တစ်ခါတစ်လေ ဆရာတော်က ဒကာတွေအပေါ်မှာ
အားမရနိုင်
ဖြစ်ဟန်တူသည်။ အလုပ်လုပ်ပါ ကြိုးစားပါဟု
သတိပေးနေသည့်
ကြားက ဘုရားရှေ့သွားပြီး ကိုယ်လိုချင်တာတွေကိုစုံအောင်
ဆုတောင်းတတ်ကြ၏။.
ဤသို့ ပြုမူကြသည်ကိုရည်ရွယ်၍ အောက်ပါအတိုင်း
မိန့်တော်
မူတော့သည်။
“ ခင်များတို့က ဘုရားနားသွားပြီး
ရှေ့ကနေ ပိတ်ထိုင် ပီးတော့
ကျယ်လောင် ကျယ်လောင်နဲ့ ဘုရားရှိခိုးကြတယ်။
အမှန်ကတော့
ခင်ဗျားတို့ဟာက ကျက်ထားတဲ့စာကို
မေ့မှာစိုးလို့ ဘုရားရှေ့
သွားပြန်တာနဲ့ တူနေတယ်။ ဘာလိုလဲ
ဆိုတော့ ပါးစပ်ကသာ
ဆိုနေတာ စိတ်က ဘုရားဂုဏ်တော်ဆီကိုရောက်မှ
မရောက်ပဲ။
နုတ်တက်ရနေလို့သာ ဆုံးသွားတာ၊ ဒီတော့
စာပြန်တာနဲ့
တူနေတာပေါ့။ပီးတော့ ဆုတောင်းကြသေးတယ်။
ဇာတိ ဇရာ
ဗျာဓိ မရဏမှာ ပရိမုစ္စိဿာမိ..တဲ့။
ဒီလို ဘုရားရှိခိုးရတဲ့
အတွက်ပေါ့လေ။ ပဋိသန္ဓေ အိုနာသေ ဘေးမှ
လွတ်ရပါ
လို၏။ လွတ်ပါရစေတဲ့။ ဘယ် .. ဒီဆုမျိုးကို
ဘုရားက
ပေးလိမ့်မလဲ။ ပေးနိုင်တာမှ မဟုတ်ပဲ။
ဒါကို ခင်ဗျားတို့က
ဇွတ်တောင်းနေကြတယ်။ ဘုရားကို နားပူ
နားဆာ လုပ်ကြတယ်။
ရုပ်တုတော်မို့လို့သာပေါ့။ သက်တော်ထင်ရှား
ဘုရားသာဆိုလို့ရှိရင်
နားညီးတယ် ဆိုပြီး ခြေထောက်နဲ့
ဆီးပြီး ကန်ချင်စရာ။ ခင်ဗျားတို့
ဟာ တော်တော် အတောင်းအရမ်း ထူတဲ့သူတွေ။
အတောင်းအရမ်း
ထူတဲ့ လူတွေ ဆိုတာ ဘယ် အမျိုးတုံး။(သူတောင်းစားမျိုးပါ
ဘုရား)
အေး… အဲ့ဒီ အထဲက ဖြစ်နေပြီ ခင်ဗျားတို့။ ဒါမျိုးက ဆုတောင်း
ယူလို့ ရတာမဟုတ်ဘူး။ လုပ်ယူမှ ရတာ။
အဲ့ဒါ လုပ်ယူကြ။
တစာစာ တောင်းမနေကြနဲ့။ တန်ရာ တန်ကြေး
လုပ်အား
ပေးပြီး ယူကြ။
(မိုးကုတ်ဆရာတော်ဘုရားကြီး တစ်ဘဝ
သာသနာ မှ)
*****တတိယမြောက်သမီးတော်*****
0 comment:
Post a Comment