြောင့် မသက်သာဘူး
ဖြစ်နေတာ။ ဒီတော့ ဘုန်းကြီးက ကူညီပြီးနည်းပေးပါ့မယ်။

Posted on: Sunday, January 24, 2016

ကိုယ့်ဥာဏ်နဲ့ ထိုးထိုးထွင်းထွင်းသိတာ ယူ


ခန္ဓာ ငါးပါး တစ်ပါးပါးကို ဘာလုပ်ရမယ်။ ၀ိပဿနာ ရှုရမယ်။
ခန္ဓာငါးပါး ဘာသစ္စာ။ ဒုက္ခသစ္စာပါ။
အို..ဒါက ဆရာပြောလို့ သိတာပဲ ရှိသေးတယ်။ ကိုယ့်ဥာဏ်နဲ့
ထိုးထိုးထွင်းထွင်းမသိသေးပါဘူး။
အေး… လက်တွေ့ပြပါမယ်။ကိုယ့်လက်မောင်းကို ကိုယ် လက်သည်း
နဲ့ ဆိတ်ကြည့်။ ကဲ… အခုပဲ ဘယ်ဘက် လက်မောင်းကို တန်းလိုက်
ညာဘက် လက်သည်းနဲ့ ဆိတ်ကြည့်။ နာကျင်တဲ့ ဝေဒနာ မပေါ်ဘူးလား။
ဒုက္ခဝေဒနာပေါ့ဗျာ။ မဆိတ်ခင်တုန်းက သုခ ဝေဒနာ။ ဆိတ်လိုက်တော့
ဒုက္ခ ဝေဒနာ။ သုခ ဝေဒနာလည်း ဖြစ်ပြီးပျက်။ ဒုက္ခဝေဒနာလည်း ဖြစ်ပြီးပျက်။
ဒီတော့ သူတို့ဟာ အသုဘ။ ခင်ဗျားတို့က ပုပ်ညှီနေမှ အသုဘ လို့
ထင်ကြတာ။ ဒီလို မယူလိုက်ပါနဲ့တဲ့။ အမလေး နာလှချည်ရဲ့လို့
အော်နေမှ ဒုက္ခလို့ ဒုက္ခသစ္စာလို့ ဒီလို မယူလိုက်ပါနဲ့။

Posted on: Friday, January 22, 2016

ပညာရှိ အတွေး


ဘုရားရှင်ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်အခါက
သောတာပန်အရိယာဖြစ်တဲ့သာမာဝတီမိဖုရားဆိုတာ
 ကြားဖူးကြပါလိမ့်မယ်။ သာမာဝတီ မိဖုရားကိုသစ္စာဥာဏ်အမြင်နဲ့
သောတာပန်တည်အောင် တရားဒါနပြုခဲ့သူကတော့ မိဖုရားရဲ့
အစေအပါးဖြစ်တဲ့ ခုဇ္ဇုတ္တရာကျွန်မ ဖြစ်ပါတယ်။

Posted on: Thursday, January 21, 2016

ဝေဒနာ နိရောဓါ တဏှာနိရောဓော


 ဝေဒနာပစ္စယာ တဏှာ၊ ဒါက ၀ိပဿနာ မရှုတဲ့ပုဂ္ဂိုလ်တွေအတွက်
ပြောတာ။ ၀ိပဿနာ မရှုတဲ့ပုဂ္ဂိုလ်အတွက် ဝေဒနာပြီးရင် တဏှာ
လာနေကျ။ အဲ့…. ၀ိပဿနာရှုတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဝေဒနာကို
ရှုလိုက်ရင် ဝေဒနာကိုမတွေ့ရတော့ဘူး။ ဝေဒနာတွေ ပျက်-ပျက်
ကုန်တာကိုပဲတွေ့ရတယ်။ ဝေဒနာတွေပျက်ကုန်တယ်ဆိုတာ
ချုပ်ကုန်တာပေါ့။ ဒီတော့ ဝေဒနာ နိရောဓါပေါ့။

Posted on: Wednesday, January 20, 2016

ဒိဋ္ဌိ ရှိနေလျှင် မဂ်ဖိုလ် မရနိုင်


 ဝေဒနာပေါ်မှန်းသိတော့မှ ပျက်မှန်းလဲသိတယ်။ ဝေဒနာပေါ်တာရော
ပျောက်တာရော ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်၊ ဝေဒနာက္ခန္ဓာတွေသာဖြစ်တယ်။
အဲ့လိုဥာဏ်ရောက်သွားတော့ သက္ကာယဒိဋ္ဌိပြုတ်တယ်။

Posted on: Monday, January 18, 2016

ပုဂ္ဂိုလ်လေးမျိုး ဥဒါန်းထိုး



၁။ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်
၂။ဝိပဉ္စိတညူ ပုဂ္ဂိုလ်
၃။နေယျ ပုဂ္ဂိုလ်
၎။ပဒပရမ ပုဂ္ဂိုလ်

Posted on: Thursday, January 14, 2016

သစ္စာသိပြီးမှ လှုပါ


“သစ္စာတရားဆိုတာ တခြာကို သွားရှာနေရမှာ မဟုတ်ဘူး
ကိုယ့်ခန္ဓာထဲမှာပဲ ရှိတယ်။ ကိုယ့်ဥာဏ်နဲ့ ကိုယ့်ခန္ဓာထဲ ကြည့်စမ်း။
ရုပ်ကြည့်ကြည့်၊ နာမ်ကြည့်ကြည့်၊ ကြိုက်ရာကြည့်။
ခိုင်တာ မြဲတာ တစ်ခုမှ တွေ့မှာမဟုတ်ဘူး။ အမြဲတမ်း ဖြစ်ပျက်
ပြောင်းလဲနေကြတာတွေ့မယ်။ အကုန်လုံး ပေါ်လိုက် ပျောက်လိုက်။
ပေါ်လိုက် ပျောက်လိုက်။

Posted on: Wednesday, January 13, 2016

ဝိမုတ္တိယုဂ ခေတ်


“ခေတ်” ဆိုတာ ခေတ္တ ဆိုတဲ့ ပါဠိက လာတာ။ ခေတ္တဆိုတာက
အခိုက်အတန့် အချိန်တိုကလေး ဟု အဓိပ္ပါယ်ရသည်။ အချိန်ကာလ
ရှည်ကြီးတစ်ခုကို အချိန်တို အခိုက်အတန့်ကလေး ၅-ခု၊
ခေတ်  ၅- ခေတ် ဖြင့် ပိုင်းခြား ပါသတတ်။တစ်ခေတ် တစ်ခေတ်တွင်
လည်း နှစ်ပေါင်း(၅၀၀) ရှိသည်ဆို၏။

Posted on: Tuesday, January 12, 2016

ရုပ်ရှင်ကြည့်ရသလိုပဲ မှတ်ပါ


ပထမ ဦးစွာ ဖြစ်ပျက် မြင်အောင်ရှုပါ။ပြီးတော့ မုန်းအောင်ရှုပါ။
ဒီ ဖြစ်ပျက်တွေက ဒုက္ခသစ္စာတွေ၊ ဒါကြောင့်မို့လို့ကို မလိုချင်ဘူး။

Posted on: Monday, January 11, 2016

သစ္စာနုလောမိက ဥာဏ်


 ဒိဋ္ဌိရှိနေလို့ကတော့ ဘယ်ဒိဋ္ဌိရှိရှိ သဿတ-ဥစ္ဆေဒ-သက္ကာယ
တစ်မျိုးမျိုးရှိနေရင် မဂ် မဆိုထားနဲ့။ မဂ်ရှေ့က အနုလောမ ဥာဏ်တောင်
 မပေါ်နိုင်ဘူး-တဲ့။

Posted on: Sunday, January 10, 2016

ပရိညာ အမျိုးအစား ၃ ပါး


ပရိညာ= ပိုင်းခြား၍ သိခြင်း  ဟု အဓိပ္ပါယ်ရ၏ ထိုပရိညာသည်
၃-မျိုးရှိ၏။ ယင်းတို့မှာ-
၁။ဥာတပရိညာ
၂။တီရဏပရိညာ
၃။ပဟာနပရိညာ တို့ဖြစ်ကြသည်။

Posted on: Saturday, January 9, 2016

ဒုဗ္ဗလ၀ိပဿနာ ဖြစ်နေလျှင်


“၀ိပဿနာ- ၀ိပဿနာ” နဲ့ လူပြောများလို့ “ကဲ..ငါလည်း
စမ်းကြည့်အုံးမယ်” ဆိုတဲ့အနေနဲ့ ထပြီး ကြိုးစားတိုင်း ထမြောက်
အောင်မြင်သည်ကား မဟုတ်ချေ။ စနစ်ကျမှ အောင်မြင်နိုင်မည်။
သို့ဖြစ်လျှင် စနစ်ကျအောင် မည်သို့ ရွက်ဆောင်ရမည်နည်း။

တယ်..သတ္တိကောင်းပါလား


ဘုန်းတော်ကြီး ဦးလောကနာထသည် မြင်းခြံမြို့ စွန်းလွန်းဆရာတော်
ဘုရားကြီးကို ပရိယာယ်ဖြင့် လျှောက်ထားဖူးသည်။

“အရှင်ဘုရား..တပည့်တော်က ဘုရားဆုပန်ထားပါတယ်။
ဆုကြီးပန်ပါ၊ ဒီတော့ နောင်ဘ၀တွေမှာ အရှင်ဘုရားနဲ့
တပည့်တော် နဲ့ တွေ့နိုင်ခွင့်ရှိပါသေးသလား..”

Posted on: Friday, January 8, 2016

အနာမရှိသောလက် အဆိပ်မတက်


ကုက္ကုဋမိတ္တမုဆိုးကြီး၏ ဇနီးသည် အိမ်ရှင်မကောင်းပီသ၏။
သောတာပန် တည်ပြီးသူလည်းဖြစ်သည်။ မုဆိုးကြီးက
သားကောင် ငှက်ကောင်တို့ကိုထောင်၍ ကျွေး၏။

Posted on: Thursday, January 7, 2016

ဝိပဿနာဆိုတာ အာစို တာမျိုးပဲ


မိုးကုတ်ဆရာတော် ဦးဝိမလသည် ယခုအခါ ဘုန်းကံကြီးမားတော်
မူလှ၏။နေစရာ ကျောင်းကန် အဆောက်အအုံလည်းမရှား၊ ၀တ်စရာ
သင်္ဃန်းဆို၍လည်း ရိုးရိုးပိတ်သင်္ဃန်း ဗောင်းတံဆိပ် ရွှေလိပ်ပြာ ဗန္ဓုလ
တို့ မဆိုထားဘိ၊ ထိုအချိန် ထိုအခါက ခေတ်စားခဲ့ကြသည့် ပိုးသင်္ဃန်း
ဗန်ကောက်သင်္ဃန်းတို့ပင် အထပ်လိုက် အပုံလိုက်ရှိသည်။

Posted on: Wednesday, January 6, 2016

ဂဒ္ဒုလဗဒ္ဓသုတ်


ဂဒ္ဒုလ=ခွေးကိုချည်သောကြိုး။
(သားရေကြိုး)။ ဗဒ္ဓ=ဖွဲ့ချည်အပ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဤသို့ ဟောတော်မူသည်။
“ သံသရာကြီးက ရှည်လျားလွန်းလှ၏။ အစ တောင် မထင်နိုင်အောင်
ဖြစ်သည်။ အ၀ိဇ္ဇာ အပိတ်အကာနှင့် တဏှာ သံယောဇဉ်တွေရှိပြီး
သံသရာထဲ တ၀ဲလယ်လယ်နေကြရသူတို့အတွက် ဘယ်တုန်းက
စခဲ့သည်ဟူ၍ပင် မမြင်နိုင်လောက်အောင်ရှည်လျားလှသည်။

Posted on: Monday, January 4, 2016

ဝ မရှိပါက ၀ိ လည်း မဖြစ်နိုင်


၁။ပရမတ်မသိ၊ (၀) မရှိ၊ (၀ိ) လည်း မဖြစ်နိုင်။
၂။ဝိ မဖြစ်က၊ အနတ္တ ၊မုချ ဥာဏ်မပိုင်။
၃။ဥာဏ်မမြင်ရ၊ သံသာရ ၊ ဒုက္ခ မဆုံးနိုင်။
၎။ဒုက္ခဆုံးရန်၊ အလုပ်မှန်၊ ကျင့်ကြံ ဇွဲ ခိုင်ခိုင်။

Posted on: Sunday, January 3, 2016

ဘယ်လောက်ကြာမှ မဂ် ရနိုင်မလဲ


ဗောဓိရာဇကုမာရမင်းသားသည် မြတ်စွာဘုရားကို မေးလျှောက်ဖူး၏။

“အရှင်ဘုရား…မြတ်စွာဘုရားဟူသော နည်းညွန်လမ်းပြ ဆုံးမမည့်သူ
ရသော ရဟန်းသည် ဘယ်လောက်ကြာမှ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို
ရနိုင်ပါမည်လဲ ဘုရား”

Posted on: Saturday, January 2, 2016

အရေးကြီးတဲ့ ဒိဋ္ဌိ သုံးမျိုး


 ဒိဋ္ဌိသည် သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိ ဟူ၍(၂)မျိုးရှိ၏။
(သမ္မာ= မှန်ကန်သော၊ ဒိဋ္ဌိ=အမြင်၊ မိစ္ဆာ=မှားယွင်းသော၊
ဒိဋ္ဌိ=အမြင်) ထို -၂ -မျိုးတွင် ဤနေရာ၌ မိစ္ဆာဒိဋ္ဌိကိုဖေါ်ပြပါမည်။
မိစ ၦာဒိ႒ိ အမ်ိဳးအစား (၆၂)ပါး ရွိ၏။ ယင်း(၆၂)ပါးတို့ကိုချူံးလိုက်လျှင်
သဿတဒိဋ္ဌိ၊ဥစ္ဆေဒဒိဋ္ဌိ၊သက္ကာယဒိဋ္ဌိ ဤသုံးမျိုးတွင် အကုန်
အကျုံးဝင်သည်။(ဤနေရာတွင် သုံးမျိုးသာ ဖေါ်ပြပါမည်။)

Posted on: Friday, January 1, 2016

စတင်အားထုတ်သူ၏ လုပ်ငန်းစဉ်



မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတော်မှာ
သီတင်းသုံးတော်မူခိုက်ဖြစ်၏။ အရှင် ဗာဟိယ ကိုယ်တော်က
“တပည့်တော် တရားရနိုင်လောက်အောင် တရားကလေးတစ်ပုဒ်
အကျဉ်းချုပ် ဟောပေးတော်မူပါဘုရား” ဟူ၍ တောင်းပန်သည်။
ထိုအခါတွင် မြတ်စွာဘုရားက ရှေးဦးအစ ယခုမှ စတင်အားထုတ်သူ
အတွက် အစီအစဉ်နှင့်တကွ ဟောပြတော်မူ၏။