ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, January 4, 2016

ဝ မရှိပါက ၀ိ လည်း မဖြစ်နိုင်


၁။ပရမတ်မသိ၊ (၀) မရှိ၊ (၀ိ) လည်း မဖြစ်နိုင်။
၂။ဝိ မဖြစ်က၊ အနတ္တ ၊မုချ ဥာဏ်မပိုင်။
၃။ဥာဏ်မမြင်ရ၊ သံသာရ ၊ ဒုက္ခ မဆုံးနိုင်။
၎။ဒုက္ခဆုံးရန်၊ အလုပ်မှန်၊ ကျင့်ကြံ ဇွဲ ခိုင်ခိုင်။


ပရမတ်ဥာဏ်မ၀င်၍၊ သူတော်စင် မဟုတ်ကြလျှင်။
မြုပ်ရမည် စုန်းစုန်း၊ စိတ်ချတော့ ဒုန်းဒုန်း၊
သေမင်းကလဲ မြင်တိုင်းမုန်း။

နှလုံးသားက ကျွတ်ဆတ်ဆတ်၊ ဒိဋ္ဌိကိုလဲ မခွာတတ်၊ အ၀ီစိမှာ အောက်ချိုးကပ်။

ပရမတ်ကို ကြပ်ကြပ်ကြည့် ၊ ချိန်ခွင်ကြီးလို မတ်မတ်တည့်၊ အရှုခံ- အရှုဥာဏ် ထပ်ထပ်မိ။

ပရမတ်သဘောကို ကောင်းစွာ မသိလျှင် (၀)ဆိုတဲ့ ၀၀တ္ထာန=ပိုင်းခြားနိုင်မှု
မရှိ။ ဒါက ပညတ်  ဒါက ပရမတ် ဟူ၍ ပိုင်းခြားနိုင်မှု မရှိ။
ပိုင်းခြားနိုင်မှု မရှိလျှင် ၀ိ ဆိုတဲ့ ၀ိပဿနာလည်း မဖြစ်နိုင်။ ပညတ်နဲ့ ပရမတ်ကို
ပိုင်းခြားနိုင်မှု မရှိတော့ ဘယ်ဟာကို ရှုရမှန်းမသိ၊ စင်စစ် ပရမတ်ကိုရှုရမှာ။
ပညတ်ကြီးကိုရှုမိနေတဲ့အတွက် ၀ိပဿနာ မဖြစ်နိုင်တော့။

ဝိပဿနာ မဖြစ်တော့ အနတ္တဥာဏ်လည်းမရ၊ အနတ္တဥာဏ်မရတော့
သံသရာ မဆုံးနိုင်ဖြစ်ကြရတော့သည်။ သိုဖြစ်၍ ပိုမိုပြီး ကွဲကွဲပြားပြား
ဖြစ်အောင် ပညတ်ကို ခွာထားခဲ့၍ ပရမတ်သားသို့ ရောက်အောင်
ဥာဏ်ဖြင့် ထောက်လျက် ဖောက်ပြီးသိရမည်။
ပရမတ် တရားတို့၏ ဖြစ်-ပျက် ဖောက်ပြန်မှုကို မြင်အောင် ရှုရပါမည်။
ပညတ်ကို ၀ိပဿနာမရှုရ။ ပညတ်သည် ၀ိပဿနာ၏ အာရုံလည်းမဟုတ်။
ပညတ်သည် ရှိလည်း မရှိ။ မရှိသောအရာကို ရှုနေရန် မလို။
ရှိသော ပရမတ်ကိုသာ ရှုရမည် ဖြစ်၏။ ထို့ကြောင့် မရှိပဲလျှက်
ထင်စွဲနေခဲ့သော ပညတ်ကို ခွာထားခဲ့ရမည်။


(မိုးကုတ်ဆရာတော်ဘုရားကြီး ၏ တစ်ဘ၀ သာသနာ မှ)



*****တတိယမြောက်သမီးတော်*****

0 comment: