ဂဒ္ဒုလ=ခွေးကိုချည်သောကြိုး။
(သားရေကြိုး)။ ဗဒ္ဓ=ဖွဲ့ချည်အပ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဤသို့
ဟောတော်မူသည်။
“ သံသရာကြီးက ရှည်လျားလွန်းလှ၏။
အစ တောင် မထင်နိုင်အောင်
ဖြစ်သည်။ အ၀ိဇ္ဇာ အပိတ်အကာနှင့်
တဏှာ သံယောဇဉ်တွေရှိပြီး
သံသရာထဲ တ၀ဲလယ်လယ်နေကြရသူတို့အတွက်
ဘယ်တုန်းက
စခဲ့သည်ဟူ၍ပင် မမြင်နိုင်လောက်အောင်ရှည်လျားလှသည်။
“ေသယ်ထာပိ ဘိကၡေ၀ သာ ဂဒၵဳလဗေဒၶါ
ဒဠေ ခီလေ၀ါ
ထမ္ဘေ၀ါ ဥပနိဗဒ္ဓေါ၊ တမေ၀ ခီလံဝါ
ထမ ၻံ၀ါ အနုပရိဓာ၀တိ
အနုပရိ၀တၱတိ”
ရဟန်းတို့ ဥပမာဖြင့်ပြောရလျှင်
သားရေလွန်ကြိုးဖြင့်ဖွဲ့ချည်
ထားအပ်သောခွေးသည် ခိုင်မြဲသောငုတ်၊ခိုင်မြဲသောတိုင်၌
မြဲမြံစွာ
ချည်နှောင်ထားအပ်သည်ရှိသော်(ထိုခွေးသည်
နှောင်ကြိုးတည်း
ထားသည်ဖြစ်၍အဝေးသို့မသွားနိုင်ပဲ)
ထိုငုတ် ထိုတိုင်သို့သာလျှင်
လှည့်ပတ် ပြေးလွှား သွားလာနေရရာသကဲ့သို့-
ထို့အတူပင် အကြားအမြင် ဗဟုသုတ မရှိသော
ပုထုဇဉ်သည်လည်း
ရုပ်၊ ဝေဒနာ၊ သညာ ၊ သင်္ခါရ၊ ၀ိညာဏ
တို့ကို(၀ါ)ခန္ဓာငါးပါးတို့ကို
အတ္တဟူ၍ ဒိဋ္ဌိစွဲ- စွဲယူမှတ်သားထားနေအံ့။
ထိုရုပ် ၊ဝေဒနာ ၊သညာ၊
သင်္ခါရ၊ ၀ိညာဏ သို့ပင်(၀ါ)ခန္ဓာငါးပါးသို့ပင်
လှည့်ပတ် ပြေးလွှား
သွားလာရစ်ဝဲနေရာ၏။
ရစ်ဝဲနေရလျှင် ဇာတိ၊ ဇရာ မရဏ၊ သောက၊
ပရိဒေ၀၊ ဒုက္ခ ၊ ဒေါမနဿ၊
ဥပါယာသ တို့မှ မလွတ်မြောက်နိုင်၊
ထိုအရာတို့မှ မလွတ်မြောက်နိုင်သေးလျှင်
ဒုက္ခ အပေါင်းမှလည်းမလွတ်မြောက်နိုင်သေး၊
ဤသို့ ဟောတော်မူသည်။
မှတ်ချက်။ ။။ဤသုတ်တော်အရ
ဆိုလျှင် ခန္ဓာကိုတဏှာ ဒိဋ္ဌိ
တို့ဖြင့် စွဲသဖြင့် တရစ်ဝဲ၀ဲ
ဖြစ်နေရပုံကိုသိရ၏။ ဘာဖြင့် စွဲသလဲ၊
ဒိဋ္ဌိဖြင့် စွဲ၏.။ ဘာကြောင့်
စွဲသလဲ။ ငါလို့ ထင်မှတ်နေသောကြောင့်။
သို့ဖြစ်၍ ခန္ဓာက တိုင်ကြီး
တဏှာက ကြိုး၊ ဒိဋ္ဌိက လည်ပတ် ၊
စွဲလမ်းနေသူ ပုထုဇဉ်က ခွေးနှင့်
တူ၏-ဟုဆိုလိုသည်။
(ခန္ဓ၀ဂ္ဂသံယုတ် ပါဠိတော်မှာပင်
ဒုတိယ ဂဒ္ဒုလဗဒ္ဓသုတ်တွင်လည်း
ခန္ဓာငါးပါးတို့အပေါ်၌ တဏှာ
မာန ဒိဋ္ဌိတို့ဖြင့် ရှုပုံ စွဲယူပုံမျှသာ
ထူးသည်။အတူတူပင်ဖြစ်၏)
(မိုးကုတ် ဆရာတော်ဘုရားကြီး
၏ တစ်ဘ၀ သာသနာ မှ)
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment