ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, January 2, 2016

အရေးကြီးတဲ့ ဒိဋ္ဌိ သုံးမျိုး


 ဒိဋ္ဌိသည် သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိ ဟူ၍(၂)မျိုးရှိ၏။
(သမ္မာ= မှန်ကန်သော၊ ဒိဋ္ဌိ=အမြင်၊ မိစ္ဆာ=မှားယွင်းသော၊
ဒိဋ္ဌိ=အမြင်) ထို -၂ -မျိုးတွင် ဤနေရာ၌ မိစ္ဆာဒိဋ္ဌိကိုဖေါ်ပြပါမည်။
မိစ ၦာဒိ႒ိ အမ်ိဳးအစား (၆၂)ပါး ရွိ၏။ ယင်း(၆၂)ပါးတို့ကိုချူံးလိုက်လျှင်
သဿတဒိဋ္ဌိ၊ဥစ္ဆေဒဒိဋ္ဌိ၊သက္ကာယဒိဋ္ဌိ ဤသုံးမျိုးတွင် အကုန်
အကျုံးဝင်သည်။(ဤနေရာတွင် သုံးမျိုးသာ ဖေါ်ပြပါမည်။)

၁။သဿတဒိဋ္ဌိ=ခိုင်သည် မြဲသည်ဟု ယူဆသော ဒိဋ္ဌိ။
၂။ဥစ္ဆေဒဒိဋ္ဌိ =ပျက်စီးပြီးလျှင် လုံးဝ ပြတ်သွားသည်ဟု ယူဆသော ဒိဋ္ဌိ။
၃။သက္ကာယ ဒိဋ္ဌိ = အစစ်အမှန်ရှိသော သက္ကာယ အပေါ်၌ အစစ်အမှန်
မရှိသော ပညတ်များတင်စား၍ထင်မှားနေသော ဒိဋ္ဌိ။

အကျယ်ချဲ့၍ ပြောပါဦးမည်။ မိမိတို့မှာ ခန္ဓာငါးပါးရှိကြ၏။
ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊သညာက္ခန္ဓာ၊သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာ
တို့ ဖြစ်ကြသည်။ ဤ ခန္ဓာငါးပါးကိုချုံးလိုက်လျှင် ရုပ်နှင့် နာမ်
နှစ်ပါးသာ ဖြစ်သွား၏။ ထို့ကြောင့် ရုပ်နာမ် နှစ်ပါး ဆိုတာနှင့်
ခန္ဓာငါးပါးဆိုတာ အတူတူပင်ဖြစ်သည်။
(၁) အချို့က ယူဆကြသတဲ့။ဤ ရုပ်နာမ် နှစ်ပါး ခန္ဓာငါးပါးကြီး
ပျက်စီးသွားလျှင် ရုပ်ခန္ဓာကြီးက ကျန်ရစ်၏။ မြေမြုပ်ရ၏။
မီးရှို့ရ၏။ ရေမျှောရ၏။ နာမ်ခန္ဓာကတော့ ထိုသို့အပြုမခံ၊
ဆိုင်ရာ ဘ၀သို့ ကူးသွားကြသည်။ အထူးအားဖြင့် ၀ိညာဏ်ဆိုတဲ့
စိတ်ကလေးက ဆိုင်ရာဘ၀သို့ ကူးပြောင်းသွားသည်ဟု
ယူဆကြသည်။ သို့ဖြစ်လျှင် ၀ိညာဏ်လေးက မသေပဲ မြဲနေသည်ဟု
အဓိပ္ပါယ်ရောက်နေသည်။ ထိုသို့ မြဲနေသည် ခိုင်နေသည်ဟု
ယူဆလျှင်သဿတဒိဋ္ဌိဖြစ်နေပြီ။(သဿတ=ခိုင်မြဲသော၊
ဒိဋ္ဌိ=အမြင်အယူအဆ)
၂။ အချို့ပုဂ္ဂိုလ်တို့ကား ရုပ်နာမ် ၂-ပါး ခန္ဓာငါးပါးကြီး ပျက်စီးသွားလျှင်
(၀ါ)သေသွားလျှင်ပြတ်ပြီ၊နောက်ထပ် အဆက်အစပ်မရှိ၊ သည်တစ်ဘဝ
မျှသာပဲ၊သစ်ရွက်ကလေးတွေ ရင့်၍ ၀ါရော်လာပြီး ကြွေကျသွားလျှင်
နောက်ထပ်ပြန်ပြီး မစိမ်းစိုတော့။ ခြောက်သွေ့ပြတ်တောက်သွား
တော့သည်။ထို့အတူ ဤပုဂ္ဂိုလ်သည်လည်း ဘယ်ဘ၀သို့မျှ ကူးပြောင်း
သွားသည်မရှိ၊သည်ဘ၀ပြီး၍ ပြတ်စဲသွားပြီ၊နောက်ထပ် အဆက်အစပ်မရှိ။
ဤသို့ယူဆ စွဲမြဲနေလျှင် ဥစ္ဆေဒဒိဋ္ဌိဖြစ်နေပြီ။(ဥစ္ဆေဒ=ပြတ်စဲသွားသော၊
ဒိဋ္ဌိ=အမြင်အယူအဆ)
၃။နောက်တစ်မျိုးကား ရုပ်နာမ် ၂ ပါး။ခန္ဓာငါးပါးကြီးသည် ပရမတ္ထအားဖြင့်
တကယ် အစစ်အမှန်ရှိ၏။ ထို့ကြောင့် အဲ့ဒီ ရုပ်နာမ် ၂ ပါး ခန္ဓာငါးပါးကို
ပါဠိလို `သက္ကာယ’ ဟုခေါ်ရသည်။
သန္တောကာယော သက္ကာယော။(သန္တော=ပရမတ္ထအားဖြင့် တကယ်အစစ်
အမှန် ထင်ရှားရှိသော၊ ကာယော=ရုပ်နာမ်အပေါင်းသည် သက္ကာယော=
ပရမတ္ထအားဖြင့် တကယ်အစစ်အမှန် ထင်ရှားရှိသော ရုပ်နာမ်အပေါင်း)
သက္ကာယေ+ဒိဋ္ဌိ=သက္ကာယဒိဋ္ဌိ(သက္ကာယေ=ပရမတ္ထအားဖြင့် တကယ်
အစစ်အမှန် ထင်ရှားရှိသော ရုပ်နာမ အပေါင်း၌၊ ဒိဋ္ဌိ=အထင်မှား အမြင်မှား
ဖြစ်နေခြင်းတည်း။ သက္ကာယ ဒိဋ္ဌိ=ပရမတ္ထအားဖြင့် တကယ်အစစ်အမှန်
ထင်ရှားရှိသော ရုပ်နာမ် အပေါင်း၌+ အထင်မှား အမြင်မှားဖြစ်နေခြင်း)

အမှန်က ရုပ်နာမ် ၂ ပါး။ခန္ဓာငါးပါးမျှသာရှိတာ။ ငါ  သူ ။ ယောက်ျား မိန်းမ။
သား သမီး ။ မြေး မြစ် ။ တူ တူမ ။စသည် မရှိပါဘူး။ မရှိဘဲလျှက် အထင်မှား
နေကြတာ။ ရှိတဲ့အပေါ်မှာ မရှိတာတွေ တင်စားပြီး ထင်မှားတာပေါ့။
အဲ့ဒါဟာ သက္ကာယဒိဋ္ဌိပဲ။ တရားအားထုတ်တဲ့သူဟာ အဲ့ဒီ ဒိဋ္ဌိတွေကို
ဦးစွာပထမ အသိဥာဏ်နဲ့(ဥာတပရိညာနဲ့)ဖယ်ရှားပါဦးတဲ့-
ပြီးမှ တရားအားထုတ်ပါတဲ့။ မဖယ်ရှားပဲနဲ့ ဒိဋ္ဌိတွေ တန်းလန်းကြီးနဲ့
အားထုတ်နေလို့ကတော့ ဘယ်နည်းနဲ့မှ မဂ်ဖိုလ် မရနိုင်ပါဘူး တဲ့။

ဒိဋ္ဌိ မဂ္ဂါဓိဂမဿ နီဝရဏံ  ဆိုတဲ့အတိုင်း ဒိဋ္ဌိအယူသည် မဂ်ရဖို့
လမ်းခရီးမှာ အဟန့်အတားပဲ။



(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)




*****တတိယမြောက်သမီးတော်*****

0 comment: