ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, January 10, 2016

ပရိညာ အမျိုးအစား ၃ ပါး


ပရိညာ= ပိုင်းခြား၍ သိခြင်း  ဟု အဓိပ္ပါယ်ရ၏ ထိုပရိညာသည်
၃-မျိုးရှိ၏။ ယင်းတို့မှာ-
၁။ဥာတပရိညာ
၂။တီရဏပရိညာ
၃။ပဟာနပရိညာ တို့ဖြစ်ကြသည်။


၁။  ။ဥာတပရိညာ=သိသင့် သိထိုက်တဲ့ ရုပ်နာမ် ဓမ္မ အပေါ်
အခြေခံကျကျ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့ဖြင့်
ပိုင်းခြား၍ သိခြင်း။
၂။တီရဏပရိညာ= ရုပ်နာမ်ဓမ္မ အပေါ် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ
ရေး သုံး ပါး တင်ပြီး ဆင်ခြင်ကူးမြောက်မှု၌ ပိုင်းခြား၍သိခြင်း။
၃။ပဟာန ပရိညာ= မဂ်လေးတန်ဖြင့် ဆိုင်ရာ ကိလေသာတို့ကို
ပယ်သတ်ခြင်း၌ ပိုင်းခြား၍ သိခြင်း။

ထိုသုံးမျိုးကို ဤနေရာ၌ ဥာတပရိညာဖြင့် ခွာမှုကိုဆိုလို၏။
ဒိဋ္ဌိနှင့် ၀ီစိကိစ္ဆာတို့ကို ဥာတပရိညာ သဘော(အသိဥာဏ်
သဘောဖြင့်) ကွဲကွဲပြားပြားပိုင်ပိုင်နိုင်နိုင်သိမှုကိုဆိုလိုသည်။
ထိုသို့ ကွဲကွဲပြားပြား သိလျှင်ပင် ဒိဋ္ဌိ အစွဲ ဒိဋ္ဌိ အယူတွေ
ထိုက်သလောက် တဒင်္ဂ အနေ ကွာကျကုန်လေပြီ။

ပုဂ္ဂိုလ်သတ္တ၀ါ ယောက်ျား မိန်းမတွေမဟုတ် ရုပ်နာမ် အစုမျှသာပဲဟု
ကွဲကွဲပြားပြား ဥာဏ်ဖြင့်သိလျှင်ပင် ဒိဋ္ဌိ အစွဲတွေ ကွာကျကုန်၏။
ထို့ပြင် ဘာကြောင့်ဖြစ်တာပါလိမ့် ဟူ၍ အကြောင်းတရားအပေါ်မှာ
ဥာဏ်မရှင်းသောအခါ သံသယ ၀ိစိကိစ္ဆာ ပေါ်ရသည်။
ဘယ် အကြောင်းကြောင့်ဖြစ်သည်ဟူ၍ တိတိကျကျ အကြောင်းတရား
အပေါ်မှာ သိလာသောအခါ ၀ိစိကိစ္ဆာ ကွာကျရလေသည်။

(ဖွားဖက်တော် အရှင်ဆန္ဒမှာ ဖြစ်-ပျက်တွေ ဖြိုင်ဖြိုင်မြင်ပါလျှက်
တရားမတက်နိုင်ခြင်းသည်  ဒိဋ္ဌိ ခံနေလို့ ဟူ၍ မိုးကုတ်ဆရာတော်
ဘုရားကြီးမှ ကောက်ချက်ချဖူးသည်။)



(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)



ဒိဋ္ဌိ  နှင့်  ၀ိစိကိစ္ဆာ  ကို အသိဥာဏ်ဖြင့် ခွာ ၍ ၀ိပဿနာ အလုပ်
အားထုတ်သူသည် အားကြီးသော ၀ိပဿနာ ဖြစ်ခြင်းကြောင့်
ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို ထိုးထွင်းသိမြင်မှုတွင်ထင်ရှားကာ
လောကုတ္တရာမဂ်ဥာဏ် ဖိုလ်ဥာဏ်ကို လျှင်မြန်လွယ်ကူစွာ
ရခြင်း ရောက်ခြင်းသည် မလွဲမသွေ ဧကန်ဖြစ်ပါသည်။




*****တတိယမြောက်သမီးတော်*****

0 comment: