ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, January 29, 2016

အောက် - အထက် သံယောဇဉ် ဆိုတာ




သြရမ္ဘာဂိယ သံယောဇနာနိ=
အောက် သံယောဇဉ်များ  ၅ ပါး ရှိကြ၏။ အောက်သံသရာမှာ
ကျင်လည်ကြ၏။ သူတို့ကိုမဖြတ်နိုင်လျှင် အောက် ကာမ(၁၁)ဘုံ၌
ကျင်လည်နိုင်ကြသည်။ ထိုဘုံများနှင့် ဆက်သွယ်နေကြ၏။
ယင်းတို့ကား-


၁။သက္ကာယဒိဋ္ဌိ
၂။၀ိစိကိစ ၦာ
၃။သီလဗၺတပရာမာသ
၄။ကာမစ ၦႏၵ
၅။ဗျာပါဒ တို့ဖြစ်ကြသည်။
ယင်းငါးပါးတို့တွင် ရှေ့သုံးပါးကို ပယ်နိုင်ပါက သောတာပန်
ဖြစ်၏။ နောက်နှစ်ပါးကို ပယ်နိုင်ပါက အနာဂါမ်ဖြစ်၏။
အနာဂါမ်ဖြစ်လျှင် အောက်ကာမ သုဂတိဘုံများသို့ ပဋိသန္ဓေ
နေသောအားဖြင့် မလာတော့ပြီ။ အောက်သံယောဇဉ်တွေ ပြတ်
ပြီ ဟူလို။

ဥဒ္ဓံဘာဂိယ သံယောဇနာနိ=
အထက်သံယောဇဉ်များလည်း ၅ ပါးရှိ၏.။ သူတို့တွေက
အထက်သံသရာမှာ ကျင်လည်ကြသည်။ သူတို့ကိုမဖြတ်
နိုင်သေးလျှင် အထက်ဗြဟ္မာ့ဘုံများ၌ ကျင်လည်နိုင်သေး၏။
ထိုဘုံများနှင့်ဆက်သွယ်နေကြသည်။ သူတို့ကိုဖြတ်နိုင်မှ
၎ မဂ် ၄ ဖိုလ် ရ၍ ရဟန္တာဖြစ်နိုင်မည်။
ယင်းတို့ကား-
၁။ရူပ ရာဂ
၂။အရူပ ရာဂ
၃။မာန
၎။ဥဒ္ဒစ္စ
၅။အ၀ိဇ္ဇာတို့ဖြစ်ကြသည်။

အောက်သံယောဇဉ်များကို ပယ်ရှားပြီးရုံသာမက
ဤ အထက်သံယောဇဉ်များကိုလည်း အကုန် ပယ်ရှားနိုင်မှ
သံယောဇဉ်တွေ အကုန်ပြတ်သဖြင့် ရဟန္တာ အရှင်မြတ်
ဖြစ်ပေတော့မည်။




(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)





*****တတိယမြောက်သမီးတော်*****

0 comment: