ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Wednesday, January 13, 2016

ဝိမုတ္တိယုဂ ခေတ်


“ခေတ်” ဆိုတာ ခေတ္တ ဆိုတဲ့ ပါဠိက လာတာ။ ခေတ္တဆိုတာက
အခိုက်အတန့် အချိန်တိုကလေး ဟု အဓိပ္ပါယ်ရသည်။ အချိန်ကာလ
ရှည်ကြီးတစ်ခုကို အချိန်တို အခိုက်အတန့်ကလေး ၅-ခု၊
ခေတ်  ၅- ခေတ် ဖြင့် ပိုင်းခြား ပါသတတ်။တစ်ခေတ် တစ်ခေတ်တွင်
လည်း နှစ်ပေါင်း(၅၀၀) ရှိသည်ဆို၏။

ထိုခေတ်တို့ကား-

၁။ဝိမုတ္တိယုဂခေတ် နှစ်ပေါင်း(၅၀၀)
၂။သမာဓိယုဂခေတ် နှစ်ပေါင်း(၅၀၀)
၃။သီလယုဂခေတ် နှစ်ပေါင်း(၅၀၀)
၎။သုတယုဂခေတ် နှစ်ပေါင်း(၅၀၀)
၅။ဒါနယုဂခေတ် နှစ်ပေါင်း(၅၀၀)
                  နှစ်ပေါင်း      (၂၅၀၀)

ရှည်လျားသောအချိန်ကာလကြီးတစ်ခုကို ဤခေတ်(၅)ခေတ်
တို့ဖြင့် ပိုင်းခြား၍ လည်ပတ်နေသည်ဆို၏။ ဘုရားပွင့်ချိန်မှ စပြီး
နှစ်ပေါင်း(၅၀၀) အတွင်း ၀ိမုတ္တိယုဂခေတ်ဖြစ်သောကြောင့်
ဈာန်မဂ်ဖိုလ် တရားထူးများ ဖြိုင်ဖြိုင်ရကြသည်။

ဒုတိယ နှစ်ပေါင်း(၅၀၀) အတွင်း၌ကား သမာဓိ ယုဂခေတ်
ဖြစ်သောကြောင့် သမာဓိတည်ရုံမျှသာဖြစ်၏။ တရားထူးရမှုများ
မပါဟု ဆိုလိုဟန်တူသည်။

တတိယနှစ်ပေါင်း (၅၀၀) အတွင်း၌ သီလယုဂခေတ်ဖြစ်သောကြောင့်
သီလကိုသာ ဦးစားပေး သီလစင်ကြယ်အောင်ထိန်းကြ၍
သီလမျှသာ ရှိကြ၏ ဟု ဆိုလိုသည်။

စတုတ္ထ နှစ်ပေါင်း(၅၀၀)အတွင်း၌လည်း သုတယုဂ ခေတ်ဖြစ်
သောကြောင့် ဗဟုသုတ ကြွယ်ဝဖို့သာ ဦးစားပေးကြ၏။
ကျမ်းဂန် တတ်မြောက်ရေးအတွက်သာ အာရုံစိုက်ကြသည်။

ပဉ္စမ နှစ်ပေါင်း(၅၀၀)အတွင်း၌ ဒါန ယုဂခေတ်ဖြစ်သောကြောင့်
ဒါနပြုမှု အားသန်ကြ၏။ လှုကြ၊တန်းကြ၊ ပေးကြ၊ ကမ်းကြ၊
များ၏။ ဘုရားတည် ကျောင်းဆောက်ပေါများ၏။
ထိုမှလွန်သော် ၀ိမုတ္တိယုဂခေတ်တွင်းသို့ ပြန်လှည့်ဝင်လာသည်ဟု
ဆိုကြ၏။ သာသနာနှစ် (၂၅၀၀) ကောဇာသက္ကရာဇ်(၁၃၁၈) ခုနှစ်
က စ၍ ဤဘက်တွင် ၀ိမုတ္တိယုဂခေတ်သို့ ပြန်လည်ဆိုက်ရောက်
လာပြီ ဟု ကြွေးကြော်ကြ၏။

(ဖုဿထေရ-သံဝဏ္ဏနာ မှ)



(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)




*****တတိယမြောက်သမီးတော်*****

0 comment: